Home သတင်း ဖို့ဝိန်းမြို့တွင် ပထမအကြိမ် ကရင့်အာဇာနည်‌နေ့ အခမ်းအနား ကျင်းပခဲ့

ဖို့ဝိန်းမြို့တွင် ပထမအကြိမ် ကရင့်အာဇာနည်‌နေ့ အခမ်းအနား ကျင်းပခဲ့

1041
ဩဂုတ်လ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ ‌စောစိုင်းစိုင်း

အ‌မေရိကန်ပြည်‌ထောင်စု၊ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့တွင် ၆၂နှစ်‌မြောက် ကရင့်အမျိုးသား အာဇာနည်‌နေ့ အခမ်းအနားကို ပထမ ဆုံးအကြိမ်အဖြစ် ယမန်‌နေ့က ကျင်းပပြုလုပ်ခဲ့ကြသည်။

အခမ်းအနားတွင် ကျဆုံးသွားခဲ့ကြသူ အာဇာနည်များအတွက် ဝမ်းနည်း‌ကြေကွဲသည့် အထိမ်းအမှတ်အဖြစ် ကရင်အမျိုးသားအလံ‌တော် ကို တိုင်တစ်ဝက်သာ လွှင့်ထူပြီး စတင် ဖွင့်လှစ်ခဲ့သည်။

၎င်း‌နောက် အာဇာနည်‌နေ့ ဖြစ်‌ပေါ်လာပုံအ‌ကြောင်း၊ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ၏ မိန့်ခွန်းအပြင် ကရင်လူငယ်အစည်းအရုံးနှင့် ကရင်အမျိုးသမီးအစည်းအရုံးတို့မှ ‌ပေးပို့လာ‌သော အာဇာနည်‌နေ့အတွက် သဝဏ်လွှာများကို ဖတ်ကြားခဲ့ကြသည်။

ဖို့ဝိန်းမြို့တွင် ကရင့်အာဇာနည်‌နေ့ အခမ်းအနား ကျင်းပရခြင်းမှာ ကရင်မျိုးဆက်သစ်များ အာဇာနည်‌နေ့အ‌ကြောင်း နားလည်သိရှိရန်နှင့် မပြီးဆုံး‌သေး‌သော ကရင့်‌တော်လှန်‌ရေးကို လက်ဆင့်ကမ်းနိုင်ရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်ဟု အခမ်းအနား ဖြစ်‌မြောက်‌ရေး‌ကော်မ တီမှ ဆရာ‌စောရှီးလာက ‌ပြောသည်။

ဖို့ဝိန်းမြို့တွင် မြန်မာနိုင်ငံသား ၇,၀၀ဝဦး‌ကျော်ရှိပြီး အခမ်းအနားသို့ ဖို့ဝိန်းမြို့‌နေ ကရင်လူမျိုးများ၊ အခြားပြည်နယ်များမှ ကရင်များ၊ အခြားမြန်မာတိုင်းရင်းသားများနှင့် နိုင်ငံခြားသားများ အပါအဝင် လူဦး‌ရေ တစ်‌ထောင်‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ကရင်အမျိုးသား အာဇာနည်‌နေ့ကို ၁၉၅ဝခုနှစ်၊ ဩဂုတ်လ ၁၂ရက်‌နေ့က ‌ကေအဲန်ယူ ဥက္ကဌ ‌စောဘဦးကြီးနှင့် ရဲ‌ဘော်ရဲဘက်များ ကျဆုံး ခဲ့သည့်‌နေ့ကို သတ်မှတ်ခဲ့ကြပြီး ကရင့်‌တော်လှန်‌ရေးနယ်‌မြေ၌သာမက နိုင်ငံအသီးသီးရှိ ကရင်လူမျိုးများက နှစ်စဉ် ကျင်းပပြုလုပ်‌လေ့ရှိ ကြသည်။