Hay Htoo
ရခိုင်ငြိမ်းချမ်းရေးအဖွဲ့ အစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးနွေး
ဇွန်လ ၂၆ရက်။ ၂၀၁၂ခုနှစ်။ နော်ဆဲကလယ်(ကေအိုင်စီ)
နိုင်ငံတော် သမ္မတ၏ ခွင့်ပြုချက်နှင့်အတူရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ တရားဝင်ဖိတ်ကြားမှုကြောင့် ရန်ကုန်ရှိရခိုင်အမျိုးသားများဖြင့် ဖွဲ့စည်းထားသောရခိုင်ငြိမ်းချမ်းရေးအဖွဲ့သည်ယနေ့မွန်းလွဲ ၂နာရီတွင်စစ်တွေမြို့ ပရကရုံး၌ ပြည်နယ်အစိုးရ ဝန်ကြီးချုပ် ဦးလှမောင်တင့်ပါဝင်သော အစိုးရအဖွဲ့နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။
ထိုဆွေးနွေးပွဲသို့ စစ်တွေမြို့ခံလူထု ၂၀ဝနီးပါး တက်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေးအဖွဲ့မှ တောင်းဆိုသည့် စစ်တွေဈေးကြီးအမြန်ဆုံးဖွင့်လှစ်နိုင်ရန်အပြင် ပြည်သူများ၏...
ငြိမ်းချမ်းရေးသဘောတူထားမှုများကို KNU နှင့်ဦးအောင်မင်းအဖွဲ့ ပြန်ဆွေးနွေး
ဇွန်လ ၂၆ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
နှစ်ဖက် ငြိမ်းချမ်းရေးသဘော တူညီချက်များကို ပြန်လည်ဆွေးနွေးသည့် အနေဖြင့် ကရင်အမျိုးသားအစည်း အရုံး-KNU နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးအောင်မင်းအဖွဲ့တို့သည်ထိုင်းနိုင်ငံ မဲဆောက်မြို့ Wattana Village Resort ဟိုတယ်၌ ယနေ့ညနေ ၃နာရီခန့်မှ ၅နာရီအထိ တွေ့ဆုံခဲ့သည်။
ယနေ့တွေ့ဆုံ...
လက်ရှိနိုင်ငံရေး အခြေအနေအပေါ် NMSP ပြည်သူလူထုနှင့်တွေ့ဆုံဆွေးနွေး
ဇွန်၂၆၊၂၀၁၂ခုနှစ်။ နန်းယဉ်(အလွတ်သတင်းထောက်)
လက်ရှိမြန်မာအစိုးရသစ်နှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု အခြေအနေနှင့်ပတ်သက်ပြီး မွန်ပြည်သူလူထုတို့၏ ဆန္ဒသဘောထားကို သိရှိရန်မွန်ပြည်သစ်ပါတီ-NMSP က တွေ့ဆုံပွဲများကျင်းပလျှက်ရှိသည်။
ယခုရက်သတ္တပတ်အတွင်း မွန်ပြည်သစ်ပါတီအနေဖြင့် အပစ်အခတ်ရပ်စဲရေး အပါအဝင်လက်ရှိ နိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ပြည်တွင်း၊ နယ်စပ်နှင့် ထိုင်းနိုင်ငံရှိမွန်ပြည်သူလူထုတို့နှင့် တွေ့ဆုံဆွေးနွေးပွဲများကျင်းပခဲ့ပြီး အကြံဉာဏ်များတောင်းခံလျှက်ရှိသည်။
“ကျနော်တို့အဓိကလက်ရှိနိုင်ငံရေး အခြေအနေကိုရှင်းပြပြီးတော့ သူတို့ (ပြည်သူ)တွေဆီက အကြံဉာဏ်တောင်းခံတယ်။ ...
ကူညီထောက်ပံ့မှုလျှော့ကျ၍ ဘော်ဒါနေရွှေ့ ပြောင်း ...
ဇွန်လ၂၆ရက်။၂၀၁၂ခုနှစ်။နန်းသူးလေ(ကေအိုင်စီ)
ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်မဲဆောက်မြို့ရှိရွေ့ပြောင်းမြန်မာကျောင်း များတွင် ဘော်ဒါနေကျောင်းသူ ကျောင်းသားများ အတွက်အလှူရှင်များ၏ ကူညီထောက်ပံ့မှုများ လျှော့ချလိုက်သဖြင့် အခက်အခဲများနှင့်ကြုံတွေ့နေရကြောင်းသိရသည်။
မဲဆောက်မြို့ရှိ Children Development Centre (CDC)ကျောင်း၏ဒုကျောင်းအုပ်ဆရာနေမျိုးအေးက “အလှူရှင်တွေကအကူညီတွေ ၂ဝရာခိုင်နှုန်းလောက်လျှော့ချလိုက်တော့ ကလေးတွေအတော်ဒုက္ခရောက်တယ်။ အစားအသောက်အပိုင်းတွေ၊ အခြားဘော်ဒါအတွက် ကုန်ကျမှုတွေရာ ရနိုင်တာလေးတွေနဲ့မျှသုံးနေတာပေါ့။” ဟုပြောသည်။
ထို့အတူSAWရွေ့ပြောင်းမြန်မာစာသင်ကျောင်း ကဘော်ဒါအုပ်ကိုမျိုးကိုကလည်း “အစားအစာတွေကအရင်လိုမကျွေးနိုင်တော့ဘူးလေ။ ပိုက်ဆံကမလောက်တော့အသားအငါးတွေမဝယ်နိုင်တော့ဘူး။ ဟင်းသီးဟင်းရွက်တွေပဲအစားထိုးဝယ်ပြီးကလေးတွေကိုကျွေးနေရပါတယ်။”ဟုပြောသည်။
မူလတန်းမှ၁၂တန်းထိရှိသော...
ဒေါက်တာစင်သီယာမောင်နှင့် ဦးအောင်မင်း တွေ့ဆုံ
ဇွန်လ ၂၆ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ်အခြေစိုက် မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာ စင်သီယာမောင်နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် မီးရထားဝန်ကြီး ဦးအောင်မင်းတို့က ထိုင်းနိုင်ငံ မဲဆောက်မြို့၊Wattana Village Resort ဟိုတယ်တွင် ယနေ့ နေ့လည် ၁၂နာရီ၌ တွေ့ဆုံခဲ့သည်။
နာရီဝက်ကြာ တွေ့ဆုံခဲ့သည့် အဆိုပါ တွေ့ဆုံပွဲတွင်...
တောထဲသို့ အင်ဥ ထွက်ရှာသည့် အီတိုးထာ့ IDP တစ်ဦး ပစ်သတ်ခံရ
ဇွန်လ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အီတိုးထာ့ ပြည်တွင်း ဒုက္ခသည်(IDP)စခန်းမှ အသက် (၄၈)နှစ်အရွယ် စောကရီးမူးဆိုသူသည် တောထဲသို့ အင်ဥ(မှို) သွားရှာစားနေစဉ်မြန်မာအစိုးရတပ် (ခလရ-၁၉)၏ကိုကြာ့ခို့စခန်းအခြစိုက်ကန့်သတ် နယ်မြေအတွင်းတွင် ဇွန်လ(၁၃)ရက်နေ့က ပစ်သတ်ခြင်းခံခဲ့ရသည်ဟု အီတိုးထာ့ဒေသခံများက ပြောသည်။
အခင်းဖြစ်ပွားသည့် နေရာတွင် အီတိုးထာ့၏ မြောက်ဘက်မှာ ခြေလျင်ဖြင့်...
ချင်းမိုင်သို့ အလုပ်သွားလုပ်ရန်ကြိုးပမ်းသည့် မယ်ရာမိုဒုက္ခသည်ဖမ်းဆီးခံရ
ဇွန်လ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ အလုပ်သွားလုပ်ရန် ကြိုးပမ်းသည့် ထိုင်း-မြန်မာနယ်စပ် မဲဟောင်ဆောင်ခရိုင်၊ ဆူးမွဲမြို့နယ်ရှိ မယ်ရာမို ဒုက္ခသည်စခန်းမှ ဒုက္ခသည် ၅ဦးကိုဇွန်လ ၂၃ရက်နေ့ကထိုင်းအာဏာပိုင်က ဖမ်းဆီးခဲ့သည်ဟု ကရင်ဒုက္ခသည်များကော်မတီ-KRC က ပြောသည်။
မယ်ရာမိုဒုက္ခသည်မှ ဒုက္ခသည် ၇ဦးသည် ထိုင်းနိုင်ငံသား စောနုချေ...
ကိုယ်ထိလက်ရောက် ခံရသူ မြန်မာအမျိုးသမီး ၃ဦး လျော်ကြေးရ
ဇွန်လ ၂၄ရက်၊ ၂၀၁၂ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ)
ရန်ကုန်မြို့၊ လှိုင်သာယာရှိ တိုးမြတ်အောင် ဇာပန်းထိုးစက်ရုံမှ မြန်မာအမျိုးသမီးအလုပ်သမား ၃ ဦးအား ကိုယ် ထိလက်ရောက် ကျူးလွန်ခဲ့သူ တရုတ်အမျိုးသား မစ္စတာချိုင်းကို ရဲစခန်းတွင် အမှုဖွင့်ထားရာ လျော်ကြေးပေး၍ ကျေအေးလိုက်ပြီဖြစ်ကြောင်း အလုပ်သမားအခွင့်အရေးဆောင်ရွက်ပေးသူ မမြင့်မြင့်ဌေးက ပြောသည်။
“တစ်ယောက်ကို ၅...
လူကုန်ကူးမှုလုံးဝ ရပ်တန့်နိုင်ရန် ကြိုးပမ်းသွားမည်ဟု ထိုင်းအစိုးရ ပြော
ဇွန်လ ၂၂ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ထိုင်းနိုင်ငံတွင် လူကုန်ကူးမှုတိုက်ဖျက်ရေး၌ အသင့်အတင့် ကာကွယ်သည့် အဆင့်တွင်သာ ရှိနေသေးသဖြင့် လူကုန်ကူးမှုလုံးဝ ရပ်တန့်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ထိုင်းလူမှုဖူလုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး ဌာနမှ အမျိုးသမီးတဦးဖြစ်သူ ဒါရိုက်တာ Chuliporn က ပြောကြားလိုက်သည်။
လူကုန်ကူးမှုတိုက်ဖျက်ရေး၌ လုံးဝအကာအကွယ်ပေးနိုင်သည့် အဆင့်၊...
နော်အုန်းလှကိုအာဏာပိုင်များ ပြန် လည်စောင့်ကြည့်နေ
ဇွန်လ ၂၂ရက်၊ ၂၀၁၂။ (ကေအိုင်စီ)
ပြီးခဲ့သည့်မေလက လျှပ်စစ်မီး အချိန်ပြည့်ရရှိရေးအတွက် ဖယောင်းတိုင်မီးထွန်း ဆန္ဒထုတ်ဖော်မှုတွင် ဦးဆောင်ပါဝင်ခဲ့သူ နော်အုန်းလှအား လက်ရှိအချိန်တွင် အစိုးရအာဏာပိုင်များက စောင့်ကြည့်လေ့လာမှုများ ပြု လုပ်လျှက်ရှိသည်။
နော်အုန်းလှက “အခု ကျမသွားလေရာကို အနည်းဆုံး ရဲနှစ်ယောက် သုံးယောက်လောက်က လိုက်ကြည့်နေတယ်။ ကျမကတော့ ကိုယ် သွားစရာ...





