Home Authors Posts by Hay Htoo

Hay Htoo

3506 POSTS 0 COMMENTS

စစ်ကောင်စီကိုပိတ်ဆို့အရေးယူမှုအသစ်ချမှတ်ရန် EU ထံ ဥရောပရောက်ကရင်များတောင်းဆို

စက်တင်ဘာ ၂၆ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ မြန်မာစစ်ကောင်စီကို ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်ရန် ဥရောပနိုင်ငံရောက် ကရင်များကိုယ်စား ဥရောပကရင် ကွန်ရက် (European Karen Network) က ဥရောပသမဂ္ဂ(EU)ကို စက်တင်ဘာလ ၂၆ရက်နေ့တွင် ထုတ်ပြန်တောင်းဆို လိုက်သည်။ “လက်နက်ပွဲစားတွေနဲ့ မြန်မာစစ်တပ်အတွက် ဝင်ငွေအရင်းအမြစ်တွေကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုအသစ် တွေ...

ဖားအံ သံလွင်တံတားတွင် အီတလီထုတ် စကန်ဖတ်စက်ပစ္စည်းဖြင့် စစ်ဆေးအသုံးပြုနေ

စက်တင်ဘာ ၂၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ် ဖားအံမြို့ သံလွင်တံတား စစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့် ဇွန်လပိုင်းမှစပြီး အီတလီနိုင်ငံထုတ် X Ray Machine (ဓာတ်မှန်ရိုက်စက်) ခေါ် နည်းပညာအသစ် စကန်ဖတ်လို့ရသည့် စက်ပစ္စည်းနှင့် နည်းစနစ်များကို အသုံးပြုစစ်ဆေးမှုများလုပ်ဆောင်လျက်ရှိနေသည်ဟု ယာဉ်မောင်းများထံမှ သိရသည်။ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း...

ဆုံဆည်းမြိုင်ရှိ စစ်ကြောင်းမှ CDM ပြုလုပ်လာသူ တပ်ကြပ်မျိုးအောင်အား ပြည်သူ့ရင်ခွင်အဖွဲ့သို့ လွှဲအပ် စောင့်ရှောက်ပေးထား

စက်တင်ဘာလ ၂၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ ဝေါလေ-ဆုံဆည်းမြိုင်လမ်းပိုင်း ဆုံဆည်းမြိုင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ စွန့်ခွာ၍ CDM(အာဏာဖီဆန်ရေးလှုပ်ရှားမှု) ပြုလုပ်ပြီး KNU-ကရင်အမျိုးသားအစည်းအရုံးထံ ခိုလှုံလာသူ တပ်ကြပ် မျိုးအောင်အား နေရာထိုင်ခင်းနှင့် အလုပ်အကိုင်အထောက်အပံ့အကူအညီရရှိရေးအတွက် ပြည်သူ့ရင်ခွင်အဖွဲ့ထံသို့ လွှဲအပ်စောင့်ရှောက်ပေးထားကြောင်း သိရပါသည်။ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA ဌာနချုပ်တည်ရှိရာ ဆုံဆည်းမြိုင်ကျေးရွာတွင်...

ရဲဘော် စောအောင်(ခ)ဖိုး၀ နှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးရဲဘော်များအား ရွှေ့ပြောင်း မြန်မာလုပ်သားများ တရားနာဆွမ်းသွတ်အလှူပြုလုပ်

စက်တင်ဘာ ၂၆ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ မြဝတီတောင်ဘက် ဆုံဆည်းမြိုင်-ဝေါလေ ဒေသအတွင်း စက်တင်ဘာလ ၂၁ ရက်က စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းစစ်ကြောင်းများ တိုက်ပွဲဖြစ်စဉ်အတွင်း ကျဆုံးခဲ့သော စစ်အာဏာရှင် တော်လှန်ရေး ရဲဘော် စောအောင် (ခ) ဖိုး၀ အပါအ၀င် စစ်အာဏာရှင်အား...

စျေးကွက်မရှိ၍ သံပုရာသီးများမှည့်ဝါပြီး အပင်အောက် ကြွေကျပျက်စီးနေ

စက်တင်ဘာ ၂၅ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ယခုနှစ်တွင် သံပုရာသီးများ ရောင်းချရာတွင် စျေးကွက်မရှိသည့်အတွက် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျေးရွာများမှ သံပုရာစိုက်ခင်းများတွင် အသီးများမှာ မှည့်ဝါပြီး ခူးသူမရှိဘဲ အပင်အောက်သို့ ကြွေကျပျက်စီးလျက်ရှိသည်ဟု စိုက်ပျိုး သူများက ကေအိုင်စီသို့ ပြောသည်။ သံပုရာသီးများကို လာရောက်ဝယ်သူများမရှိသည့်အပြင် သွားရောက်ရောင်းချရေးအတွက် ဆိုင်ကယ်ဆီဖိုးနှင့် ပို့ဆောင် ခများ...
Donate