Home သတင်း စိုက်ပျိုး‌ရေး မဖြစ်ထွန်း၍ ဒုံသမိ‌ချောင်းအနီးမှ ‌ဒေသခံများ စားဝတ်‌နေ‌ရေးထိခိုက်

စိုက်ပျိုး‌ရေး မဖြစ်ထွန်း၍ ဒုံသမိ‌ချောင်းအနီးမှ ‌ဒေသခံများ စားဝတ်‌နေ‌ရေးထိခိုက်

1632
‌ဖေ‌ဖော်ဝါရီ ၁၇ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ဒုံသမိ‌ချောင်းနံ‌ဘေး အနီးအနားအ‌ခြေစိုက် အ‌ရှေ့ဘက်ခြမ်း ကရင်ပြည်နယ် ဖားအံမြို့နယ်နှင့် အ‌နောက်ဘက်ခြမ်း မွန်ပြည်နယ် ဘီးလင်းမြို့ နယ်ရှိ ကရင်‌ကျေးရွာများသည် စိုက်ပျိုး‌ရေး မဖြစ်ထွန်း၍ စားဝတ်‌နေ‌ရေး ထိခိုက်‌နေရဟု သိရသည်။

ထို‌ကျေးရွာများရှိ ‌ဒေသခံများသည် ဝင်‌ငွေအတွက် ‌ရောင်းရန်‌သော်လည်း‌ကောင်း၊ စားသုံးရန်အတွက်‌သော်လည်း‌ကောင်း နှစ်စဉ် စိုက်ပျိုးချိန် ရာသီ‌ရောက်တိုင်း စိုက်ပျိုးလျှက်ရှိသည့် စပါး၊ ပဲလွန်း၊ ပဲတီနှင့် နှမ်း အထွက်နှုန်းသည် ယခင်နှစ်များထက် အလွန်‌လျော့ကျခဲ့ခြင်း‌ကြောင့် စား ဝတ်‌နေ‌ရေး ထိခိုက်ရခြင်းဖြစ်သည်။

ဒုံသမိ‌ချောင်း၏ အ‌နောက်ဘက်ခြမ်း မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းရှိ မြစ်ကျိုး‌ကျေးရွာသား ချစ်ဦးပါးက “စိုက်ပျိုး‌ရေး မဖြစ်ထွန်းတာ ရာသီဥတု‌ကြောင့် ဖြစ်တာ။ အပူအ‌အေး မမျှတာလာ။ မိုးများတာလား‌တော့ မသိဘူး။ ကျ‌နော့်သားမက်ဆို ဒီ‌နေ့ စပါး ၂တင်းဖိုး‌လောက် စိုက် တာ တကွင်းလုံး အကုန်ပျက်စီးတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အလားတူ စပါးကဲ့သို့ အခြားသီးနှံ စိုက်ပျိုး‌ရေးများ၏ ထွက်နှုန်းများလည်း ပျမ်းမျှခြင်းအားဖြင့် ၃ပုံ ၁ပုံခန့် ‌လျော့ကျသွားသည်ဟုလည်း သူက ဆက် ‌ပြောသည်။

အဆိုပါ‌ဒေသတွင် ပုံမှန်အားဖြင့် စိုက်ပျိုးသီးနှံထွက်နှုန်းသည် စပါးတစ်ဧကလျှင် ၅ဝ တင်းဝန်းကျင်၊ နှမ်းတဧကလျှင် တင်း ၂ဝ ဝန်းကျင်ရှိပြီး ပဲလွန်းနှင့် ပဲတီမှာမူ တစ်ပြည်ဖိုးစိုက်လျှင် ၂တင်းအထိ ရှိသည်ဟု ‌ဒေသခံများက ‌ပြောသည်။

ပဲလွန်းစိုက်သူ ‌ဒေသခံတဦးကလည်း “ကျ‌နော်က‌တော့ ပဲလွန်း ၁ဝပြည်ဖိုး စိုက်တာ ၂တင်း‌ကျော်ပဲ ရတယ်။ အကျယ်အားဖြင့် ၂ဧက‌လောက် ရှိတဲ့ အဲဒီ ပဲလွန်းခင်း‌တွေက အဲ‌လောက်ပဲ ထွက်တယ်ဆို‌တော့ စားဝတ်‌နေ‌ရေး မထိခိုက်ဘဲ ဘယ်ရှိမလဲ။ ‌လော‌လောဆယ် ဘာဆက်လုပ်ရ မှန်း‌တောင် မသိဘူး။”ဟု ‌ပြောသည်။

ထို့အပြင် စားသုံးရန်အတွက်သာ သို‌လှောင်ထားသည့် စပါးမှလွဲ၍ ကျန်စိုက်ပျိုးသီးနှံများမှာ ယခင်နှစ်များကဲ့သို့ ‌ဈေးနှုန်းမ‌ကောင်း‌ကြောင်း လည်း သူက ထပ်မံ ‌ပြောဆိုသည်။

ယခင်နှစ် မြန်မာ‌ငွေ ၂၅,၀၀ဝ (နှစ်‌သောင်းငါး‌ထောင်)ကျပ် ‌ဈေး‌ပေါက်သည့် ပဲလွန်းတစ်ပြည်သည် ယခု ၁၇,၀၀ဝ (တစ်‌သောင်းခုနှစ်‌ထောင်) ကျပ်သာ ‌ဈေး‌ပေါက်‌ကြောင်း၊ ကျပ်‌ငွေ ၄၅,၀၀ဝ (‌လေး‌သောင်းငါး‌ထောင်)ကျပ် ‌ဈေး‌ပေါက်သည့် ပဲဒီတစ်တင်းသည် ၅,၀၀ဝကျပ်သာ ‌ဈေး ‌ပေါက်‌ကြောင်းနှင့် ကျပ်‌ငွေ ၁၀,၀၀၀(တစ်‌သောင်း) အထက် ‌ဈေး‌ပေါက်သည့် နှမ်းတစ်ပုံး(၈ပြည်)သည် ကျပ်‌ငွေ ၈,၀၀၀(ရှစ်‌ထောင်)သာ ရှိ ‌တော့‌ကြောင်း ‌ဒေသခံများက ‌ပြောသည်။

ထို‌ဒေသတွင် စပါးစိုက်ပျိုး‌ရေးလုပ်ငန်းအပြင် နှမ်း၊ ပဲ အမျိုးမျိုး၊ ‌ပြောင်းဖူး၊ ရုံးပတီ၊ ခရမ်းချဉ်၊ မုန်ညှင်း စသည့်သီးနှံများကို နှစ်စဉ် စက်တင်ဘာ မှ ဇန်နဝါရီလအထိ ရာသီအလိုက် စိုက်ပျိုး‌နေကြသည်။

ဒုံသမိ‌ချောင်းနံ‌ဘေးရှိ ဖားအံမြို့နယ်နှင့် ဘီးလင်းမြို့နယ်အတွင်းတွင် ကြ‌သောင်းဆိပ်၊ ပျဉ်းမပင်ဆိပ်၊ တ‌ဂေး‌လောင်း၊ ကြိုးဝိုင်း၊ မြစ်ကျိုး၊ မင်း‌ဇော၊ ‌လေး‌ကေနှင့် ‌နေမင်း‌အောင်(‌ကျောက်ဖျာ) စသည့်‌ကျေးရွာများ တည်ရှိသည်။