Home Authors Posts by Hay Htoo

Hay Htoo

3506 POSTS 0 COMMENTS

ကရင်နီဒုက္ခသည်စခန်းတွင် ၁၃၇ကြိမ်‌မြောက် ကရင်နီအမျိုးသား‌နေ့ ကျင်းပ

ဇွန် ၂၂ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (အလွတ်သတင်း‌ထောက်) ကရင်နီအမျိုးသား‌နေ့ကျင်းပ‌ရေး‌ကော်မတီတို့ ဦး‌ဆောင်ပြီး ဇွန်လ ၂၁ ရက်‌နေ့တွင် ကျ‌ရောက်သည့် ၁၃၇ နှစ်‌မြောက် ကရင်နီအမျိုးသား‌နေ့ အခမ်းအနားကို ထိုင်းနိုင်ငံ၊ မယ်‌ဟောင်‌ဆောင်ခရိုင်ရှိ ကရင်နီဒုက္ခသည်စခန်းအမှတ် (၁) တွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ ဒုက္ခသည်စခန်းရှိ ကရင်နီပြည်သူ သုံး‌ထောင်‌ကျော် တက်‌ရောက်ပြီး...

ဒီမိုက‌ရေစီနှင့် ငြိမ်းချမ်း‌ရေး အမျိုးသမီးကွန်ယက် မကြာခင် ဖွဲ့စည်းမည်

ဇွန်လ ၂၂ရက်၊ ၂၀၁၂။ (‌ကေအိုင်စီ) မြန်မာနိုင်ငံတွင် စစ်မှန်‌သော ဒီမိုက‌ရေစီ ငြိမ်းချမ်း‌ရေးအတွက် ဒီမိုက‌ရေစီနှင့် ငြိမ်းချမ်း‌ရေး အမျိုးသမီးများကွန်ယက်ကို လာမည့် ဇူလိုင် ၁၉ရရက်(အာဇာနည်‌နေ့) ‌နောက်ပိုင်းတွင် ဖွဲ့စည်းသွားရန် ကွန်ယက်‌ဖော်‌ဆောင်‌ရေး ဖြစ်‌မြောက်‌ရေး‌ကော်မတီမှ မသန္တာက ‌ကေအိုင်စီ သို့ ‌ပြောသည်။ “ကျမတို့ အခု ဖြစ်‌မြောက်‌ရေး‌ကော်မတီအ‌နေနဲ့ပဲ ရှိပါ‌သေးတယ်။...

တရားဝင်ယာယီပတ်စ်ပို့ ထိ‌ရောက်စွာ လုပ်‌ဆောင်‌ပေးရန် အစိုးရကို အလုပ်သမား ကူညီ‌ပေး‌ရေးအဖွဲ့များ ‌ပြော

ဇွန်လ ၂၁ရက်။ ၂၀၁၂ ခုနှစ်။ နန်းသူး‌လေ(‌ကေအိုင်စီ) ထိုင်းနိုင်ငံ‌ရောက် ‌ရွှေ့‌ပြောင်းအလုပ်သမားများ၏ အခွင့်အ‌ရေးအပြည့်အဝရရှိ‌ရေးနှင့် တရားဝင်ယာယီပတ်စ်ပို့ လုပ်‌ဆောင် ‌ပေးရာတွင် မြန်မာအစိုးရအ‌နေဖြင့် ထိ‌ရောက်စွာ လုပ်‌ဆောင်‌ပေးရန် လိုအပ်‌နေ‌ကြောင်း ‌ရွေ့‌ပြောင်း မြန်မာအလုပ်သမားများ ကူညီ‌ပေး‌နေသည့်အဖွဲ့များက ‌ပြောကြားလိုက်သည်။ ယ‌နေ့ထုတ် အစိုးရသတင်းစာ‌ကြေးမုံတွင် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်‌ရေးနှင့် ပြန်လည် ‌နေရာချ...

နယ်သာလန်တွင်အ‌ခြေချခွင့်ရသည့် ကရင်နှင့် ရခိုင်‌တော်လှန်‌ရေး သမားများအတွက် KNU ဝမ်း‌မြောက်

ဇွန်လ ၂၁ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ) အိန္ဒိယနိုင်ငံ အကျဉ်း‌ထောင်များထဲတွင် ၁၃ နှစ်ကြာ အကျဉ်းခံခဲ့ပြီး ပြန်လည်လွတ်‌မြောက်လာသည့် ကရင်နှင့် ရခိုင်‌တော်လှန်‌ရေးသမားများမှ ၃၁ဦးသည် နယ်သာလန်နိုင်ငံသို့ ဒုက္ခသည်အဖြစ် အ‌ခြေချရန် ထွက်ခွာသွား နိုင်ခဲ့သည့်အ‌ပေါ် ဝမ်း‌မြောက်‌ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU က ယ‌နေ့ ‌ပြောကြားလိုက်သည်။ KNU ဒု-ဥက္ကဌ...

ရခိုင်ပြည်နယ် ဒုက္ခသည်များ အတွက် အလှူ‌ပေးအပ်ပွဲပြုလုပ်

ဇွန်လ ၂၁ရက်၊ ၂၀၁၂ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ) ရခိုင်ပြည်နယ်အတွင်းကယ်ဆယ်‌ရေးစခန်းများရှိ ဒုက္ခသည်များအတွက် အလှူ‌ပေးအပ်ပွဲ အခမ်းအနားတစ်ခုကိုရန်ကုန်မြို့ တာ‌မွေမြို့နယ် ‌အောင်‌မြေ‌ဗောဓိဓမ္မရိပ်သာ အလို‌တော်ပြည့်‌ကျောင်းတိုက်တွင် ယမန်‌နေ့ကပြုလုပ်ကျင်းပခဲ့သည်။ အဆိုပါ အလှူ‌ပေးအပ်ပွဲတွင်အလှူ‌ငွေကျပ် ၄၂၁ သိန်း၊ က‌လေးအဝတ်အထည် ၂,၂၆၁ ထည်၊ အမျိုးသားအဝတ်အထည် ၉၁၄ ထည်၊ အမျိုးသမီးအဝတ်အထည် ၄,၁၁၃ ထည်အပါအဝင်...

နယ်စပ်ကအရွယ်‌ရောက် ‌ရွှေ့‌ပြောင်း က‌လေး ‌သောင်းချီ စာမသင်နိုင်

ဇွန်လ ၂ဝရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (အလွတ်သတင်း‌ထောက်) ထိုင်း-မြန်မာနယ်စပ်တာ့ခ်ခရိုင်အတွင်းရှိ မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမားတို့၏ ‌ကျောင်း‌နေရွယ် က‌လေးငယ် ‌သောင်းနှင့်ချီ ‌ကျောင်းမတက်နိုင်ဟု မဲ‌ဆောက်အ‌ခြေစိုက် မြန်မာ‌ရွှေ့‌ပြောင်း ပညာ‌ရေး‌ကော်မတီက ‌ပြောသည်။ “က‌လေး‌တွေ ‌ကျောင်းမတက်နိုင်တာက တချို့မိဘ‌တွေ ‌တောင်ယာမှာ မိဘ‌တွေနဲ့‌နေ‌တော့ အကြိုအပို့မလုပ်နိုင်တာရှိတယ်။ တချို့ကျ‌တော့လည်း ‌တောထဲ‌တွေမှာဆိုလည်း ‌ကျောင်း‌တွေမဖွင့်နိုင်...

မယ်လစခန်းတွင် ကမ္ဘာ့ဒုက္ခသည်များ‌နေ့ ကျင်းပပြီးစီး

ဇွန်လ ၂ဝရက်။ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ) ယ‌နေ့ ဇွန်လ ၂ဝရက်‌နေ့တွင် ကျ‌ရောက်သည့် ကမ္ဘာ့ဒုက္ခသည်များ‌နေ့ကို ကမ္ဘာတဝှမ်းမှ အခမ်းအနားများ ကျင်းပသကဲ့သို့ ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်း၌လည်း နံနက် ၇နာရီခွဲမှ ၁၁နာရီအထိ ‌အောင်မြင်စွာ ကျင်းပပြီးခဲ့သည်။ အခမ်းအနားကို တက်‌ရောက်ခဲ့သည့် UNHCR မှ တာဝန်ရှိသူတစ်ဦးက “တစ်နှစ်နဲ့...

ရန်ကုန်တွင် ကျား-မ ဖြစ်ခြင်း အခန်းဂဏ္ဍနှင့်လူမှုအဖွဲ့အစည်း ဖိုရမ် ‌ဆွေး‌နွေး

ဇွန်လ ၂ဝရက်၊ ၂၀၁၂ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ) အမျိုးသမီးများ၏ အခွင့်အ‌ရေးကိုကာကွယ်ပြီး အမျိုးသားနည်းတူအခွင့်အ‌ရေးရရှိရန် ရည်ရွယ်၍ ကျား-မ ဖြစ်ခြင်းအခန်းကဏ္ဍနှင့်လူမှုအဖွဲ့အစည်း ဖိုရမ်‌ဆွေး‌နွေးပွဲတခုကို ရန်ကုန်မြို့ ‌တော်ဝင်နှင်းဆီ စား‌သောက်ဆိုင်တွင်ယမန်‌နေ့ကကျင်းပခဲ့သည်။ အဆိုပါ ဖိုရမ် ‌ဆွေး‌နွေးပွဲတွင် Rain Fall (Gender Study Group )နှင့် Traingle...

မွန်တိုင်းရင်းသားတို့၏ အမည်လွဲများ ပြင်‌ပေးရန် မွန်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ကြိုးပမ်း

ဇွန်လ ၁၉ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် ရန်ကုန်တိုင်း‌ဒေသကြီးအတွင်းရှိ မွန်တိုင်းရင်းသားတို့၏ အိမ်‌ထောင်စုစာရင်းနှင့် မှတ်ပုံတင်ရှိထားသူ လူမျိုး‌နေရာတွင် မှားယွင်း‌ရေးသွင်း ခံထားရသူများအတွက် ပြန်လည်ပြင်ဆင်‌ပေးရန် မွန်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ (ရန်ကုန်)မှ ဦး‌ဆောင်ကြိုးပမ်းလျှက်ရှိသည်။ မွန်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ (ရန်ကုန်) ဥက္ကဋ္ဌ နိုင်မင်း‌သောင်းသျှင်က “ကျ‌နော်တို့ ဇွန်လ ၂၃ ရက်‌နေ့မှာ မွန်နာ‌ရေးကူညီမှုအသင်းက‌နေ...

ထိုင်းအလုပ်သမားဝန်ကြီးနှင့် JACBA အဖွဲ့ ပထမဆုံးအကြိမ် အလုပ်သမား‌ဟော‌ပြောပွဲ တရားဝင် ပြုလုပ်

ဇွန်လ ၁၉ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ) ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊မဲ‌ဆောက်မြို့ရှိ အလုပ်သမားများလူမှုဖူလုံ‌ရေးနှင့် အလုပ်သမားကာကွယ်‌ရေးရုံး (ဆဝပ်ဒီကန်)မှ ဦးစီး၍ မြန်မာပြည်သားများအ‌ရေး ပူးတွဲလှုပ်ရှားမှု‌ကော်မတီ(JACBA)နှင့် ပူး‌ပေါင်းကာ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအား ပထမဆုံးအကြိမ်တရားဝင်အသိပညာ‌ပေး ‌ဟော‌ပြောပွဲ တခုကိုယ‌နေ့ ပြုလုပ်ခဲ့သည်။ ယ‌နေ့မနက် ၉နာရီမှ ၁၁နာရီအထိ မဲ‌ဆောက်မြို့၊ ကာ့ဘိဘန်းရပ်ကွက် ‌ပေါင်မုန့်စက်ရုံအနီးတွင် ပြုလုပ်သည့်...
Donate