Home Authors Posts by Hay Htoo

Hay Htoo

3506 POSTS 0 COMMENTS

မန္တ‌လေးတိုင်း ကျန်းမာ‌ရေးအရာရှိ လူထုအ‌ခြေပြုအဖွဲ့၏ လုပ်ငန်းများကို ဝင်စွက်ဖက်‌နေ

ဇူလိုင်လ ၁၅ရက်၊ ၂၀၁၂ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ) မန္တ‌လေးမြို့ တိုင်းကျန်းမာ‌ရေးအရာရှိ (Regional Officer- RO) ‌ဒေါက်တာ‌ကျော်စိုးသည် လူထုအ‌ခြေပြုအဖွဲ့အချို့၏ လုပ်ပိုင်ခွင့်များကို ဝင်‌ရောက်စွက်ဖက်လျက်ရှိရာ သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့များအ‌နေဖြင့် စိတ်အ‌နှောက် အယှက်ဖြစ်ရသည်ဟု ‌ဒေသတွင်းရှိ လူထုအ‌ခြေပြု အဖွဲ့တစ်ခုမှ မန်‌နေဂျာ အမျိုးသမီး တစ်ဦးက ‌ကေအိုင်စီသို့...

မယ်လဒုက္ခသည်ခန်းတွင် ဘိန်းမဲ‌ရောင်းဝယ် သုံးစွဲသူနှစ်ဦးကို ဖမ်းမိ

ဇူလိုင်လ ၁၃ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ) ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ထမ့်‌ဆောင်ယန်းမြို့နယ်အတွင်းရှိ မယ်လဒုက္ခသည်စခန်းသို့ ယ‌နေ့ နံနက် ၅နာရီက ထိုင်းအာဏာပိုင်များမှ ‌ရှောင်တခင် ဝင်‌ရောက်စစ်‌ဆေးခဲ့ရာ ဘိန်းမဲ‌ရောင်းဝယ်သုံးစွဲသူနှစ်ဦးကို ဖမ်းမိခဲ့သည်ဟု စခန်းတာဝန် ရှိသူများက ‌ပြောသည်။ ဘိန်းမဲဖမ်းမိသည့် အိမ်သည် ဇုံ(စီဝမ်း-ဘီ)ရပ်ကွက်၌ တည်ရှိပြီး ယင်းအိမ်မှ အမျိုးသမီးတဦးနှင့်အမျိုးသား...

KIO ထိန်းချုပ်နယ်‌မြေတွင် ဒုက္ခသည်ဦး‌ရေ ဆက်လက် တိုးပွားလာ

ဇူလိုင်လ ၁၃ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (‌ကေအိုင်စီ) မြန်မာအစိုးရတပ်နှင့် ကချင်လွတ်‌မြောက်‌ရေးတပ်ဖွဲ့-KIO တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲများ‌ကြောင့် KIO ထိန်းချုပ်နယ်‌မြေအတွင်း ထွက်‌ပြေးလာသည့် ဒုက္ခသည်ဦး‌ရေ ဆက်လက်တိုးပွားလာသည်ဟု ဒုက္ခသည်‌စောင့်‌ရှောက်‌ရေး‌ကော်မတီက ‌ပြောသည်။ KIO ထိန်းချုပ်နယ်‌မြေအတွင်းမှာပင် ဇွန်လဆန်းပိုင်းအတွင်းက ဒုက္ခ‌ပေါင်း ၅၂,၀၀ဝ (ငါး‌သောင်းနှစ်‌ထောင်) ‌ကျော်ရှိ ရာမှ...

KNU ဒူးပလာယာခရိုင် ၁၃ကြိမ်‌မြောက် ညီလာခံ ပြီးစီး

ဇူလိုင်လ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ) ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကရင်အမျိုးသားအစည်းအရုံး-KNU ဒူးပလာယာခရိုင်မှ ပြီးခဲ့သည်အပတ်က ၁၃ကြိမ်‌မြောက် ခရိုင်ညီလာခံ ကျင်းပပြုလုပ်ခဲ့သည်။ ညီလာခံကို ဇူလိုင်လ ၃ရက်‌နေ့မှ ၇ရက်‌နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ခရိုင်အမြဲတမ်း ‌ကော်မတီအဖွဲ့ဝင် ‌ခေါင်း‌ဆောင်များအဖြစ် ဥက္ကဌ ပဒို ‌စော‌ရွှေ‌မောင်း၊ ဒုဥက္ကဌ ဗိုလ်မှူးချုပ်ဆာမိ‌စေးဖိုး၊ အတွင်း‌ရေးမှူး...

ထိုင်းနှင့် မြန်မာသတင်း‌ထောက် များကိုJATမှ ဖိတ်‌ခေါ် မိတ်ဆက်ပွဲပြုလုပ်

ဇူလိုင်လ၁၂ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ(‌ကေအိုင်စီ) ထိုင်းနိုင်ငံတာ့ခ်ခရိုင် သတင်း‌ထောက်များအသင်း (Journalist Association of Thailand-JAT)မှ ထိုင်း-မြန်မာနယ်စပ် အ‌ခြေစိုက် မဲ‌ဆောက်မြို့ နှင့် မြဝတီမြို့ရှိထိုင်းသတင်း‌ထောက်နှင့် မြန်မာ သတင်း‌ထောက်များကိုဖိတ်‌ခေါ်၍ ယ‌နေ့‌နေ့လည် ၁၂နာရီ မှ ၁နာရီအထိမဲ‌ဆောက်မြို့တွင် ပထမဦးဆုံး‌တွေ့ဆုံမိတ်ဆက်ပွဲပြုလုပ်ကျင်းပခဲ့သည်။ “ထိုင်းနဲ့ မြန်မာဆိုတာနီးစပ်မှု‌တွေ ရှိ‌နေတယ်။ဒါ‌ပေမယ့် ကျ‌နော်တို့အချင်းချင်းက‌တော့...

ဇွန်လအတွင်း အစိုးရ၏ ဖမ်းဆီးခံရသူ ပိုများလာဟု AAPP ‌ပြော

ဇူလိုင်လ ၁၁ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ) မြန်မာနိုင်ငံတွင် မြန်မာအစိုးရ၏ အဖမ်းခံရသူ ပိုမိုများပြားလာပြီး ယခင်လ ဇွန်လအတွင်း၌ ၂၁ ဦး ရှိ‌ကြောင်း ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် နိုင်ငံ‌ရေး အကျဉ်းသားများ ကူညီ‌စောင့်‌ရှောက်‌ရေး အသင်း-မြန်မာနိုင်ငံ(AAPP) က ‌ပြောသည်။ AAPP ၏ တွဲဖက်အတွင်း‌ရေးမှူး...

မွန်ဒီမိုက‌ရေစီပါတီကို နိုင်ငံ‌ရေးပါတီ အဖြစ်မှတ်ပုံတင်ခွင့်ပြု

ဇူလိုင် ၁၁ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (‌ကေအိုင်စီ) မွန်ဒီမိုက‌ရေစီပါတီ(MDP)အားတရားဝင်နိုင်ငံ‌ရေးပါတီ အဖြစ် ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ဇူလိုင်လ ၁ဝ ရက်‌နေ့ ရက်စွဲဖြင့် မှတ်ပုံတင်ခွင့်ပြုလိုက်သည်။ MDP ကို နိုင်ငံ‌ရေးပါတီများ မှတ်ပုံတင်ခြင်း ဥပ‌ဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်အမှတ် ၅၈ ဖြင့် မှတ်ပုံတင်ခွင့်ပြုလိုက်‌ကြောင်း ယ‌နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်...

တာကားလမ်း ‌ဖောက်လုပ်ခြင်း‌ကြောင့် ‌ရေကြီး မည်ကို ‌ဒေသခံများစိုးရိမ်

ဇူလိုင်လ ၁၁ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (‌ကေအိုင်စီ) မွန်ပြည်နယ်၊ ကျိုက်မ‌ရောမြို့နယ် အတွင်း၌ ‌ဆောက်လုပ်‌နေသည့် ‌ဇေကမ္ဘာကုမ္ပဏီ၏ ဘိလပ်‌မြေစက်ရုံနှင့် ဆက်သွယ်မည့် တာကားလမ်းမကြီး‌ဖောက်လုပ်ခြင်း‌ကြောင့် ၎င်း‌ဒေသတဝိုက်ရှိ ‌ကျေးရွာများ ‌ရေမြုပ်မည်ကို စိုးရိမ်‌နေကြသည်။ ယခင်လ ဇွန်လမှစ၍ စတင်‌ဖောက်လုပ်ခဲ့သည့် ထိုတာကားလမ်းသည် ဘိလပ်‌မြေစက်ရုံတည်ရှိရာ နှီးတုံ ‌တောင်မှ စံပယ်ဂူထိ...

မြန်မာနိုင်ငံ အမျိုးသားလူ့ အခွင့်အ‌ရေး ‌ကော်မရှင်နှင့် ‌တွေ့ရန် HREIB ဒါရိုက်တာ ခရီးစတင်

ဇူလိုင်လ ၁ဝရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ) လူ့အခွင့်အ‌ရေးစွမ်းရည်တိုးတက်မှုလုပ်ငန်းများ ပူး‌ပေါင်းလုပ်‌ဆောင်‌ရေးအတွက် ပြည်ပအ‌ခြေစိုက် လူ့အခွင့်အ‌ရေး ပညာ‌ပေးဌာန မြန်မာနိုင်ငံ-HREIB ၏ ဒါရိုက်တာ ဦး‌အောင်မျိုးမင်းသည် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်‌ရေး‌ကော်မရှင်ကို သွား‌ရောက်‌တွေ့ဆုံရန် ထိုင်းနိုင်ငံမှ ထိုင်းအဲ‌ဝေး‌လေ‌ကြောင်းလိုင်းဖြင့် ယ‌နေ့ ခရီးစတင်မည်ဖြစ်သည်။ ယ‌နေ့မနက် ခရီးမထွက်မီ ဦး‌အောင်မျိုးမင်းက...

ကယားပြည်နယ်တွင် KNPP ဆက်ဆံ‌ရေးရုံး ၃‌နေရာ ဇူလိုင်လ အတွင်းဖွင့်မည်

ဇူလိုင်လ ၁ဝရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ) ကယား(ကရင်နီ)ပြည်နယ်ရှိ ယခု ဇူလိုင်အတွင်း လွိုင်‌ကော်၊ ရှမ်း‌တောနှင့် ဖာ‌ဆောင်းမြို့နယ်တို့တွင် ဆက်ဆံ‌ရေးရုံး ပြန်ဖွင့်မည်ဟု ကရင်နီအမျိုးသား တိုးတက်‌ရေးပါတီ-KNPP က ယ‌နေ့ ‌ပြောကြားလိုက်သည်။ KNPP အတွင်း‌ရေးမှူး(၁) ခူဦးရယ်က “ကျ‌နော်တို့ ရုံးပြန်ဖွင့်ဖို့ ရက်အတိအကျ‌တော့ ‌ပြောမရ‌သေး‌ပေမယ့် ဒီလ(ဇူလိုင်)မှာပဲ...
Donate