Hay Htoo
DKBA ပစ်ခတ်မှုကြောင့် BGF တပ်ဖွဲ့ဝင်၅ဦး ထိခိုက်သေဆုံး မှုများရှိ
ဖေဖော်ဝါရီလ ၂ဝရက်၊ ၂၀၁၂။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)မှ နယ်ခြား စောင့်တပ် (BGF)တပ်ဖွဲ့ဝင်များ စီးနင်းလာသည့် ကားတစ်စီးအား ယမန်နေ့က ပစ်ခတ်ခဲ့ရာ ၅ဦး ထိခိုက်သေဆုံး ခဲ့သည်ဟု ဒီကေဘီအေ...
ဘာသာရေးနှီးနှောဖလှယ်ပွဲမှ ကရင်အမျိုးသားများ စည်းလုံးညီညွှတ်ရေး ဦးတည်လုပ်ဆောင်သွားမည်
ဖေဖော်ဝါရီလ ၁၈ရက်၊ ၂၀၁၂။ နန်းဖော့ဂေ (ကေအိုင်စီ)
ကရင်အမျိုးသား စည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာများတွင် ကရင်လူမှု အသိုင်းအဝိုင်းတွင်းရှိ ဘာသာပေါင်းစုံမှ ဆရာတော်၊ သံဃာတော်များပါဝင်ဆောင်ရွက်သွားရန်ဆွေးနွေးသည့် ဘာသာရေးနှီးနှောဖလှယ်ပွဲတစ်ခုကို ထိုင်း-မြန်မာ နယ်စပ်တစ်နေရာ၌ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ကျင်းပပြီးစီးခဲ့သည်။
ဖေဖော်ဝါရီလ ၁၅ရက်မှ ၁၇ရက်နေ့အထိ သုံးရက်ကြာ ပြုလုပ်ခဲ့သည့် အဆို...
စိုက်ပျိုးရေး မဖြစ်ထွန်း၍ ဒုံသမိချောင်းအနီးမှ ဒေသခံများ စားဝတ်နေရေးထိခိုက်
ဖေဖော်ဝါရီ ၁၇ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ဒုံသမိချောင်းနံဘေး အနီးအနားအခြေစိုက် အရှေ့ဘက်ခြမ်း ကရင်ပြည်နယ် ဖားအံမြို့နယ်နှင့် အနောက်ဘက်ခြမ်း မွန်ပြည်နယ် ဘီးလင်းမြို့ နယ်ရှိ ကရင်ကျေးရွာများသည် စိုက်ပျိုးရေး မဖြစ်ထွန်း၍ စားဝတ်နေရေး ထိခိုက်နေရဟု သိရသည်။
ထိုကျေးရွာများရှိ ဒေသခံများသည် ဝင်ငွေအတွက် ရောင်းရန်သော်လည်းကောင်း၊ စားသုံးရန်အတွက်သော်လည်းကောင်း နှစ်စဉ်...
မြန်မာပြည်တွင်းကရင်အမျိုး သားရေးရာ ကော်မတီဖွဲ့စည်းခဲ့
ဖေဖော်ဝါရီလ ၁၈ရက်၊ ၂၀၁၂။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်အမျိုးသားအရေးနှင့်ပတ်သက်၍ ဦးစီးဦးဆောင်နိုင်ရန် အမျိုးသားများအရေးကိစ္စကို ကိုယ်စားပြုသည့်အနေဖြင့် မြန်မာနိုင်ငံ ကရင်အ မျိုးသားရေးရာကော်မတီ (Myan-mar Karen Affair Committee-MKAC)အဖွဲ့ကို ဖေဖော်ဝါရီလ ၁၁ရက်နေ့က ဖွဲ့စည်းခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ဝရက်နေ့မှ ၁၁ရက်နေ့အထိ ကရင်ပြည်နယ်၊ ဘားအံမြို့...
ဝန်ကြီးချုပ်ခရီးစဉ် အတွင်းလောင်းကစားဝိုင်းများ ပိတ်ထားခိုင်း
ဖေဖော်ဝါရီလ ၁၇ရက်၊ ၂၀၁၂။ (ကေအိုင်စီအလွတ်သတင်းထောက်)
ကရင်ပြည်နယ်၊ဘုရားသုံးဆူမြို့သို့ ပြည်နယ်ဝန်ကြီးချုပ် လာရောက်မည်ဖြစ်၍ မြို့ပေါ်၌ တရားမဝင် ဖွင့်လှစ်ထားသည့် လောင်းကစား ဝိုင်းများကို ခရီးစဉ် ကာလအတွင်းပိတ်ခိုင်းထားကြောင်းဒေသခံများ ၏ပြောပြချက်အရ သိရသည်။
မြို့နယ်အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်ဖြင့် ရပ်ကွက်လူကြီးများမှတဆင့် မြို့ပေါ်နေရာအနှံ့ လူမြင်ကွင်းများတွင် ဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းများကို ယနေ့မှစ၍...
ထိုင်းအာဏာပိုင်များ တရားမဝင် မြန်မာအလုပ်သမား ၂၀ဝခန့် ဖမ်းဆီး
ဖေဖေါ်ဝါရီ ၁၆ရက်၊ ၂၀၁၂။ ရွှေသိုက်တော (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ်တာ့ခ်ခရိုင်ရှိ မဲဆောက်ဈေးကြီးကို ယနေ့နံနက်လင်းအားကြီးအချိန်၌ ထိုင်းအာဏာပိုင် များကရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ တရားမဝင် မြန်မာအလုပ်သမားများနှင့် မူးယစ်ဆေးဝါး သုံးစွဲထားသူများ အပါအဝင် မြန်မာနိုင်ငံ သား ၂၀ဝဦးခန့် ဖမ်းဆီးခံခဲ့ရသည်။
မဲဆောက်ဈေးမှ မြန်မာစားသောက်ကုန်ရောင်းသည့် ဦးစိန်က "ဒီနေ့မနက် ၅ နာရီခွဲလောက်မှာ...
သတ်မှတ်ချိန် အတွင်းမြန်မာအစိုးရ နှင့် တွေ့ရန် မသေချာဟု ကေအဲန်ယူပြော
ဖေဖော်ဝါရီ ၁၅ရက်၊ ၂၀၁၂။ စောခါးစူးညား (ကေအိုင်စီ)
မြန်မာအစိုးရနှင့် အပစ်ခတ်ရပ်ဆိုင်းရေး ပဏာမ သဘောတူညီမှု လက်မှတ်ရေးထိုးပြီးနောက် ၄၅ရက်အတွင်း ထပ်မံ တွေ့ဆုံ ရန် သတ်မှတ် ထားသော်လည်း ယင်းသတ်မှတ်ချိန် အတွင်း တွေ့ဆုံနိုင်ခြင်း ရှိမရှိ မသေချာသေးဟု ကရင်အမျိုးသားအစည်းအ ရုံး (KNU) က...
ပဒိုမန်းရှာ ၄နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားနှင့် ဝတ်ဆုတောင်းပွဲကျင်းပ
ဖေဖော်ဝါရီ ၁၄ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး-KNU ၏ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်း လုပ်ကြံခံရခြင်း ၄နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားနှင့် ဝတ်ပြုဆုတောင်းပွဲတစ်ခုကို ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ယနေ့ ပြုလုပ်ကျင်းပခဲ့ရာ လူထုပရိဿတ် ၅ဝဦးကျော် တက်ရောက်ခဲ့သည်။
မြန်မာစစ်အာဏာရှင်အစိုးရအား ဆန့်ကျင်တော်လှန်ရာတွင် သဘောထားပြတ်သားသူဟု လူသိများခဲ့သည့် ပဒိုမန်းရှာသည် ၂၀၀၈ခုနှစ်က...
ပဒိုမန်းငြိမ်းမောင်အမှု တရားဥပဒေအရသာ အကာအကွယ်ယူသွားမည်
ဖေဖော်ဝါရီလ ၁၄ရက်။ ၂၀၁၂။ နန်းသူးလေ (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုကော်မတီ ခေါင်းဆောင်တဦးဖြစ်သည့် ပဒိုမန်းငြိမ်းမောင်အား ပြစ်မှုကြီးများဖြင့် စွဲချက်တင်ထားရာတွင် လွတ်ငြိမ်းချမ်းသာခွင့်ကို မမျှော်ကိုးပဲ တရားဥပဒေအရသာ အကာအကွယ်ယူ ရင်ဆိုင်ဖြေရှင်းသွား မည်ဟု သူ၏အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေဦးကြီးမြင့်က ပြောသည်။
“တရားဥပဒေအရ မဟုတ်တဲ့အရာကို ခုခံကာကွယ်ရမယ်။ မဟုတ်တဲ့ဟာနဲ့ အပြစ်ပေးမခံနိုင်ဘူး။”ဟု...
မြန်မာပြည် ငြိမ်းချမ်းရေးအတွက် အားလုံး ပူးပေါင်းဆောင်ရွက်ရန် WLB တိုက်တွန်း
ဖေဖော်ဝါရီလ ၁၄ရက်။ ၂၀၁၂။ စောသိန်းမြင့်(ကေအိုင်စီ)
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဆောင်သည့်အပစ်အခတ် ရပ်စဲရေး ကြေညာနိုင်ရန် သက်ဆိုင် သူ အားလုံး အကောင်အထည်ဖော် ပူးပေါင်းဆောင်ရွက်ကြရန် အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ ယနေ့ သတင်းထုတ် ပြန် တိုက်တွန်းလိုက်သည်။
WLB ၏ အထွေထွေအတွင်းရေးမှူး ဒေါ်တင်တင်ညိုက...





