လကင်္ာဒီပ
တိုင်းရင်းသားတို့ရေ……
“ဒီတခါအလိမ်ခံရရင်သာ
မြန်မာအဆိုးမဆိုနဲ့”တဲ့။
ကဲ ကြည့်လိုက်ကြပါဦးလေ
မုသားတွေ ကြိမ်ကြိမ်သုံးကာ
လိမ်ညာလှည့်စားခဲ့တာအမှန်
ခု လက္ခံ ဖွင့်ဟကြကုန်ပြီဟေ့။
ခြေမကိုင်မိ လက်မကိုင်မိ
လူသိတော့မှ ဟန်လုပ်ပြုံးရောင်သန်း
ကမန်းကတန်း ဂယောင်ခြောက်ခြား
ထောင်တံခါးလေး မစို့မပို့ဖွင့်
လွတ်ငြိမ်းခွင့် ငါးစာချ
နိုင်ငံတကာက ပေးလာမယ့် အခွင့်အရေး
လက်မနှေးချင်တဲ့ ထိပ်ပြောင်
ထောင်မြင် ရာစွန့်တဲ့ စစ်တုရင်ကွက်လေး သူရွှေ့။
စစ်အရူး စစ်ဘီလူး
ကာမကြူး လောဘကြူးဆုံး
တသက်လုံးလည်း မဖြောင့်
ခွေးမြီးကောက်တွေကိုမှ
ကျည်တောက်စွပ် တည့်မတ်ချင်သူတွေလည်း
တွေဝေဆဲ စမ်းတဝါးဝါး
လမ်းအမှားမှာ ငေးငေးငူငူ
“နင်သာလူမိုက် ဒုစရိုက်”မဖြစ်စေချင်ပါ။
သူ့အလုပ်တွေ သူလုပ်နေချိန်မှာ
ငါတို့ဟာလည်း ငါတို့အလုပ်ကို
အထာကျကျလုပ်နေရမယ်
ဒီမယ် ညီအစ်ကိုတို့ရေ………
ရွှေသွားလေးဖြဲပြတာ
ညှာတာဖို့ မဟုတ်သလို
ညိုနွဲ့အိပျောင်းလာတာလည်း မဟုတ်ဘူး။
လစ်ဗျားအရေးမှာ
နေတိုးဟာ ကုဒ်တခုဖြစ်ခဲ့တယ်ဆိုရင်တောင်
တို့ညီနောင်အရေးမှာ
နင်နဲ့ငါသာ ညီညွှတ်ဖို့လိုတယ်
ဘယ်သူ့အကူ ဘယ်သူ့ကုဒ်မှမယူ
ပြိုင်တူတွန်းလျှင် ရွေ့မှာအမှန်ဖြစ်တယ်။
မြစ်တခွင်ကောက်ကို သင်ခဲ့ရပါရဲ့
သစ်တပင်ကောက်ကို မြင်ခဲ့ရပါရဲ့
စစ်ဘုရင်ကောက်ကို နင် မမြင်တတ်လေ
ရေလာမြောင်းပေး ငါးစာကျွေးကို
ပြေးဝင်ကာ ချော်လဲရောမထိုင်လိုက်ပါနဲ့
စစ်တို့ရဲ့မာယာ မင်းရေးက ကြွယ်လွန်းလှပါဘိ
ကတိမမှန် သမိုင်းမမှန်
နံဂိုင်းကန်မဲ့သူတွေမို့
လှိုုင်းဆန် ရေဆန် ချေမှုန်းခြင်းသာ
ထာဝရ လွတ်မြောက်ရာလမ်းပင်တည်း။ ။
အောက်တိုဘာ ၃၀၊ ၂၀၁၁