Home ထိပ်တန်းသတင်း အစိုးရစစ်တပ်မှ မီး‌သွေးဖိုများ ဖျက်ဆီး၍ ပ‌လောင်ရွာသားများ စားဝတ်‌နေ‌ရေး ခက်ခဲနိုင်

အစိုးရစစ်တပ်မှ မီး‌သွေးဖိုများ ဖျက်ဆီး၍ ပ‌လောင်ရွာသားများ စားဝတ်‌နေ‌ရေး ခက်ခဲနိုင်

2083
‌အောက်တိုဘာလ ၂၈ရက်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

သျှမ်းပြည်‌မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အ‌နောက်ဘက်ပိုင်းရှိ ဒွန့်ပုတ်(Dun Puk)ရွာတွင် မန်ဒတ်(Man Tat)အ‌ခြေစိုက် မြန် မာအစိုးရတပ်က ရွာသားများပိုင်ဆိုင်သည့် မီး‌သွေးဖိုများကို ဝင်‌ရောက်ဖျက်ဆီးခဲ့သဖြင့် စားဝတ်‌နေ‌ရေးအတွက် ပူပန်‌နေရ ‌ကြောင်း ‌ဒေသခံများက ‌ပြောသည်။

ယခုလ ၂၄ရက်‌နေ့က မြန်မာအစိုးရတပ် ‌ခြေမြန်တပ်ရင်း(ခမရ-၁၄၄) မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး‌ကျော်သူလှိုင်၏ လက်‌အောက် ခံတပ်သားများက အဆိုပါ ရွာသူရွာသားများ၏ မီး‌သွေးဖိုများကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်သက်‌သေ ‌ဒေသခံတစ် ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ဒီမှာက အဓိက စီးပွား‌ရေးဟာ မီး‌သွေးဖုတ်တဲ့လုပ်ငန်း ဖြစ်တယ်။ အစိုးရစစ်သား‌တွေဟာ မီး‌သွေးမဖြစ်‌သေးတဲ့ ဖို ‌တွေကိုလည်း ဖွင့်လှန်ခဲ့‌တော့ မီး‌သွေးမဖြစ်ဘဲ ပြာအဖြစ် ပျက်စီးသွားလို့ ဘာဆက်လုပ်ရမလဲ မသိ‌တော့ဘူး။”ဟု ‌ကေအိုင် စီသို့ ‌ပြောသည်။

ပ‌လောင်လူမျိုးများ ‌နေထိုင်ကြသည့် ဒွန့်ပုတ်‌ကျေးရွာသည် ယခင်က လက်ဖက်စိုက်ကြ‌သော်လည်း လက်ဖက်‌ဈေးကျလာ ပြီး‌နောက်ပိုင်း မီး‌သွေးဖုတ်ကြရခြင်းဖြစ်သည်။ ထို့အပြင် အဆိုပါရွာရှိ အမျိုးသားများသည် ဘိန်းစွဲသူများသဖြင့် အမျိုးသမီး ကသာ အိမ်‌ထောင်ကို ဦးစီးကွပ်ကဲရသူများသည်ဟု ၎င်းက ဆက်လက် ‌ပြောဆိုသည်။

ထို‌ဒေသတွင် မီး‌သွေး‌ဈေးမှာ တစ်ပိသာလျှင် မြန်မာ‌ငွေ ၂၀ဝကျပ်သာရှိပြီး ဆန်‌ဈေးနှုန်းမှာ ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၂၀,၀၀ဝနီးပါးရှိသည်။ ၎င်းအပြင် ‌ဒေသခံများမှာ ဗမာစကားကို ‌ပြောဆိုတတ်သူ နည်းပါးသဖြင့် သွားလာရာတွင်လည်း စစ် တပ်နှင့် ရင်ဆိုင်မိပါက နှိပ်စက်ခံရ‌ကြောင်းကိုလည်း ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။

‌ဒေသခံ အမျိုးသားတစ်ဦးက “အ‌ခြေအ‌နေမ‌ကောင်း‌ပေမယ့် တရွာနဲ့တရွာကူးဖို့ မလွယ်ဘူး။ စစ်တပ်က လမ်းဂိတ်‌တွေမှာ အရမ်းစစ်တာ။ မြန်မာစကားကလည်း မတတ်ကြ‌တော့ စစ်သား‌တွေ ‌မေးတဲ့အခါ နားမလည်ရ‌ကောင်းလားဆိုပြီး ထုရိုက် တာ‌တွေ ရှိတယ်။ ‌မေးမြန်းလို့မရရင် ထုရိုက်‌နေ‌တော့ ‌တော်ရုံလူက ရွာထဲက‌နေ ဘယ်မှမသွားရဲကြဘူး။”ဟု ‌ပြောသည်။

ဒွန့်ပုတ်ရွာသည် ‌တောင်‌ပေါ်‌ဒေသမှ ရွာတစ်ရွာဖြစ်ပြီး ‌ရေအားလျှပ်စစ်ထုတ်လုပ်လျှက်ရှိသည့် အမှတ်(၁) ‌ရွှေလီဆည်အနီး တွင် တည်ရှိသည်။