Home သတင်း မြဝတီတွင် တပ်မဟာနှစ်ခုအတွက် KNU ဆက်ဆံ‌ရေးရုံး ဖွင့်မည်

မြဝတီတွင် တပ်မဟာနှစ်ခုအတွက် KNU ဆက်ဆံ‌ရေးရုံး ဖွင့်မည်

2734
ဩဂုတ်လ ၁၅ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး (KNU)မှ ကရင်ပြည်နယ်၊ မြဝတီမြို့တွင် တပ်မဟာနှစ်ခုအတွက် ဆက်ဆံ‌ရေးရုံးကို ဩဂုတ်လ ၁၈ရက်‌နေ့ တွင် ဖွင့်လှစ်သွားမည်ဖြစ်‌ကြောင်း ယ‌နေ့ရရှိသည့် ၎င်းတို့၏ ဖိတ်စာအရ သိရသည်။

ထို‌နေ့နံနက် ၁ဝနာရီမှ ၁၂နာရီအထိ ဖွင့်ပွဲအဖြစ် ပြုလုပ်သွားမည့် အဆိုပါဆက်ဆံ‌ရေးရုံးမှာ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်ဖွဲ့ (KNLA) တပ်မဟာ(၆)နှင့် တပ်မဟာ(၇)တို့ ပူးတွဲထားခြင်းဖြစ်သည်။

KNLA ဆက်ဆံ‌ရေးရုံး ဖွင့်ပွဲကို မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၊ သီရိမဂင်္လာလမ်း၊ အိမ်အမှတ်(၂၀၁)‌နေရာ၌ ပြုလုပ်သွားမည် ဖြစ်သည်။