Home သတင်း ဒုက္ခသည်များကို ကုလနှင့် နိုင်ငံတကာမှ ‌ဆောင်ရွက်‌ပေးရန် KNU တိုက်တွန်း

ဒုက္ခသည်များကို ကုလနှင့် နိုင်ငံတကာမှ ‌ဆောင်ရွက်‌ပေးရန် KNU တိုက်တွန်း

1542
နိုဝင်ဘာလ ၁ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

တိုင်းရင်းသား‌ဒေသအတွင်း အစိုးရ၏ ထိုးစစ်ဆင် တိုက်ခိုက်‌နေမှုများကို ရပ်စဲ‌ပေးရန်နှင့် စစ်ပွဲများ‌ကြောင့် ဒုက္ခ‌ရောက်‌နေသူ များကို ကမ္ဘာ့ကုလသမဂ္ဂနှင့် ဒီမိုက‌ရေစီနိုင်ငံများမှ အ‌ရေးယူ‌ဆောင်ရွက်မှုများပြုလုပ်ရန် ကရင်အမျိုးသားအစည်းအရုံး-KNU က ယမန်‌နေ့က တိုက်တွန်းလိုက်သည်။

လက်ရှိ ကချင်နှင့် ရှမ်းပြည်နယ်အတွင်း ဖြစ်ပွား‌နေသည့် တိုက်ပွဲများတွင် ‌ဒေသခံလူထုများသည် အစိုးရတပ်များ၏ လူ့အခွင့် အ‌ရေးချိုး‌ဖောက်မှုများ ခံ‌နေရသည့်အပြင် ထိုနယ်‌မြေများရှိ ဒုက္ခ‌ရောက်သူများအား လူသားချင်းဆိုင်ရာ စာနာ‌ထောက်ထားမှု၊ ကယ်ဆယ်‌ရေးအကူအညီများ ငြင်းပယ်ခံရမှုများကို အစိုးရက လက်ခံလာရန် နိုင်ငံတကာမှ တိုက်တွန်း‌ပေးသင့်‌ကြောင်းကို KNU အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌နော်စီဖိုးရာစိန်က ‌ပြောသည်။

၎င်းက “ကချင်နဲ့ သျှမ်းမှာ အစိုးရရဲ့ ထိုးစစ်ဆင်မှုခံ‌နေရတဲ့အချိန်မှာ ပြည်သူ‌တွေဟာ ခုထိ နိုင်ငံတကာရဲ့ လူမှု‌ရေးစာနာမှုအ ‌ထောက်အပံ့ မရကြသလို သူတို့အတွက် ဘဝလုံခြုံ‌ရေးလည်း မရှိဘူး။ ဒါကို နိုင်ငံတကာကလည်း နည်းလမ်း‌တွေရှာပြီး ကူညီ ‌ထောက်ပံ့‌ပေးဖို့ လိုပါတယ်။ ကူညီပံ့ပိုးမှု ‌ပေးလာမယ်ဆိုရင်လည်း အစိုးရဘက်က လမ်းဖွင့်‌ပေး‌စေချင်တယ်။”ဟု ‌ပြောသည်။

အစိုးရ၏ ထိုးစစ်ဆင်ရာ ကချင်နှင့်ရှမ်း‌ဒေသတွင် စစ်‌ပြေးဒုက္ခသည်အဖြစ် လူထု ၂‌သောင်းထက်မနည်း လွတ်‌မြောက်ရာ‌နေရာ သို့ ထွက်‌ပြေးပုန်း‌ရှောင်‌နေရသည်ဟု KNU က ‌ကြေညာချက်ထုတ်ပြန်ထားသည်။

ထိုးစစ်ဆင်မှု ပြင်းထန်လာသည်နှင့် အစိုးရက ‌ဒေသခံလူထုများ၏ အသက်‌မွေးလုပ်ငန်းများကို ဖျက်ဆီးခြင်း၊ အဓမ္မ‌စေခိုင်း ခြင်း၊ လုယက်ခြင်း၊ အမျိုးသမီး အဓမ္မပြုကျင့်ခြင်းနှင့် က‌လေးများအား လူသားဒိုင်းအဖြစ် ‌ရှေ့တန်းတွင် အသုံးပြုခြင်း၊ မတရား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ စသဖြင့် ယခင်အတိုင်း ဆက်လက် လုပ်‌ဆောင်‌နေခြင်းသည် လူသားများအ‌ပေါ် ဆန့်ကျင် သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခြင်းဖြစ်သည်ဟု ထို‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

ထို့အပြင် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲအပြီး အစိုးရသစ် တက်လာပြီး‌နောက် ကရင်ပြည်နယ်အတွင်း၌ အလားတူ လူ့အခွင့်အ‌ရေး ချိုး ‌ဖောက်မှုများ ဆက်ရှိ‌နေပြီး KNU ‌ဒေသများ၌ ယခင်ကအတိုင်း အစိုးရစစ်တပ်များ မရုပ်သိမ်းဘဲ ရှိ‌နေသည်ဟုလည်း ပါရှိသည်။

ယခုနှစ် ဇူလိုင်လတွင် ညီညွှတ်‌သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်‌ကောင်စီ (UNFC)မှ သမ္မတ ဦးသိန်းစိန် အစိုးရထံ ငြိမ်း ချမ်း‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးရန် တိုက်တွန်းစာ‌ရေးသား‌ပေးပို့ခဲ့‌သော်လည်း တုံ့ပြန်မှု မရရှိသည့်အပြင် ကချင်နှင့် သျှမ်း‌ဒေသတွင် ထိုးစစ်ဆင်တိုက်ခိုက်မှုမျာပိုများလာသည်ဟုလည်း KUN ‌ကြေညာချက်က ‌ထောက်ပြထားသည်။

သမ္မတ ဦးသိန်းစိန်အစိုးရအ‌နေဖြင့် နိုင်ငံ‌ရေးပြဿနာများကို ‌ဖြေရှင်းလိုပါက တိုင်းရင်းသားပူး‌ပေါင်းအဖွဲ့နှင့်သာ ‌တွေဆုံ‌စေလို ‌ကြောင်းကို ‌နော်စီဖိုးရာစိန်က “နိုင်ငံ‌ရေးပြဿနာကို ‌ဖြေရှင်းမယ်ဆိုရင် အားလုံးပါဝင်တဲ့ တိုင်းရင်းသားအဖွဲ့အစည်းနဲ့ တစု တစည်း‌ပြောဆို‌ဆွေး‌နွေး‌စေချင်တယ်။ တစုတစည်းတည်း မဟုတ်ပဲ တဖွဲ့ချင်းစီ ‌ဆွေး‌နွေးသွားမယ်ဆိုရင်‌တော့ မ‌အောင်မြင်နိုင် ဘူး။ အခုဖြစ်‌နေတဲ့ ပြဿနာ‌တွေက တဖွဲ့ချင်းစီရဲ့ပြဿနာ မဟုတ်လို့ပဲ။”ဟု ‌ပြောဆိုသည်။

မြန်မာအစိုးရသစ် လက်ထက်တွင် KNU သည် စက်တင်ဘာ ၂၂ရက်‌နေ့တွင် ကရင်ပြည်နယ်အစိုးရ လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေး ရာဝန်ကြီး ဗိုလ်မှူးကြီး‌အောင်လွင်နှင့်တကြိမ်၊ စက်တင်ဘာလထဲတွင် ဗဟို၏ ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးစာဖြင့် ဖိတ်ကြားမှုကို စာ ဖြင့် ပြန်ကြားမှုတကြိမ်၊ ‌အောက်တိုဘာလဆန်းပိုင်းတွင် ရထားပို့‌ဆောင်‌ရေးဝန်ကြီး ဦး‌အောင်မင်း၊ ဗိုလ်ချုပ်(ငြိမ်း)ချစ်သန်းနှင့် တကြိမ် စုစု‌ပေါင်း ၃ကြိမ် ‌တွေ ့ဆုံခဲ့ပြီး ဖြစ်သည်။