Home သတင်း အာဇာနည်ပီသသူ ကရင့်‌ခေါင်း‌ဆောင်များ အ‌ကြောင်း ‌ရေးသားသည့် ဝတ္ထုရှည်ပြိုင်ပွဲ ဖိတ်‌ခေါ်လိုက်ပြီ

အာဇာနည်ပီသသူ ကရင့်‌ခေါင်း‌ဆောင်များ အ‌ကြောင်း ‌ရေးသားသည့် ဝတ္ထုရှည်ပြိုင်ပွဲ ဖိတ်‌ခေါ်လိုက်ပြီ

1792
ဩဂုတ်လ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါး‌လေး (‌ကေအိုင်စီ)

ကျဆုံးသွား‌သော ကရင်‌တော်လှန်‌ရေး အာဇာနည်‌ခေါင်း‌ဆောင်များနှင့် ပတ်သက်သည့် အ‌ကြောင်းအရာများကို ဝတ္ထုရှည်အဖြစ် ‌ရေးသား ကာ ပြိုင်ပွဲဝင်ရန် ‌ကော်သူး‌လေ ‌ကောလိပ်‌ကျောင်းသား‌ဟောင်းများ အသင်းအဖွဲ့မှ ဖိတ်‌ခေါ်စာ ထုတ်ပြန်ထားသည်။

ထိုဖိတ်‌ခေါ်စာထဲတွင် ကရင့်‌တော်လှန်‌ရေး ၆၃နှစ်အတွင်း ကရင်လူငယ်အမျိုးသား၊ အမျိုးသမီးများက အသက်၊ ‌သွေး၊ ‌ချွေး‌ပေါင်းများစွာ ‌ပေးဆပ်သွားခဲ့ကြရပြီးဖြစ်ရာ ယင်းကို သမိုင်းဝင် စံပြအ‌နေဖြင့်လည်း‌ကောင်း၊ ‌နောင်လာ‌နောက်သားများ သိရှိ‌စေပြီး ‌ရှေ့ဆက် ‌အောင်ပွဲခံ နိုင်ရန် ကျဆုံးသွား‌သော ကရင့်အမျိုးသား၊ အမျိုးသမီးများအတွက် ကရင့်အာဇာနည်‌နေ့ အခမ်းအနားကို ဂုဏ်ယူ‌လေးစားစွာဖြင့် နှစ်စဉ် မပျက်မကွက် ကျင်းပ‌ပေး‌ရေးမှာ ကျွန်ုပ်တို့တွင် တာဝန်ရှိသည်ဟု ‌ဖော်ပြထားသည်။

၎င်းအပြင် KNU ကရင်အမျိုးသား လက်နက်ကိုင်‌တော်လှန်‌ရေး ၆၃နှစ်‌ကျော်ပြီဆို‌သော်လည်း မိခင် KNU အုပ်ချုပ်မှု‌အောက်တွင် မပြီးဆုံး ‌သေး‌သော ကျွန်ုပ်တို့ ‌တော်လှန်‌ရေးအတွက် ‌ရှေ့ဆက် တိုက်ပွဲဝင်ကြရဦးမည် ဖြစ်သည်ဟုလည်း ပါရှိသည်။

အ‌ကြောင်းအမျိုးမျိုး‌ကြောင့် ကျဆုံးသွား‌သော အာဇာနည် ကရင့်‌တော်လှန်‌ရေး ‌ခေါင်း‌ဆောင်များအနက် တစ်ဦးဦး၏ အ‌ကြောင်းကို ဝတ္ထု ရှည်‌ရေးသားကာ ယခုလို ပြိုင်ပွဲတစ်ခုအဖြစ် ‌ကော်သူး‌လေ ‌ကောလိပ်‌ကျောင်းသား‌ဟောင်းများ(Old Student Association of Kaw Thoo Lei College-OSAKC) မှ ဖြစ်‌မြောက်သည်အထိ ရည်ရွယ်လုပ်‌ဆောင်ရခြင်းဖြစ်သည်ဟု ၎င်း‌ကျောင်းတွင် ရူပ‌ဗေဒဘာသာရပ်ကို သင်ကြား‌ပေး‌နေသူ ဆရာ‌စောဂျက်‌ကော့ပ်က ‌ပြောသည်။

ယှဉ်ပြိုင်ရမည့် ဝတ္ထုရှည်ကို ကွန်ပြူတာစာရိုက်လျှင် အနည်းဆုံး A4 စာမျက်နှာ ၂၅မျက်နှာဖြင့် ကရင်၊ ဗမာ နှစ်ဘာသာ ‌ရေးသားနိုင်သလို စာမူပို့ရမည့် သတ်မှတ်ချိန်အဖြစ် ၂၀၁၃ခုနှစ်၊ ဇန်နဝါရီလ ၁ရက်‌နေ့တွင် ကျ‌ရောက်မည့် ၂၇၅၂ခု၊ ကရင်နှစ်သစ်ကူး‌နေ့ ‌နောက်ဆုံးထား ကာ ‌ပေးပို့သွားရမည် ဖြစ်သည်။

ဆရာဂျက်‌ကော့ပ်က “ဝတ္ထုစာမူကို ကရင်နှစ်သစ်ကူး‌နေ့ ‌နောက်ဆုံးထား‌ပေးပို့ပြီးရင် ကျ‌နော်တို့က လာမဲ့နှစ် ကရင့်‌တော်လှန်‌ရေး‌နေ့ (ဇန်နဝါရီလ ၃၁ရက်)မှာ ဆု‌ပေးအပ်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

၎င်းဝတ္ထုရှည်ပြိုင်ပွဲတွင် ပထမဆုကို ဘတ် ၁၀,၀၀၀(တစ်‌သောင်း)၊ ဒုတိယကို ဘတ် ၇,၅၀၀(ခုနှစ်‌ထောင့်ငါးရာ)၊ တတိယဆုကို ဘတ် ၅,၀၀၀(ငါး‌ထောင်)ဟူ၍ သတ်မှတ်ထားပြီး ချီးမြှင့်‌ပေးအပ်သွားမည်ဟု သိရသည်။

ပြိုင်ပွဲဝင်မည့်သူ စာ‌ရေးဆရာများအ‌နေဖြင့် LMTC, Mae La Camp, PO.BOX 158, Mae Sot, Tak-63110, Thailand. နှင့် ဖုန်း 086-2104398, 088-7341847, 088-7114032, Email-osakclmtc@gmail.com သို့ ဆက်သွယ်နိုင်ပါသည်။