ဇူလိုင် (၂၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ကျောက်တန်းကျေးရွာတွင် တစ်ရွာလုံးနီးပါး အနီကွက်များ တစ်ကိုယ်လုံးအပြည့်ပေါက်သည့် ယားနာကူးစက်ရောဂါများ ဖြစ်ပွားနေပြီး အနီးနားတွင် ကျန်းမာရေးဆေးပေးမည့် ကျွမ်းကျင်ဆရာဝန်မရှိသဖြင့် ရောဂါပျောက်ကင်းရန် ကုသမှုလိုအပ်နေကြကြောင်း ဒေသခံများထံမှ သိရသည်။
တိမ်မြုပ်ရွာ ဟုလည်း လူအများသိထားသော ကျောက်တန်းကျေးရွာတွင် ပြီးခဲ့သည့်...