Home Authors Posts by Hay Htoo

Hay Htoo

3506 POSTS 0 COMMENTS

တစ်ဖွဲ့တည်းဖြင့် ငြိမ်းချမ်း‌ရေးစကား မ‌ဆွေး‌နွေးလိုဟု KNU ‌ပြောဆို

အာက်တိုဘာလ ၃ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ) ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ‌ရွေးချယ်‌စေလွှတ်သည့် ဘာသာ‌ရေးပုဂ္ဂိုလ်များ ပါဝင်‌သော ငြိမ်းချမ်း‌ရေး ကိုယ်စားလှယ်အဖွဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ငြိမ်းချမ်း‌ရေးကိစ္စ လာ‌ရောက်‌တွေ့ဆုံ‌သော်လည်း မိမိတို့တဖွဲ့တည်းဖြင့် မ‌တွေ့ဆုံလို ‌ကြောင်း KNU က တုန့်ပြန်‌ပြောဆိုလိုက်သည်။ KNU ဒုဥက္ကဌ ‌စော‌ဒေးဗစ်သက‌ဘောက “ပြည်နယ်အဆင့်က သူတို့ ဘာအာဏာမှ...

KNU, KIA အဖွဲ့များ၏ ဖွံ့ဖြိုး‌ရေးစီမံကိန်းအ‌ပေါ် တားမြစ်‌နေမှုများကို LDB မှ ‌ထောက်ခံ

စက်တင်ဘာလ ၂၉ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ) ထားဝယ်-ကန်ချနဘူရီ အ‌ဝေး‌ပြေး လမ်းမ ‌ဆောက်လုပ်‌ရေး ရပ်ဆိုင်းရန် တားမြစ်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် ဧရာဝတီမြစ်ဆုံ‌ရေကာတာ တည်‌ဆောက်‌ရေး စီမံကိန်းအား ကန့်ကွက်ခဲ့သည့် ကချင်ပြည်လွတ်လပ်‌ရေးအဖွဲ့(KIO)တို့၏ ‌ဆောင်ရွက်မှုများကို ‌ထောက်ခံ‌ကြောင်း ဂျပန်နိုင်ငံအ‌ခြေစိုက် မြန်မာ့ဒီမိုက‌ရေစီအဖွဲ့ချုပ်(LDB)မှ ယမန်‌နေ့က ‌ကြေညာချက် နှစ်‌စောင်...

မယ်လဒုက္ခသည် ၁၈ဦး ဂျပန်နိုင်ငံ၊ တိုကျိုသို့ ယ‌နေ့‌ရောက်ရှိ

စက်တင်ဘာလ ၂၉ရက်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ) ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းမှ ကရင်ဒုက္ခသည် ၁၈ဦးသည် ယ‌နေ့ည‌နေပိုင်းအချိန်တွင် ဂျပန်နိုင်ငံ၊ တိုကျို မြို့သို့ ဒုတိယအသုတ်အဖြစ် ‌လေ‌ကြောင်းခရီးဖြင့် ‌ရောက်ရှိလာသည်ဟု သိရသည်။ မယ်လဒုက္ခသည်စခန်းတွင် မိသားစု ၆စုမှ လူဦး‌ရေ‌ပေါင်း ၂၆ဦး ဂျပန်နိုင်ငံသို့ ထွက်ခွာမည်ဟု သတ်မှတ်ထား‌သော်လည်း ‌လော‌လောဆယ်...

တပြည်လုံးအတိုင်းအတာဖြင့် အပစ်ရပ်ရန် WLB တိုက်တွန်း

စက်တင်ဘာလ ၂၉ရက်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ) ကချင်‌ဒေသတွင် လတ်တ‌လော ဖြစ်ပွား‌နေ‌သော အစိုးရစစ်တပ်၏ ထိုးစစ်ဆင်မှုအ‌ပေါ် ကန့်ကွက်ရှုတ်ချကာ ဦးသိန်းစိန် အစိုး ရအား တပြည်လုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲ‌ရေးလုပ်‌ဆောင်ရန် အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ(WLB)မှ စက် တင်ဘာလ ၂၈ရက်‌နေ့က ‌ကြေညာချက်ထုတ်ကာ တိုက်တွန်းလိုက်သည်။ ထို‌ကြေညာချက်တွင် ကချင်လွတ်‌မြောက်‌ရေးအဖွဲ့(KIA)နှင့် မြန်မာအစိုးရတပ်တို့ကြား...

ချစ်သူချည်တဲ့ကြိုး

လကင်္ာဒီပ ကရင်‌တွေဟာ... လူကိုလူလို ဆက်ဆံမှုထား လူသားစိတ်နဲ့လူ‌တွေမို့‌လေ လူလို‌နေရာ‌ပေး ‌နွေး‌ထွေးပျူငှာတဲ့ အချင်းအရာ မိတ္ထီလာကန်မှာ‌လေ တို့မျက်ရည်‌တွေ မ‌ခြောက်‌သေးဘူး။ ဒီလိုပါပဲ ကရင်‌တွေဟာ... တ‌ခေတ်ပြီးတ‌ခေတ် လူသားကျင့်ဝတ်မပျက်ခဲ့ ရိုးသားတဲ့ သ‌န္ဓေမျိုးနွယ်များ ‌နောက်‌ကျောဓါးထိုးခံရလည်း အစွဲအမှတ်သညှာ မထားပါ‌ပေါ့လား။ ပင်လုံကို ရင်ခုန်ဖို့များ တိုင်းရင်းသား‌တွေကို နားလှည့်ပါးရိုက်လုပ်‌နေတာ ဧရာဝတီမြစ်တစ်ခွင် သံလွင်မြစ်ရိုးတစ်‌လျှောက် ‌ဗျောက်သံ ယမ်းသံ ပလူပျံ စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေးလိုလို ဒီမိုက‌ရေစီရည်ရွယ် ဖက်ဒရယ်လို ‌ပြောလို‌ပြော‌နေ စကား‌တွေက တ‌ဖောင်‌ဖောင် ဟို‌ယောင်‌ယောင် ဒီ‌ယောင်‌ယောင် မျက်လှည့်ပြ မနက်နဲ့ည ‌ပြောင်းပြန်‌ရေးတဲ့သူ။ လိမ်လုံးလိမ်ကွက် ညာလုံးညာကွက် အရှက်တစ်ပြားသားမှမရှိ ဒီငတိ‌တွေကိုမှ အမိအဖလို့ သတ်မှတ်‌နေရင်ဖြင့် ‌နေရစ်‌ပေအုံး ‌ဖောက်ပြန်‌ရေးသမားတို့‌ရေ အ‌ခြေအ‌နေတစ်ခုမှာ ကရင်ဟာ ကရင်လို့ မသိတဲ့‌နောက် ‌ထောက်ထားမှာမဟုတ်ဘူးဆိုတာ ‌ပြောချင်ပါရဲ့။ ‌ဘေး‌ပြောစကား အယုံလွယ်ရင်ဖြင့် ‌ရွှေသမင် အလိုက်မှားခဲ့ရတာလည်း နည်းတဲ့အကြိမ်‌တွေ...

အပစ်ရပ်‌ရေးနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး ကို မွန်အမျိုးသားဒီမိုက‌ရေစီအဖွဲ့မှ လိုလား

စက်တင်ဘာလ ၂၈ရက်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ) မြန်မာနိုင်ငံ၏ တိုင်းရင်းသား‌ဒေသများရှိ ထိုးစစ်များ အမြန်ဆုံးရပ်ရန်နှင့် ‌တွေ့ဆုံ‌ဆွေး‌နွေး အ‌ဖြေရှာမှုများ ပြုလုပ်ရန် မွန်အမျိုး သားဒီမိုက‌ရေစီအဖွဲ့(လွတ်‌မြောက်နယ်‌မြေ) MNDF(LA)မှ လိုလား‌ကြောင်း ယ‌နေ့ကျ‌ရောက်သည့် ၎င်းအဖွဲ့ ဖွဲ့စည်းတည် ‌ထောင်ခြင်း ၃နှစ်ပြည့် အထိမ်းအမှတ်‌နေ့တွင် ‌ကြေညာချက် ထုတ်ပြန်‌တောင်းဆိုလိုက်သည်။ MNDF (LA) ၏...

ကျိုးကျခဲ့သည့် မယ်ရာမို ကြိုးတံ တား ပြန်လည်တည်‌ဆောက် ပြီးစီး

စက်တင်ဘာလ ၁၇ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ) ထိုင်းနိုင်ငံ- မယ်‌ဟောင်‌ဆောင်ခရိုင်၊ မဲ့စရင်းမြို့နယ်ရှိ မယ်ရာမိုဒုက္ခသည်စခန်းကို ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းက မှိုင်းလုံး ကြီး‌ချောင်း‌ရေ နစ်မြုပ်ခဲ့သည့်အတွက် စခန်းအတွင်းရှိ ကြိုးတံတားကျိုးသွားခဲ့ပြီး ယခုအချိန်တင် ပြန်လည်ပြုပြင် ‌ဆောက်လုပ် ပြီးစီးသွားပြီ ဖြစ်‌ကြောင်း သိရသည်။ အဆိုပါတံတားကို ဩဂုတ်လ ၁၇ရက်‌နေ့မှ စတင်ကာ ပြုပြင်တည်‌ဆောက်ခဲ့ခြင်းဖြစ်ပြီး...

‌ကေအဲန်ယူမိုင်းနင်းမိ၍ အရပ်သားတစ်ဦး ‌သေဆုံးဟု အစိုးရသတင်းထုတ်ပြန်

စက်တင်ဘာလ ၂၇ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ) ပဲခူးတိုင်း‌ဒေသကြီး၊ ‌ရွှေကျင်မြို့နယ်၊ ဝါး‌တောကြီးရွာသား‌ကျေးရွာသားတစ်ဦးသည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ရက်‌နေ့က ‌ကေအဲန်ယူတပ်ဖွဲ့ဝင်များ ‌ထောင်ထား‌သော မိုင်းတစ်လုံး တက်နင်းမိ၍ ပွဲချင်းပြီး ‌သေဆုံးခဲ့သည်ဟု ယမန်‌နေ့ထုတ် အစိုးရပိုင် ‌ကြေးမုံသတင်းစာတွင် ပါရှိသည်။ အစိုးရပိုင် ‌ကြေးမုံသတင်းစာ‌ဖော်ပြချက်အရ ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ရက်‌နေ့ ည‌နေ...

ရန်ကုန်တွင် လူထု ၂၀၀‌ကျော် ဆန္ဒပြ

စက်တင်ဘာလ ၂၆ရက်။ ‌စောခါးစူး (‌ကေအိုင်စီ) ရန်ကုန်မြို့ ‌မြောက်ဒဂုံ ၅ဝရပ်ကွက် မ‌ကွေး‌ကျောင်းတိုက်ဘက်မှ လူထု ၂၀ဝခန့်သည် ယ‌နေ့ ‌နေ့လည် ၁၁နာရီက နိုင်ငံ‌ရေး အကျဉ်းသား လွှတ်‌ပေး‌ရေး စာတမ်းပါ အဝါ‌ရောင် တီရှပ်အကျင်္ီများ ဝတ်ဆင်၍ ရန်ကုန်မြို့လယ်သို့ ချီတက်ဆန္ဒပြကြသည်။ အလားတူ ရန်ကုန်မြို့လယ်‌ခေါင် ဆူး‌လေ‌စေတီအနီးတွင်လည်း...

‌ကေအိုင်အို တပ်မဟာ ၄ ကို အစိုးရတပ် ပြင်းထန်စွာ ထိုးစစ်ဆင်‌နေ

စက်တင်ဘာလ ၂၆ရက်။ (‌ကေအိုင်စီ) ရှမ်းပြည်‌မြောက်ပိုင်းတွင် လှုပ်ရှား‌နေသည့် ‌ကေအိုင်အို တပ်မဟာ(၄) လက်‌အောက်ခံ တပ်ရင်းများကို အစိုးရတပ်တို့က ပြင်းထန် စွာ ထိုးစစ်ဆင်‌နေသည်ဟု ကချင်လွတ်‌မြောက်‌ရေးအဖွဲ့(KIO)က ‌ပြောသည်။ အစိုးရတပ်က အင်အားအလုံးအရင်းဖြင့် စက်တင်ဘာလ ၂၄ရက်‌နေ့ကစပြီး ‌ကေအိုင်‌အေ တပ်မဟာ(၄) လှုပ်ရှားရာ နယ်‌မြေ‌ဒေသ အားလုံးတွင် တိုက်ပွဲများ စတင်...
Donate