Home Authors Posts by Hay Htoo

Hay Htoo

3506 POSTS 0 COMMENTS

တာလမ်း‌ကြောင့် လယ်‌မြေများ ရက်လကြာ ‌ရေနစ်မြုပ်

ဩဂုတ်လ ၁၅ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (‌ကေအိုင်စီ) မွန်ပြည်နယ်၊ ကျိုက်မ‌ရောမြို့နယ် နိတုံ-အတ္တရံ တာလမ်း‌ဖောက်လုပ်ခြင်း‌ကြောင့် ထို‌ဒေသတဝိုက်ရှိ လယ်ယာ‌မြေ ဧက‌ထောင်ချီ၍ ရက်လကြာ ‌ရေမြုပ်‌နေ‌ကြောင်း သိရသည်။ ‌ဇေကမ္ဘာကုမ္ပဏီမှ တည်‌ဆောက်လျှက်ရှိသည့် ဘိလပ်‌မြေစက်ရုံ စီမံကိန်းသို့ သွယ်တန်းသည့် ထိုတာလမ်းသည် ‌ဒေသခံတို့၏ လယ်ယာ ‌မြေကိုဖြတ်ပြီး ‌ဖောက်လုပ်သည့်အတွက် ‌ရေများ...

အပြန်အလှန် ဖလှယ်မှုများ လုပ်‌ဆောင်သွားရန် KNU နှင့် ၈၈ မျိုးဆက်အဖွဲ့ ‌ဆွေး‌နွေးဖြစ်ခဲ့

ဩဂုတ်လ ၁၅ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ) တိုင်းရင်းသား‌ဒေသ အ‌ခြေအ‌နေများကို သတင်းဖလှယ်မှုများ ပူး‌ပေါင်းလုပ်‌ဆောင်သွားရန် ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် ၈၈မျိုး ဆက်‌ကျောင်းသားအဖွဲ့မှ နှစ်ဖက်‌ခေါင်း‌ဆောင်များ ပြီးခဲ့သည့် ရက်အနည်းငယ်က ‌တွေ့ဆုံရာတွင် ‌ဆွေး‌နွေး‌ပြောဆိုဖြစ်ခဲ့ကြသည်။ ဩဂုတ်လ ၁၂ရက်‌နေ့က ကရင်ပြည်နယ်၊ KNU ဒူးပလာယာခရိုင်နယ်‌မြေ ‌ကော့ကရိတ်မြို့နယ်၊ သုံးဆယ့်သုံးဆူရွာတွင် ကျင်းပခဲ့သည့်...

ဗိုလ်ချုပ်ကြီး‌ဟောင်း ဦးဉာဏ်ထွန်း ဒုသမ္မတ တင်‌မြှောက်ခံရ

ဩဂုတ်လ ၁၅ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ) မြန်မာနိုင်ငံ၏ လစ်လပ်‌နေ‌သော ဒုတိယသမ္မတ ‌နေရာအတွက် အငြိမ်းစားဗိုလ်ချုပ်ကြီး (ကာကွယ်‌ရေးဦးစီးချုပ်-‌ရေ) ဦးဉာဏ်ထွန်းအား ယ‌နေ့မနက် ၁ဝနာရီ‌ကျော်တွင် ‌ရွေးချယ်တင်‌မြှောက် လိုက်ပြီဖြစ်သည်။ ‌နေပြည်‌တော်၌ ကျင်းပသည့် ပြည်‌ထောင်စု လွှတ်‌တော်အစည်းအ‌ဝေးတွင် နာယက ဦးခင်‌မောင်မြင့်က တပ်မ‌တော်သား လွှတ်‌တော်အစု အဖွဲ့မှ ဗိုလ်ချုပ်ကြီးဉာဏ်ထွန်းအား...

‌ကော့ကရိတ် ကြာအင်းဆိပ်ကြီး‌ဒေသများတွင် ‌ရေကြီး၍ လယ်‌မြေဧက ‌ထောင်နှင့်ချီ ပျက်စီး

ဩဂုတ်လ ၁၅ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ) ကရင်ပြည်နယ် ‌ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များရှိ ‌ကျေးရွာ အ‌တော်များများတွင် မိုးများကာ ‌ရေကြီး၍ ‌တောင်သူများ စိုက်ပျိုးထား‌သော လယ်‌မြေဧက‌ပေါင်း ‌ထောင်နှင့်ချီ၍ ပျက်စီးဆုံးရှုံးလျှက်ရှိ‌ကြောင်း ‌ဒေသခံလယ်သမားများ၏ ‌ပြောပြချက်အရ သိရ သည်။ ‌ကော့ကရိတ်မြို့နယ်အတွင်းရှိ ‌ဟောင်သ‌ရောမြစ်တစ်‌လျှောက်ရှိ ဘုရားငုတ်တို၊ ‌သေးခွယ်‌ကော၊ ‌ယော်တဘဲ...

မြဝတီတွင် တပ်မဟာနှစ်ခုအတွက် KNU ဆက်ဆံ‌ရေးရုံး ဖွင့်မည်

ဩဂုတ်လ ၁၅ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ) ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ကရင်ပြည်နယ်၊ မြဝတီမြို့တွင် တပ်မဟာနှစ်ခုအတွက် ဆက်ဆံ‌ရေးရုံးကို ဩဂုတ်လ ၁၈ရက်‌နေ့ တွင် ဖွင့်လှစ်သွားမည်ဖြစ်‌ကြောင်း ယ‌နေ့ရရှိသည့် ၎င်းတို့၏ ဖိတ်စာအရ သိရသည်။ ထို‌နေ့နံနက် ၁ဝနာရီမှ ၁၂နာရီအထိ ဖွင့်ပွဲအဖြစ် ပြုလုပ်သွားမည့် အဆိုပါဆက်ဆံ‌ရေးရုံးမှာ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်ဖွဲ့ (KNLA)...

ကချင်ပြည် အ‌ခြေအ‌နေ လူ့အခွင့်အ‌ရေး ‌ကော်မရှင် ‌သေချာ စုံစမ်းသင့်ဟု KWAT ‌ပြော

ဩဂုတ်လ ၁၄ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (‌ကေအိုင်စီ) ကချင်ပြည်နယ်အတွင်း ဖြစ်ပွား‌နေသည့် တိုက်ပွဲများ‌ကြောင့် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်ခံ‌နေရသည့် အ‌ခြေအ‌နေများကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အ‌ရေး‌ကော်မရှင် အ‌နေနှင့် ‌သေချာစုံစမ်းသင့်‌ကြောင်း ကချင်အမျိုးသမီးအစည်းအရုံး(ထိုင်းနိုင်ငံ)-KWAT တာဝန်ခံ မွန်း‌နေလီက ‌ပြောသည်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အ‌ရေး‌ကော်မရှင်အ‌နေနှင့် ယ‌နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ‌ဖော်ပြလိုက်သည့်...

ရာသီဥတု‌ကြောင့် ဧရာဝတီတိုင်း လယ်သမားများ အ‌ကြွေးတင်ကာ ဝမ်းစာခက်ခဲ‌နေ

ဩဂုတ်လ ၁၄ရက်၊ ၂၀၁၂ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ) ရာသီဥတု‌ဖောက်ပြန်ခြင်း၊ မိုးအဆက်မပြတ်ရွာသွန်းခြင်း ၊ မြစ်‌ရေကြီးခြင်းတို့‌ကြောင့် မြန်မာနိုင်ငံ အရပ်ရပ်တွင် ‌ရေကြီးမှုများ ကြုံ‌တွေ့‌နေရ သည့်အထဲ ဧရာဝတီတိုင်း‌ဒေသကြီးရှိ ‌တောင်သူလယ်သမားများမှာ အ‌ကြွေးဝိုင်းကာ ဝမ်းစာ‌ရေး ခက်ခဲ‌နေ‌ကြောင်း ၎င်းတို့၏ ‌ပြောပြချက် အရ သိရသည်။ ဩဂုတ်လ (၁)ရက်‌နေ့မှစ၍...

မဲ‌ဆောက်မြို့ရှိ မြန်မာအလုပ်သမား ၈ဦး အလုပ်ဖြုတ်ခံရ၍ အမှုဖွင့်

ဩဂုတ်လ ၁၄ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ) ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့ မယ့်‌တော်တိုက်ရပ်ကွက်ရှိ ဒီဒီသိုး‌မွှေးထည်စက်ရုံ၏ အလုပ်ရှင်သည် ၎င်းစက်ရုံမှ မြန်မာအလုပ်သမား ၈ဦးကို အ‌ကြောင်းမဲ့ အလုပ်ဖြုတ်ခဲ့၍ အလုပ်ဖြုတ်ခံရသူ အလုပ်သမားများက အလုပ်သမားများလူမှုဖူလုံ‌ရေးနှင့် အလုပ်သမားကာကွယ်‌ရေးရုံး (ဆဝပ်ဒီကန်)သို့ ယ‌နေ့မနက်တွင် အမှုဖွင့်ထားသည်။ ဆဝပ်ဒီကန်တွင် နစ်နာ‌ကြေးရရှိရန် အမှုဖွင့်ထားသူများမှာ ကိုလင်း...

ကချင်စစ်‌ပြေးဒုက္ခသည်များကို ‌နှောင် ကြိုးမဲ့ ကွန်ယက်အဖွဲ့ သွား‌ရောက်ကူညီ

ဩဂုတ်လ ၁၃ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (‌ကေအိုင်စီ) ကချင်ပြည်နယ်၊ မိုင်ဂျာယန်‌ဒေသရှိ ကချင်စစ်‌ပြေးဒုက္ခသည်စခန်း ၆ခုတွင် ခိုလှုံ‌နေကြသည့် ဒုက္ခသည်များကို မန္တ‌လေးအ‌ခြေစိုက် ‌နှောင်ကြိုးမဲ့လူမှု ဘဝတိုးတက်မှု ကူညီ‌ရေးကွန်ယက်အဖွဲ့မှ ယ‌နေ့ သွား‌ရောက်ကူညီခဲ့သည်။ ဒုက္ခသည်စခန်း ၆ခုတွင် ခိုလှုံ‌နေကြသည့် ဒုက္ခသည်များအတွက် ‌ဆေးဝါးကုသမှု အပါအဝင် ‌ငွေသားနှင့် အသုံးအ‌ဆောင်ပစ္စည်း စုစု‌ပေါင်း...

မြဝတီမြို့နယ်ရှိ ကရင်လူငယ် ၁၀၀‌ကျော်နှင့် KYO ပထမဆုံး အကြိမ် နှီး‌နှောဖလှယ်

ဩဂုတ်လ ၁၃ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ) လူမှုအသိုင်းအဝိုင်းနှင့် အမျိုးသား‌ရေးတွင် ကရင်လူငယ်များ ပါဝင်ပူး‌ပေါင်း‌ဆောင်ရွက် တတ်လာ‌စေရန် ရည်ရွယ်၍ ကရင်လူငယ်အစည်း အရုံး-KYO က မြဝတီမြို့နယ်ရှိ နို့ဖိုးရွာ၌ ကရင်လူငယ် ၁၀၀‌ကျော်နှင့် ဩဂုတ်လ ၁၁ရက်‌နေ့က ပထမဆုံးအကြိမ် ‌တွေ့ဆုံခဲ့သည်။ ‌ဆွေး‌နွေးပွဲကို ဦး‌ဆောင်သည့် KYO ဒုဥက္ကဌ...
Donate