Home သတင်း ထိုင်းအာဏာပိုင်များ တရားမဝင် မြန်မာအလုပ်သမား ၂၀ဝခန့် ဖမ်းဆီး

ထိုင်းအာဏာပိုင်များ တရားမဝင် မြန်မာအလုပ်သမား ၂၀ဝခန့် ဖမ်းဆီး

2293
‌ဖေ‌ဖေါ်ဝါရီ ၁၆ရက်၊ ၂၀၁၂။ ‌ရွှေသိုက်‌တော (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ်တာ့ခ်ခရိုင်ရှိ မဲ‌ဆောက်‌ဈေးကြီးကို ယ‌နေ့နံနက်လင်းအားကြီးအချိန်၌ ထိုင်းအာဏာပိုင် များက‌ရှောင်တခင် ဝင်‌ရောက်စစ်‌ဆေးခဲ့ရာ တရားမဝင် မြန်မာအလုပ်သမားများနှင့် မူးယစ်‌ဆေးဝါး သုံးစွဲထားသူများ အပါအဝင် မြန်မာနိုင်ငံ သား ၂၀ဝဦးခန့် ဖမ်းဆီးခံခဲ့ရသည်။

မဲ‌ဆောက်‌ဈေးမှ မြန်မာစား‌သောက်ကုန်‌ရောင်းသည့် ဦးစိန်က “ဒီ‌နေ့မနက် ၅ နာရီခွဲ‌လောက်မှာ ထိုင်းရဲ၊ ထိုင်းစစ်တပ်နဲ့ မြို့နယ် အုပ်ချုပ်‌ရေးအဖွဲ့က ‌ဈေးထဲမှာ ‌ရှောင်တခင် ဝင်စစ်တာ မြန်မာ ၂၀၀‌လောက် အဖမ်းခံရတယ်။ ကျ‌နော်တို့ဆိုင်ကလည်း တစ်‌ယောက် ပါသွားတယ်”ဟု ‌ပြောသည်။

ထိုင်းအာဏာပိုင်များက တရားမဝင် ‌နေထိုင်သူများကို ဖမ်းဆီးခဲ့သည့်အပြင် ‌ဈေးအတွင်း မသကင်္ာသည့်‌နေရာများကိုလည်း မူး ယစ်‌ဆေးဝါး ရှာ‌ဖွေစစ်‌ဆေးမှုများ ပြုလုပ်ခဲ့ပြီး မူးယစ်‌ဆေးဝါးသုံးစွဲသည့် မြန်မာအလုပ်သမားအချို့ကိုလည်း ဖမ်းဆီးသွားခဲ့ သည်။

မဲ‌ဆောက်‌ဈေးရှိ ဝက်သားလက်ကားဖြန့်ချီသည့်ဆိုင်မှ ကိုအညာသားက “ကျ‌နော်တို့အသိ သုံးဘီးဆိုင်ကယ်နဲ့ ဝက်သားလိုက် ပို့တဲ့လူက ‌ဆေးမင်‌ကြောင်‌တွေ ထိုးထားတာ အများကြီးပဲ။ သူ့ကို မသကင်္ာလို့ ဆီးစစ်လိုက်‌တော့ မူးယစ်‌ဆေး သုံးထားတာ ‌တွေ့လို့ ဖမ်းသွားတယ်။ သူနဲ့အတူ အခြားလူ‌တွေလည်း အဖမ်းခံရတာ‌တွေရှိတယ်”ဟု ‌ပြောသည်။

ဖမ်းဆီးခံရသူများကို ထိုင်းအာဏာပိုင်များက ထိုင်းလူဝင်မှုကြီးကြပ်‌ရေးဌာနသို့ လွှဲ‌ပြောင်း‌ပေးပြီး မြန်မာနိုင်ငံမြဝတီဘက်သို့ ပြန်လည်ပို့‌ဆောင်သွားမည်ဖြစ်ကာ မူးယစ်‌ဆေးဝါးသုံးစွဲသူများကို တရားဥပ‌ဒေအရ အ‌ရေးယူသွားမည်ဟု မဲ‌ဆောက်မြို့နယ် အုပ်ချုပ်‌ရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ‌ပြောသည်။

မဲ‌ဆောက် အပါအဝင် တာ့ခ်ခရိုင် ၉မြို့နယ်အတွင်း ‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမား ၄သိန်းခန့် အလုပ်လုပ်ကိုင်လျှက်ရှိပြီး တရားဝင် အလုပ်လုပ်ကိုင်ခွင့်အတွက် အလုပ်သမားမှတ်ပုံတင်ထားသည့် အ‌ရေအတွက်မှာ ၅‌သောင်းခန့်သာရှိသည်ဟု ထိုင်း အလုပ်သမားရုံး၏ စာရင်းများတွင် ‌ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားအလုပ်သမားများကို ပြုလုပ်‌ပေးသည့် တနှစ်သက်တမ်းရှိ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ကို ယခု လကုန်မှ စတင်၍ သက်တမ်းတိုး‌ပေး‌တော့မည် မဟုတ်သည့်အတွက် တရားမဝင် ဆက်လက် ‌နေထိုင်သူများကို လိုက်လံဖမ်း ဆီးကာ ‌နေရပ်ပြန်ပို့မည်ဟု ယခင်လက ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကြိုတင်‌ကြေညာထားသည်။

သို့‌သော် ထိုင်းအစိုးရ၏ ညွှန်ကြားချက်အရ နိုင်ငံခြားသားအလုပ်သမားများ၏ နိုင်ငံသားစိစစ်မှုလုပ်ငန်း အဆင်‌ပြေ ‌ချော‌မွေ့‌စေ ‌ရေးအတွက် အလုပ်သမားလက်မှတ် သက်တမ်းကုန်ဆုံးမည့်ကာလကို ‌နောက်ထပ်အချိန် ၄လ ထပ်မံ တိုးမြှင့်‌ပေးလိုက်သည် ဟု ယခုလ ၁၂ရက် ‌နေ့ရက်စွဲဖြင့် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ‌ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်များတွင် မြန်မာအလုပ်သမားများ အလုပ်သမားမှတ်ပုံတင်ပြုလုပ်ရန်အတွက် ချင်းရိုင်ခရိုင်၊တာ့ခ်ခရိုင်၊ ရ‌နောင်းခရိုင်တို့ကို နှစ်ဘက်အစိုးရများက သတ်မှတ်‌ပေးထားသည်။

ထိုင်းနိုင်ငံအတွင်းပိုင်းတွင် ‌ရောက်ရှိ‌နေသည့် မြန်မာအလုပ်သမားများအတွက် အလုပ်သမားမှတ်ပုံတင်ရန် ‌နေရာ ၅ခု တိုးချဲ့ ဖွင့်လှစ်‌ပေးနိုင်‌ရေးအတွက် ဘန်‌ကောက်၊ စမွတ်စ‌ခေါ(မဟာချိုင်း)၊ စမွတ်ပရာကန်၊ ဆူရတ်ဌာနီနှင့် ချင်းမိုင်တို့ကို သတ်မှတ် ‌ပေးထားသည်ဟု သိရှိရသည်။

ထိုင်းနိုင်ငံတွင် လက်ရှိ ‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမား ၂သန်းခန့်ရှိသည့်အနက် တရားဝင် အလုပ်လုပ်ကိုင်ခွင့် ယာယီနိုင်ငံကူး လက်မှတ် ကိုင်‌ဆောင်သူမှာ ၇သိန်းခန့်ရှိပြီး ယာယီနိုင်ငံကူးလက်မှတ် ရရှိ‌ရေး‌လျှောက်ထားသူမှာ ၁သိန်းခွဲခန့်ရှိသည်ဟု ထိုင်း အလုပ်သမားဝန်ကြီးဌာနက ‌ပြောသည်။