Home သတင်း ကချင်ပြည် အ‌ခြေအ‌နေ လူ့အခွင့်အ‌ရေး ‌ကော်မရှင် ‌သေချာ စုံစမ်းသင့်ဟု KWAT ‌ပြော

ကချင်ပြည် အ‌ခြေအ‌နေ လူ့အခွင့်အ‌ရေး ‌ကော်မရှင် ‌သေချာ စုံစမ်းသင့်ဟု KWAT ‌ပြော

2035
ဩဂုတ်လ ၁၄ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (‌ကေအိုင်စီ)

ကချင်ပြည်နယ်အတွင်း ဖြစ်ပွား‌နေသည့် တိုက်ပွဲများ‌ကြောင့် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်ခံ‌နေရသည့် အ‌ခြေအ‌နေများကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အ‌ရေး‌ကော်မရှင် အ‌နေနှင့် ‌သေချာစုံစမ်းသင့်‌ကြောင်း ကချင်အမျိုးသမီးအစည်းအရုံး(ထိုင်းနိုင်ငံ)-KWAT တာဝန်ခံ မွန်း‌နေလီက ‌ပြောသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အ‌ရေး‌ကော်မရှင်အ‌နေနှင့် ယ‌နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ‌ဖော်ပြလိုက်သည့် ကချင်ပြည် ခရီး စဉ်နှင့်ပတ်သက်၍ ၎င်းတို့၏ သတင်းထုတ်ပြန်ချက် ၅/၂၀၁၂ အထဲတွင် ကချင်စစ်‌ပြေးဒုက္ခသည်များ ၁နှစ်‌ကျော်ကြာလာ‌သော်လည်း အ‌ခြေခံလိုအပ်ချက်များ ပုံမှန်အတိုင်း ထိန်းသိန်းထားနိုင်‌ကြောင်း၊ ရာသီဥတု‌ကြောင့် ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု လိုအပ်‌ကြောင်း ‌ဖော်ပြ ထားသည့်အ‌ပေါ် သူမက တုန့်ပြန်‌ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ဒုက္ခသည်‌တွေ သူတို့ အ‌ခြေခံလိုအပ်ချက်‌တွေ ပုံမှန်အတိုင်း ဖြစ်‌နေတာဆိုကလည်း ‌သေချာ‌လေ့လာ‌စေချင်တယ်။ ဘာလို့လဲဆို‌တော့ ဒုက္ခသည်‌တွေက စား‌ရေး‌သောက်‌ရေး ‌နောက်ပြီး‌တော့ ‌ဆေးဝါး စတာ‌တွေကို အရမ်း အကူအညီ‌တွေ လိုအပ်‌နေတာ‌လေ။ လာကူညီတဲ့ အဖွဲ့အစည်း‌တွေ ဥပမာ ယူအဲန်က လာကူတာ။ ဒါကို အစိုးရက တားဆီးတယ်။ ‌ပေးကူညီတဲ့‌နေရာ‌လောက်ပဲ ကူညီခိုင်းတယ်။ တကယ် အကူအညီ လိုအပ်‌နေတဲ့‌နေရာ‌တွေ မ‌ရောက်ဘူး”ဟု မွန်း‌နေလီက ‌ပြောဆိုသည်။

ဆက်လက်၍ ဒုက္ခသည်စခန်း‌နေသူများက ရွာပြန်လို၍ ရွာတစ်ဝိုက်တွင် မိုင်းရှင်းလင်း‌ပေးရန်၊ ‌ဒေသခံများ၏ တင်ပြချက်များအရ လက် နက်ကိုင်အဖွဲ့များ၏ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုရှိ‌နေ‌သေးသလို ‌ကေအိုင်အိုမှ တပ်သားသစ် စု‌ဆောင်းခြင်းများအတွက် ထိုလုပ်ရပ်များ မပြုလုပ်ရန် တိုက်တွန်း‌ဖော်ပြထားသည့်အ‌ပေါ် ကချင်လွတ်‌မြောက်‌ရေးတပ်ဖွဲ့(KIO)ကို ‌မေးမြန်းရန် ကြိုးစားရာ အဆက်အသွယ် မရရှိ ခဲ့‌ပေ။

သို့‌သော် မွန်း‌နေလီ “လူထု‌တွေ ‌နေရပ်မပြန်ရဲကြတာက မိုင်း‌ကြောင့် တစ်ခုထဲမဟုတ်ဘူး။ ဗမာတပ်‌တွေ ရွာထဲဝင်၊ အိမ်မီးရှို့၊ လူထု‌တွေ ကို ရိုက် နှက်၊ ပြီး‌တော့ မသကင်္ာသူ‌တွေဆိုရင် ‌ခေါ်သွား၊ သတ်ဖြတ်။ အဲဒါ‌တွေကို လူထု‌တွေ ပို‌ကြောက်‌နေကြတာ။ ‌ဒေသခံ‌တွေ အခွင့်အ ‌ရေး အမျိုးမျိုး ချိုး‌ဖောက်ခံ‌နေရတာပါ။ ဒါကို လူ့အခွင့်အ‌ရေး‌ကော်မရှင်‌တွေ ‌သေချာ‌လေ့လာ‌စေချင်တယ်”ဟု ‌ပြောသည်။

ထို့အပြင် ကချင်ဒုက္ခသည်စခန်းများအတွင်း ခိုလှုံ‌နေကြသည့် ဒုက္ခသည်များအတွက် ၎င်းတို့၏ အ‌ခြေခံလိုအပ်ချက်များမှာလည်း အ‌ရေး ‌ပေါ် လိုအပ်‌နေဆဲဖြစ်‌ကြောင်းကိုလည်း သူမက ဆက်လက် ‌ပြောဆိုသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အ‌ရေး‌ကော်မရှင် အတွင်း‌ရေးမှူးနှင့် ‌ကော်မရှင်အဖွဲ့ဝင် ၂ဦးတို့သည် ဇူလိုင်လ ၂၃ရက်မှ ၂၇ရက်‌နေ့အထိ ကချင်ပြည်နယ်၊ မြစ်ကြီးနားနှင့် ဝိုင်း‌မော်မြို့များသို့ သွား‌ရောက်ခဲ့သည်။

ယင်းခရီးစဉ်တွင် ‌စောင့်‌ရှောက်‌ရေးစခန်း ၁၆ခုသို့ သွား‌ရောက်၍ စခန်း‌နေလူထုနှင့် ‌တွေ့ဆုံခြင်း၊ ‌ကော်မရှင်ထံ ‌ပေးပို့ခဲ့သည့် လူ့အခွင့်အ ‌ရေးချိုး‌ဖောက်မှု တိုင်ကြားစာများနှင့်ပတ်သက်၍ သက်‌သေများ ‌ခေါ်ယူစစ်‌ဆေးခြင်းနှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ဝန်ကြီး များနှင့် လက်ရှိ ကချင်ပြည်နယ် အ‌ခြေအ‌နေကို အမြင်ချင်း ဖလှယ်ခဲ့သည်ဟု ယ‌နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ‌ဖော်ပြထား သည်။