Hay Htoo
ဒုက္ခသည်များကို ကုလနှင့် နိုင်ငံတကာမှ ဆောင်ရွက်ပေးရန် KNU တိုက်တွန်း
နိုဝင်ဘာလ ၁ရက်။ နန်းသူးလေ (ကေအိုင်စီ)
တိုင်းရင်းသားဒေသအတွင်း အစိုးရ၏ ထိုးစစ်ဆင် တိုက်ခိုက်နေမှုများကို ရပ်စဲပေးရန်နှင့် စစ်ပွဲများကြောင့် ဒုက္ခရောက်နေသူ များကို ကမ္ဘာ့ကုလသမဂ္ဂနှင့် ဒီမိုကရေစီနိုင်ငံများမှ အရေးယူဆောင်ရွက်မှုများပြုလုပ်ရန် ကရင်အမျိုးသားအစည်းအရုံး-KNU က ယမန်နေ့က တိုက်တွန်းလိုက်သည်။
လက်ရှိ ကချင်နှင့် ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် ဒေသခံလူထုများသည် အစိုးရတပ်များ၏...
စစ်တပ်၏ ပစ်ခတ်မှုကြောင့် ရွာသူရွာသားများ ထွက်ပြေး တိမ်းရှောင်နေရ
နိုဝင်ဘာလ ၁ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ သံတောင်မြို့နယ် သောက်ရေခပ်ချောင်း အရှေ့ဘက်ခြမ်းရှိ ခေါသခေါရွာကို မြန်မာအစိုးရတပ်က လက်နက် ကြီးငယ်ဖြင့် ပစ်ခတ်ခဲ့၍ ရွာသူရွာသားများက အိမ်ကိုစွန့်ပြီး လွတ်မြောက်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်ဟု ဌာနေမဲ့ ပြည်တွင်းကရင်ဒုက္ခသည်များဆိုင်ရာ ကော်မတီ (CIDKP) က ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ရက်နေ့က...
အပစ်ရပ်ရေးအတွက် အစိုးရအဖွဲ့နှင့် ဒီကေဘီအေ တွေ့ဆုံခဲ့
အောက်တိုဘာလ ၃၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ)သည် အစိုးရအဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေးအတွက် ကရင်ပြည်နယ် ဘားအံမြို့ရှိ ပြည်နယ်ဝန်ကြီးရုံးတွင် ပြီးခဲ့သည့်အပတ်က တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။
ဒီကေဘီအေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်မိုရှေး ဦးဆောင်သောအဖွဲ့နှင့် အစိုးရဘက်က တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ ဥက္ကဌ ဦးသိန်းဇော် ဦးဆောင်သည့်အဖွဲ့တို့သည်...
ဥက္ကဌကို ဖြုတ်ရန် ဖလုံ-စဝေါ်ပါတီ အရေးပေါ် အစည်းအဝေးပြုလုပ်
အောက်တိုဘာလ ၃၁ရက်။ စောခါးစူးညား (ကေအိုင်စီ)
ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ-PSDP ၏ လက်ရှိ ဥက္ကဌ စောသန်းကျော်ဦးကို ပါတီစည်းကမ်း ဖောက်ဖျက်မှုဟူ၍ ပါတီအဖွဲ့ ဝင်များက ဖြုတ်ချရန် ကြိုးပမ်းသည့်အနေဖြင့် ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ဖလုံ-စဝေါ်ပါတီရုံးတွင် ယနေ့မနက်က အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့သည်။
ဖလုံ-စဝေါ်ပါတီအဖွဲ့ဝင်တဦးသည် ပုဂ္ဂိုလ်ရေး အကျိုးစီးပွားလုပ်ခွင့်...
အထာ
လကင်္ာဒီပ
တိုင်းရင်းသားတို့ရေ......
“ဒီတခါအလိမ်ခံရရင်သာ
မြန်မာအဆိုးမဆိုနဲ့”တဲ့။
ကဲ ကြည့်လိုက်ကြပါဦးလေ
မုသားတွေ ကြိမ်ကြိမ်သုံးကာ
လိမ်ညာလှည့်စားခဲ့တာအမှန်
ခု လက္ခံ ဖွင့်ဟကြကုန်ပြီဟေ့။
ခြေမကိုင်မိ လက်မကိုင်မိ
လူသိတော့မှ ဟန်လုပ်ပြုံးရောင်သန်း
ကမန်းကတန်း ဂယောင်ခြောက်ခြား
ထောင်တံခါးလေး မစို့မပို့ဖွင့်
လွတ်ငြိမ်းခွင့် ငါးစာချ
နိုင်ငံတကာက ပေးလာမယ့် အခွင့်အရေး
လက်မနှေးချင်တဲ့ ထိပ်ပြောင်
ထောင်မြင် ရာစွန့်တဲ့ စစ်တုရင်ကွက်လေး သူရွှေ့။
စစ်အရူး စစ်ဘီလူး
ကာမကြူး လောဘကြူးဆုံး
တသက်လုံးလည်း မဖြောင့်
ခွေးမြီးကောက်တွေကိုမှ
ကျည်တောက်စွပ် တည့်မတ်ချင်သူတွေလည်း
တွေဝေဆဲ စမ်းတဝါးဝါး
လမ်းအမှားမှာ ငေးငေးငူငူ
“နင်သာလူမိုက်...
ကျိုးကျခဲ့သည့် နှစ်ရှည်တံတားအစား ယာယီတံတားကို ဖြတ်သန်းခပေး၍ လှိုင်းဘွဲဒေသခံများ သွားလာနေရ
အောက်တိုဘာလ ၂၉ရက်။ နန်းသူးလေ (ကေအိုင်စီ)
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အဝင်နားရှိ နှစ်ရှည် သံတံတားမှာ ယခုလ ၂၅ရက်နေ့က ကျိုးကျသွားခဲ့ပြီးနောက် လှိုင်းဘွဲဒေ သခံ ရပ်မိရပ်ဖများ ဦးဆောင်ကာ ယာယီ ဆောက်လုပ်ထားသည့် တံတားငယ်များကို ဒေသခံများက ဖြတ်သန်းခပေး၍ သွား လာနေရသည်ဟု သိရသည်။
လှိုင်းဘွဲမြို့ရှိ ရပ်မိရပ်ဖများက ကျိုးကျသွားသည့်...
အစိုးရစစ်တပ်မှ မီးသွေးဖိုများ ဖျက်ဆီး၍ ပလောင်ရွာသားများ စားဝတ်နေရေး ခက်ခဲနိုင်
အောက်တိုဘာလ ၂၈ရက်။ နော်ဆဲကလယ် (ကေအိုင်စီ)
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အနောက်ဘက်ပိုင်းရှိ ဒွန့်ပုတ်(Dun Puk)ရွာတွင် မန်ဒတ်(Man Tat)အခြေစိုက် မြန် မာအစိုးရတပ်က ရွာသားများပိုင်ဆိုင်သည့် မီးသွေးဖိုများကို ဝင်ရောက်ဖျက်ဆီးခဲ့သဖြင့် စားဝတ်နေရေးအတွက် ပူပန်နေရ ကြောင်း ဒေသခံများက ပြောသည်။
ယခုလ ၂၄ရက်နေ့က မြန်မာအစိုးရတပ် ခြေမြန်တပ်ရင်း(ခမရ-၁၄၄) မှ...
စည်ပင်အဖွဲ့၏ အခွန်ကောက်ခံမှုကြောင့် ဈေးသည်များ ဒုက္ခရောက်
အောက်တိုဘာလ ၂၈ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ရှိ ဈေးသည်များမှာ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံ လစဉ် အခွန်ကြေး မြင့်မားစွာ ပေးဆောင်နေရသဖြင့် စားဝတ်နေရေး အခက်အခဲများနှင့် ကြုံနေရသည်ဟု မြို့ခံများက ပြောဆိုနေကြသည်။
၎င်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကြာအင်းဆိပ်ကြီးမြို့တွင်းရှိ သိပ္ပံလမ်းနှင့် ဗိုလ်ချုပ်လမ်းကြားရှိ ဇမိရတနာမြို့မဈေးမှ ဈေးဆိုင်ခန်းများအား ပထမတန်းနှင့် ဒုတိယတန်းခွဲ၍...
အလစ်ဝင်ရောက် ပစ်ခတ်မှုကြောင့် အစိုးရတပ်ဖွဲ့ဝင် ၃ဦး ကျဆုံး
အောက်တိုဘာလ ၂၇ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
မြဝတီမြို့တောင်ပိုင်းရှိ ဝေါ်လေဒေသ ဘုရင့်နောင်ကုန်းတွင် အခြေချလှုပ်ရှားသည့် အစိုးရစစ်တပ်အား ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်(KNLA)တို့က ယနေ့နံနက်တွင် သွားရောက် ပစ်ခတ်ခဲ့ရာ ၃ဦး သေဆုံးခဲ့သည်ဟု KNLA ဘက်က ပြော သည်။
KNLA (၂၀၁) တပ်မှူးတစ်ဦးက “ဒီမနက် ၇နာရီကျော် ဘုရင့်နောင်ကုန်းစခန်းမှာရှိတဲ့...
ကျူရှင်မယူသူ အဝေးသင်များ တက္ကသိုလ်စာမေးပွဲအောင်ရန် ခက်ခဲ
အာက်တိုဘာလ ၂၆ရက်။ နော်ဆဲကလယ် (ကေအိုင်စီ)
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်(တာဝ)တွင် အောက်တိုဘာလ ၂၇ရက်နေ့၌ စာမေးပွဲ ဖြေဆိုမည့် အဝေးသင်ကျောင်းသားများမှာ ဆရာများထံမှ ကျူရှင်မယူနိုင်ပါက စာမေးပွဲအောင်ရန် အခက်အခဲရှိသည်ဟု ကျောင်းသူကျောင်းသားများက ပြောဆိုနေကြ သည်။
ဒုတိယနှစ် အဂင်္လိပ်စာမေဂျာ ကျောင်းသားတစ်ဦးက “အဝေးသင်တက်ရင် ကျူရှင်ယူရတယ်။ ယူတဲ့သူတွေကို ခုံနံပါတ်ပါ တောင်းတယ်။ ကျူရှင်တက်တဲ့သူတွေကို...





