Home သတင်း ဝန်ကြီးချုပ်ခရီးစဉ် အတွင်း‌လောင်းကစားဝိုင်းများ ပိတ်ထားခိုင်း

ဝန်ကြီးချုပ်ခရီးစဉ် အတွင်း‌လောင်းကစားဝိုင်းများ ပိတ်ထားခိုင်း

1246
‌ဖေ‌ဖော်ဝါရီလ ၁၇ရက်၊ ၂၀၁၂။ (‌ကေအိုင်စီအလွတ်သတင်း‌ထောက်)

ကရင်ပြည်နယ်၊ဘုရားသုံးဆူမြို့သို့ ပြည်နယ်ဝန်ကြီးချုပ် လာ‌ရောက်မည်ဖြစ်၍ မြို့‌ပေါ်၌ တရားမဝင် ဖွင့်လှစ်ထားသည့် ‌လောင်းကစား ဝိုင်းများကို ခရီးစဉ် ကာလအတွင်းပိတ်ခိုင်းထား‌ကြောင်း‌ဒေသခံများ ၏‌ပြောပြချက်အရ သိရသည်။

မြို့နယ်အုပ်ချုပ်‌ရေးမှူး၏ ညွှန်ကြားချက်ဖြင့် ရပ်ကွက်လူကြီးများမှတဆင့် မြို့‌ပေါ်‌နေရာအနှံ့ လူမြင်ကွင်းများတွင် ဖွင့်လှစ်ထားသည့် ‌လောင်းကစားဝိုင်းများကို ယ‌နေ့မှစ၍ ပိတ်ခိုင်းထားလိုက်ခြင်းဖြစ်သည်။

ဘုရားသုံးဆူမြို့ခံတစ်ဦးက “‌ရှေ့အပတ်မှာ ဝန်ကြီးလာမယ်ဆိုလို့ ကစားဝိုင်း‌တွေကို ပိတ်ခိုင်းထားတယ်။ ခါတိုင်း‌နေ့ လမ်း‌ဘေး၊ အိမ်‌ရှေ့ အစရှိသဖြင့် ဖွင့်ထားတဲ့ ကစားဝိုင်း‌တွေ ဒီ‌နေ့ လုံးဝ မ‌တွေ့ရ‌တော့ဘူး။ ဒါ‌ပေမယ့် အဲဒါက ဘယ်‌လောက်ကြာကြာ ရှိမလဲ‌တော့ မသိဘူး။” ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ဘုရားသုံးဆူမြို့‌ပေါ်တွင် ‌လောင်းကစားဝိုင်းမျိုးစုံ ဖွင့်လှစ်ထားပြီး အထူးသဖြင့် “ပန်းသီးပုံး”ဟု လူသိများသည့် လျှပ်စစ်‌လောင်းကစား နည်းတစ်မျိုးကို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်ထားကာ က‌လေး၊ လူကြီး၊ ‌ယောကျာ်း မိန်းမ စသည့် အရွယ်စုံ လူတန်းစားစုံများက ကစားကြ သည်။

၎င်းမြို့ခံက “ဘယ်‌လောက်ထိ ကျယ်ပြန့်လာသလဲဆိုတာ အခုဆို အဲဒီ ပန်းသီးပုံးကစားဝိုင်းက ၅၀၀‌လောက်ရှိ‌နေပြီး။ ၅နှစ်၊ ၆နှစ်အရွယ် ခ‌လေး‌တွေကအစ ကစားကြတယ်။”ဟု ထပ်မံ ‌ပြောဆိုသည်။

ဘုရားသုံးဆူမြို့‌ပေါ်တွင် ယခုကဲ့သို့ ‌လောင်းကစားဝိုင်းများပြားလာသည်ကို မြို့‌ပေါ်ရှိ ပြည်ခိုင်ဖြိုးအဖွဲ့မှ ဦး‌ဆောင်ပြီး မြို့သူမြို့သားများ၏ ဆန္ဒကို ‌ကောက်ခံကာ ထို‌လောင်းကစားဝိုင်းပြဿနာများကို ‌ဖြေရှင်း‌ပေးရန် သက်ဆိုင်ရာ မြို့အာဏာပိုင်ထံ ဇန်နဝါရီလက စာတင်တိုင် ကြားထား‌သော်လည်း တစုံတရာ ထူးခြားလာမှုမရှိသည့်အ‌ပေါ် ယခုလအတွင်း ထပ်မံ စာတင်သွားရန်ရှိပြီး ယခင်လို ထူးခြားမှု မရှိလာပါ က အထက်သို့ အဆင့်ဆင့်တင်ပြသွားရန်ရှိ‌ကြောင်း ပြည်ခိုင်ဖြိုးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ‌ပြောသည်။

ထိုပန်းသီးပုံး‌လောင်းကစားဝိုင်းကို ယခင်က ထိုင်းမှ စီးပွား‌ရေး လုပ်ငန်းရှင်တို့မှ လာ‌ရောက်ဖွင့်လှစ်ထားပြီး ယခု‌နောက်ပိုင်းတွင် မြို့‌ပေါ်ရှိ မြန်မာ၊ မွန် အစရှိသည့် စီးပွား‌ရေးလုပ်ငန်းရှင်တို့ကပါ ဦး‌ဆောင်လုပ်ကိုင်လာကြပြီး မြို့နယ်အုပ်ချုပ်‌ရေးမှူးထံ အ‌ကောက်ခွန်အဖြစ် ပန်းသီး ပုံးတလုံးလျှင် ဘတ် ၅၀ဝဖြင့် လစဉ် ‌ပေးသွင်း‌နေရ‌ကြောင်း သိရသည်။

ယင်းသို့ ‌လောင်းကစားဝိုင်းများ ကျယ်ပြန့်လာသည်နှင့်အမျှ မြို့‌ပေါ်တွင် ခိုးဆိုးလုယက်၊ ခိုက်ရန်ဖြစ်ပွားမှုအပြင် အိမ်တွင်းအကြမ်းဖက်မှု များလည်း မကြာခဏ ဖြစ်‌ပေါ်လျှက်ရှိ‌ကြောင်း မြို့ခံတစ်ဦးက “ဒီ‌လောင်းကစားဝိုင်း‌တွေ များလာ‌လေ‌လေ အဲလို ခိုးမှု‌တွေ လုယက်မှု‌တွေ ရိုက်ကြတာ‌တွေလည်း ပိုများလာမယ်‌လေ။ အခုဆိုရင်လည်း ခဏခဏ ကြား‌နေရပြီး။ ဟိုနားမှာ ဆိုင်ကယ်လုပြန်ပြီး ဟိုအိမ်မှာ ရန်ပွဲဖြစ် ပြန်ပြီး။ ဒါ‌တွေ အားလုံးဟာ အဲဒီကစားဝိုင်း‌တွေရဲ့ အကျိုးဆက်‌တွေပဲ။”ဟု ‌ပြောသည်။

ထိုအ‌ခြေအ‌နေများ‌ကြောင့် ဝန်ကြီးချုပ်ခရီးစဉ်အတွင်း ‌လောင်းကစားဝိုင်းများကို ပိတ်ပင်ထားခြင်းဖြစ်‌ကြောင်း မြို့သူမြို့သားများက သုံး သပ်‌နေကြသည်။

ယခုလ ၁၃ရက်‌နေ့တွင်လည်း ‌ပြောက်ကျားဝတ်စုံနှင့် ၇ဦးပါ အမည်မသိ လက်နက်ကိုင်အဖွဲ့တဖွဲ့က ဘုရားသုံးဆူမြို့၊ ရပ်ကွက်(၁)ရှိ ဓမ္မဂီ ရိဘုရား‌တောင်‌ခြေတွင် လူ ၄ဦးကို ဖမ်းဆီးကာ ထိုင်းဘတ်‌ငွေသုံးသိန်းဖြင့် ‌ရွေးယူရန် ပြန်‌ပေးဆွဲခဲ့သည့် ဖြစ်ရပ်တခု ဖြစ်ပွားခဲ့သည်။