Hay Htoo
ကျောင်းကုန်းရေဘေးကယ်ဆယ်ရေး စခန်းများ အရေးပေါ် အကူအညီ လိုအပ်နေ
ဩဂုတ်လ ၁၃ရက်၊ ၂၀၁၂ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ)
ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့အနောက်ဖက်ခြမ်းရှိ ရပ်ကွက်များမှ လူနေအိမ်များ ရေနှစ်မြုပ်လျှက်ရှိပြီး ယာယီ ဖွင့်လှစ်ထားသော ကယ် ဆယ်ရေးစခန်းများတွင် လက်ရှိအချိန်၌ အရေးပေါ် အကူအညီများ လိုအပ်လျှက်ရှိသည်ဟု ကျောင်းကုန်းမြို့ အမျိုးသားဒီမိုကရေစီ-NLD ဥက္ကဌက ပြောသည်။
ကျောင်းကုန်း NLD ဥက္ကဌ ဦးသိန်းဟန်က...
မြဝတီခရိုင်၊ နို့ဖိုးကျေးရွာမှ စစ်ရေးပြ ပါဝင်သည့် ကရင့်အာဇာနည်နေ့ အခမ်းအနား
ဩဂုတ်လ ၁၂ရက်။ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
ယနေ့ကျရောက်သည့် ၆၂နှစ်မြောက် ကရင့်အာဇာနည်နေ့၌ ကရင်ပြည်နယ် မြဝတီမြို့နယ် နို့ဖိုးကျေးရွာတွင် မြို့နယ်အဆင့် ကရင်အမျိုး သားအစည်းအရုံး-KNU တပ်မဟာ(၆)က စစ်ရေးပြအခမ်းအနားနှင့်အတူ ယနေ့ မနက် ၇နာရီမှ ၁ဝနာရီအထိ ကျင်းပပြုလုပ်ခဲ့သည်။
KNU အဖွဲ့ဝင်များ အပါအဝင် နို့ဖိုး၊ ထီးမူးထာ့နှင့် မဲ့ကနဲ...
လယ်သိမ်းမခံရစေရန် ကရင်နီတောင်သူ ၇၀၀ကျော် ဆုတောင်းပွဲပြုလုပ်
ဩဂုတ်လ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (ကေအိုင်စီ)
ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့နယ် အရှေ့မြောက်ဘက်ဒေသတွင် တည်ဆောက်မည့် ဘိလပ်မြေစက်ရုံအတွက် လယ်ယာမြေ အသိမ်းခံရဖွယ်ရှိသည့် ကျေးရွာ ၁ဝရွာကျော်မှ လယ်ယာမြေပိုင်ရှင် တောင်သူဦးကြီး ၇၀၀ကျော်က ဘာသာစုံ ဆုတောင်းပွဲကို ယနေ့ ပြု လုပ်ခဲ့ကြသည်။
အဆိုပါဆုတောင်းပွဲကို ဘိလပ်မြေစက်ရုံ တည်ဆောက်မည့် ပကျဲရွာဟောင်းတွင်...
အာဇာနည်ပီသသူ ကရင့်ခေါင်းဆောင်များ အကြောင်း ရေးသားသည့် ဝတ္ထုရှည်ပြိုင်ပွဲ ဖိတ်ခေါ်လိုက်ပြီ
ဩဂုတ်လ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါးလေး (ကေအိုင်စီ)
ကျဆုံးသွားသော ကရင်တော်လှန်ရေး အာဇာနည်ခေါင်းဆောင်များနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဝတ္ထုရှည်အဖြစ် ရေးသား ကာ ပြိုင်ပွဲဝင်ရန် ကော်သူးလေ ကောလိပ်ကျောင်းသားဟောင်းများ အသင်းအဖွဲ့မှ ဖိတ်ခေါ်စာ ထုတ်ပြန်ထားသည်။
ထိုဖိတ်ခေါ်စာထဲတွင် ကရင့်တော်လှန်ရေး ၆၃နှစ်အတွင်း ကရင်လူငယ်အမျိုးသား၊ အမျိုးသမီးများက အသက်၊...
ဖို့ဝိန်းမြို့တွင် ပထမအကြိမ် ကရင့်အာဇာနည်နေ့ အခမ်းအနား ကျင်းပခဲ့
ဩဂုတ်လ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ စောစိုင်းစိုင်း
အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့တွင် ၆၂နှစ်မြောက် ကရင့်အမျိုးသား အာဇာနည်နေ့ အခမ်းအနားကို ပထမ ဆုံးအကြိမ်အဖြစ် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် ကျဆုံးသွားခဲ့ကြသူ အာဇာနည်များအတွက် ဝမ်းနည်းကြေကွဲသည့် အထိမ်းအမှတ်အဖြစ် ကရင်အမျိုးသားအလံတော် ကို တိုင်တစ်ဝက်သာ လွှင့်ထူပြီး စတင်...
ဩစတြေးလျား၊ မဲလ်ဘမ်းမြို့ ကရင့်ရိုးရာချည်ဖြူဖွဲ့ပွဲတွင် ပရိဿတ် ၈၀ဝနီးပါး ဆင်နွဲ
ဩဂုတ်လ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ စောကျော်ခွီး (ကေအိုင်စီ)
ဩစတြေးလျားနိုင်ငံ၊ မဲလ်ဘမ်းမြို့တွင် ယမန်နေ့က Australia Karen Organization-AKO (Victoria branch) မှ ဦးစီးကျင်းပသော ကရင့်ရိုးရာ ချည်ဖြူဖွဲ့ပွဲတော်သို့ လူပရိဿတ် ၈၀ဝနီးပါး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချည်ဖြူဖွဲ့ပွဲ အခမ်းအနားကို ဗစ်တိုးရီးယားပြည်နယ် မဲလ်ဘမ်းမြို့ ဝေါ်ရဘီရပ်ကွက်ရှိ...
၆၂နှစ်မြောက် ကရင့်အာဇာနည်နေ့ ဩစတြေးလျားဆစ်ဒနီ၌ ကျင်းပပြီးစီး
ဩဂုတ်လ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ စောကျော်ခွီး (ကေအိုင်စီ)
ယနေ့ကျရောက်သည့် (၆၂)နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့ကို ဩစတြေးလျားနိုင်ငံ နယူးဆောက်သ်ဝေးပြည်နယ် ဆစ်ဒနီမြို့ Villawood Senior Citizen’s Hall တွင် ယမန်နေ့က တစ်ရက်ကြိုတင်၍ ကျင်းပပြီးစီးခဲ့သည်။
ယမန်နေ့ နေ့လည် ၁၁နာရီမှ ညနေ ၂နာရီအထိ နယူးဆောက်သ်ဝေးဌာနခွဲ ဩစတြေးလျားကရင်အမျိုးသားအဖွဲ့-AKO...
ဇမိချောင်း ရေလမ်းသွားခရီးသည်များ ဂိတ်ကြေးပေးဆောင်နေရ
ဩဂုတ်လ ၁ဝရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမှ ကြာအင်းဆိပ်ကြီးသို့ သွားလာနေရသည့် ဇမိမြစ်ကြောင်းလမ်း တစ်လျှောက်တွင် ခရီးသည်များမှာ လှေခအပြင် ဝေသာလီရွာမှစ၍ ဂိတ်ကြေးများပါ ပေးဆောင်နေကြရကြောင်း ခရီးသွား များ၏ ပြောပြချက်အရ သိရသည်။
“လှေခကတော့ နှစ်ဆင့်ဆိုတော့ ၃၂,၀၀ဝ ပေါ့။ ဂိတ်ကြေးတွေကျတော့ ချောင်းဆုံကနေ...
သောင်ရင်းမြစ်ရေကြီးမှုကြောင့် မြ ဝတီမြို့အိမ်ခြေ ၃ဝနီးပါး ရေနစ်မြုပ်
ဩဂုတ်လ ၁ဝရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ကရင်ပြည်နယ် မြဝတီမြို့တွင် မိုးဆက်တိုက်ရွာသွန်းပြီး ယနေ့နံနက်က စတင်၍ သောင်ရင်းမြစ်ရေကြီးထွားလာမှုကြောင့် လူနေအိမ်ခြေ ပေါင်း ၄ဝနီးပါးခန့် ရေနစ်မြုပ်သွားကြောင်း မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်တင်က ပြောသည်။
ဦးမြင့်တင်က “မိုးကလည်းအရမ်းရွာတော့ ရေနည်းနည်းကြီးတယ်။ အိမ်သုံးလေးဆယ်လောက်မှာ ရေ ၂ပေလောက်တက်တယ်။ ဒါပေ...
အထက်ပေါင်းလောင်း ဆည်ကြောင့်ဒေသခံ နစ်နာမှုရှိကြောင်း ကယန်းလူငယ်အဖွဲ့ ရှင်းလင်းပြောဆို
ဩဂုတ်လ ၉ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
၂၀၁၂ခုနှစ်ကုန်ပိုင်းတွင် အပြီးသတ် တည်ဆောက်မည်ဖြစ်သောသျှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်မှ အထက်ပေါင်းလောင်းဆည် စီမံကိန်းကြောင့် ရွာ ၂၃ရွာမှာ အန္တရာယ်ကြုံတွေ့နိုင်ပြီး နစ်နာမှုများရှိနေကြောင်း ကယန်းမျိုးဆက်သစ်လူငယ် -KNGY က မန္တလေးမြို့၌ ယနေ့ ပြောဆိုလိုက်သည်။
မန္တလေးမြို့ ၇၁လမ်း၊ လမ်း ၃၀ထောင့်၊...





