Home သတင်း KNU ဒူးပလာယာခရိုင် ၁၃ကြိမ်‌မြောက် ညီလာခံ ပြီးစီး

KNU ဒူးပလာယာခရိုင် ၁၃ကြိမ်‌မြောက် ညီလာခံ ပြီးစီး

1730
ဇူလိုင်လ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ)


ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကရင်အမျိုးသားအစည်းအရုံး-KNU ဒူးပလာယာခရိုင်မှ ပြီးခဲ့သည်အပတ်က ၁၃ကြိမ်‌မြောက် ခရိုင်ညီလာခံ ကျင်းပပြုလုပ်ခဲ့သည်။

ညီလာခံကို ဇူလိုင်လ ၃ရက်‌နေ့မှ ၇ရက်‌နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ခရိုင်အမြဲတမ်း ‌ကော်မတီအဖွဲ့ဝင် ‌ခေါင်း‌ဆောင်များအဖြစ် ဥက္ကဌ ပဒို ‌စော‌ရွှေ‌မောင်း၊ ဒုဥက္ကဌ ဗိုလ်မှူးချုပ်ဆာမိ‌စေးဖိုး၊ အတွင်း‌ရေးမှူး ပဒို‌စောလစ္စတန်နှင့် တွဲဖက် အတွင်း‌ရေးမှူး ပဒို‌စောမိုးအဲ့ဒို့ထူး အပါအဝင် အဖွဲ့ဝင်‌ပေါင်း ၂၁ဦးအား ‌ရွေး‌ကောက်တင်‌မြှောက်ခဲ့သည်။

“ညီလာခံကို ကျင်းပတာ ပြီးသွားပြီ‌ပေါ့‌နော်။ ပြန်လည်အ‌ရွေးခံရတဲ့ ခရိုင်‌ခေါင်း‌ဆောင်‌တွေထဲမှာ အဓိကကျတဲ့ ‌လေးဦးက‌တော့ အ‌ပြောင်း အလဲ မရှိဘူး။ လုပ်ငန်းက‌တော့ အရင်တိုင်းပဲ ဆက်လုပ်သွားမယ်။”ဟု KNU ‌ခေါင်း‌ဆောင်တဦးက ‌ကေအိုင်စီသို့ ‌ပြောဆိုခဲ့သည်။

ယင်းညီလာခံတွင် KNU ဗဟိုမှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စောမူးတူး‌စေးဖိုး အပါအဝင် ၄ဦးနှင့် KNU ဒူးပလာယာခရိုင် ကိုယ်စားလှယ်များ စုစု‌ပေါင်း ၃၀၀‌ကျော် တက်‌ရောက်ခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ‌မေလ ၁၅ရက်‌နေ့က ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)အ‌နေဖြင့် ဆက်ဆံ‌ရေးရုံးခွဲကို အဆိုပါ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရား သုံးဆူမြို့တွင် ဖွင့်လှစ်ခဲ့ပြီး ‌ကေအဲန်ယူ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုးနှင့် အစိုးရဘက်မှ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး အဖွဲ့‌ခေါင်း ‌ဆောင် ဦး‌အောင်မင်းနှင့် ဦးခင်ရီတို့ တက်‌ရောက်ခဲ့ကြသည်။

KNU လက်‌အောက်ခံတွင် သထုံ၊ ‌တောင်ငူ၊ ‌ညောင်‌လေးပင်၊ ဘိတ်-ထားဝယ်၊ ဖာပွန်(မူတ‌တြော်)၊ ဒူးပလာယာနှင့် ဖားအံ စသည့် ခရိုင် ၇ခုရှိပြီး ၎င်းတို့၏ ဖွဲ့စည်းပုံအရ ခရိုင်အဆင့် ညီလာခံကို ၂နှစ်တကြိမ် ကျင်းပရခြင်း ဖြစ်သည်။