Home သတင်း ၆၂နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့ ဩစ‌တြေးလျားဆစ်ဒနီ၌ ကျင်းပပြီးစီး

၆၂နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့ ဩစ‌တြေးလျားဆစ်ဒနီ၌ ကျင်းပပြီးစီး

1821
ဩဂုတ်လ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ ‌စော‌ကျော်ခွီး (‌ကေအိုင်စီ)

ယ‌နေ့ကျ‌ရောက်သည့် (၆၂)နှစ်‌မြောက် ကရင့်အမျိုးသားအာဇာနည်‌နေ့ကို ဩစ‌တြေးလျားနိုင်ငံ နယူး‌ဆောက်သ်‌ဝေးပြည်နယ် ဆစ်ဒနီမြို့ Villawood Senior Citizen’s Hall တွင် ယမန်‌နေ့က တစ်ရက်ကြိုတင်၍ ကျင်းပပြီးစီးခဲ့သည်။

ယမန်‌နေ့ ‌နေ့လည် ၁၁နာရီမှ ည‌နေ ၂နာရီအထိ နယူး‌ဆောက်သ်‌ဝေးဌာနခွဲ ဩစ‌တြေးလျားကရင်အမျိုးသားအဖွဲ့-AKO မှ စီစဉ်ကျင်းပခဲ့ သည့် ၎င်းအခမ်းအနားသို့ ဘားမားကမ်ပိန်း (ဩစ‌တြေးလျား) ကိုယ်စားလှယ်၊ ရှစ်‌လေးလုံး‌ကျောင်းသားရဲ‌ဘော်များ၊ ကရင့်‌တော်လှန်‌ရေး ရဲ‌ဘော်‌ဟောင်းများနှင့် ပြည်ပ‌ရောက် ‌ရွှေ့‌ပြောင်းကရင်မိသားစုများ စုစု‌ပေါင်း ၁၂ဝဦး‌ကျော် တက်‌ရောက်အား‌ပေးခဲ့ကြသည်။

AKO ဥက္ကဌ ‌စောလွင်ဦးက “လွတ်လပ်ခြင်းနဲ့ တရားမျှတခြင်းအ‌ပေါ်မှာ အာဇာနည်ကြီးများက သူတို့ရဲ့‌သွေး‌တွေ၊ ‌ချွေး‌တွေ ဘယ်‌လောက် ထိ ‌ပေးဆပ်ခဲ့တယ်။ သူတို့‌ပေးခဲ့တဲ့လမ်းနဲ့ မပြီး‌သေးတဲ့ အမျိုးသား‌ရေးတာဝန်ကို မျိုးဆက်သစ်‌တွေအ‌နေနဲ့ ဘယ်လိုထမ်း‌ဆောင်ရမလဲဆို တာ‌တွေကို လင်းလင်းထင်းထင်း မြင်တတ်‌အောင်၊ တာဝန်ယူတတ်‌အောင် ရည်ရွယ်ပြီး ကရင့်အာဇာနည်‌နေ့ကို နှစ်စဉ်ကျင်းပရတာဖြစ် တယ်”ဟု အခမ်းအနား အဖွင့်မိန့်ခွန်း ‌ပြောကြားခဲ့သည်။

အစီအစဉ်၌ ဆစ်ဒနီ‌ရောက် ကရင်အဆို‌တော် စ’ဝီလျံဖန်းမှ ‌တော်လှန်‌ရေးတ‌လျောက် မဆုတ်မနှစ် သက်စွန့်‌ပေးဆပ်သွားကြ‌သော ကရင် အာဇာနည်‌ခေါင်း‌ဆောင်ကြီးများအား ရည်စူး၍ “‌နောက်ဆုံးစက္ကန့်သို့တိုင်‌အောင်” ‌တော်လှန်‌ရေးသီချင်းကို သီဆို၍ ကရင်အမျိုးသမီးငယ် များက ကရင့်အာဇာနည်ကြီးများအတွက် လွမ်းသူ့ပန်း‌ခွေချခဲ့ကြသည်။

ထို့အပြင် (၆၂)နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့သို့‌ပေးပို့‌သော ‌ကေအဲန်ယူဥက္ကဌ၏ သဝဏ်လွှာကိုဖတ်ကြားခြင်း၊ ‌စောဘဦးကြီး၊ ဗိုလ်ချုပ် မင်း‌မောင်နှင့် ပဒိုမန်းရှာတို့၏ အတ္ထုပ္ပတ္တိများကို ‌ပြောကြားခြင်းနှင့် ကရင့်အာဇာနည်ကဗျာ ဖတ်ကြားခြင်းများလည်း ပြုလုပ်ခဲ့ကြသည်။

ဒုက္ခသည်ကူညီ‌စောင့်‌ရှောက်‌ရေး အစီအစဉ်ဖြင့် မ‌လေးရှားမှ ဩစ‌တြေးလျားနိုင်ငံ ဆစ်ဒနီသို့ ‌ရောက်ရှိလာသူ ‌စောအယ်လ်ဘမ်က “ပြည် တွင်းမှာတုန်းက ကရင့်အာဇာနည်‌နေ့ဆိုတာ ဘာမှန်းမသိခဲ့ရဘူး။ ဗိုလ်ချုပ်‌အောင်ဆန်းတို့လို အာဇာနည်(၉)ဦးကိုသာ အာဇာနည်‌နေ့လို့ ‌ရေး‌ရေး‌လေး သိခွင့်ရထားတာ။ ပြည်ပ‌ရောက်လာ‌တော့ ‌စောဘဦးကြီး အပါအဝင် ‌တော်လှန်‌ရေးအတွင်းက ကရင့်အာဇာနည်ကြီး‌တွေရဲ့ လူမျိုးအတွက် မြင့်မြတ်တဲ့ စွန့်လွှတ်‌ပေးဆပ်မှု‌တွေကို ‌ကောင်း‌ကောင်းကြီး နားလည်လာခဲ့ရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

AKO (နယူး‌ဆောက်‌ဝေး) ဒုဥက္ကဌ မန်း‌အော်လန်းဒိုက “ကရင်အမျိုးသား အာဇာနည်ကြီးများ ‌မျှော်မှန်းထားတဲ့ပန်းတိုင်ဟာ မ‌ရောက်‌သေး ပါဘူး။ ‌တော်လှန်‌ရေးကာလမှာပဲ ရှိ‌နေတုန်းဖြစ်တယ်။ ကရင်တမျိုးသားလုံးအ‌နေနဲ့ ‌စောဘဦးကြီးမူကိုကိုင်စွဲပြီး ‌ကေအဲန်ယူကိုဝန်းရံကာ ‌တော်လှန်‌ရေးကို ဆက်လက်ဆင်နွှဲသွားရမှာဖြစ်တယ်။ ယ‌နေ့ ငြိမ်းချမ်း‌ရေး ပြုလုပ်‌နေတာဟာလည်း တိုင်းရင်းသားအားလုံး လိုလားတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်‌ထောင်စု ထူ‌ထောင်ဖို့သွား‌နေတာမဟုတ်ဘဲ ဗမာစစ်အစိုးရရဲ့ နိုင်ငံတကာဖိအား၊ လတ်တ‌လော အကြပ်အ တည်း အခက်အခဲ‌တွေကို ‌ဖြေရှင်းရန် ကြိုးစား‌နေခြင်းသာဖြစ်တယ်”ဟု အပိတ်မိန့်ခွန်း ‌ပြောကြားသွားခဲ့သည်။

ဆစ်ဒနီမြို့ ကရင့်အာဇာနည်‌နေ့ အခမ်းအနားတွင် AKO ကရင်လူငယ်အဖွဲ့၊ AKO ကရင်အမျိုးသမီးအဖွဲ့မှ အစားအစာများနှင့် ကရင့်ရိုးရာ အဝတ်အထည်များ ‌ရောင်းချခြင်းဖြင့် ရန်ပုံ‌ငွေ ရှာ‌ဖွေကာ AKO အဖွဲ့၏ လှုပ်ရှားမှုလုပ်ငန်းများတွင် ပြန်လည် အသုံးပြုသွားမည် ဖြစ်သည်။