Home သတင်း ကချင်စစ်‌ပြေးဒုက္ခသည်များကို ‌နှောင် ကြိုးမဲ့ ကွန်ယက်အဖွဲ့ သွား‌ရောက်ကူညီ

ကချင်စစ်‌ပြေးဒုက္ခသည်များကို ‌နှောင် ကြိုးမဲ့ ကွန်ယက်အဖွဲ့ သွား‌ရောက်ကူညီ

1718
ဩဂုတ်လ ၁၃ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (‌ကေအိုင်စီ)

ကချင်ပြည်နယ်၊ မိုင်ဂျာယန်‌ဒေသရှိ ကချင်စစ်‌ပြေးဒုက္ခသည်စခန်း ၆ခုတွင် ခိုလှုံ‌နေကြသည့် ဒုက္ခသည်များကို မန္တ‌လေးအ‌ခြေစိုက် ‌နှောင်ကြိုးမဲ့လူမှု ဘဝတိုးတက်မှု ကူညီ‌ရေးကွန်ယက်အဖွဲ့မှ ယ‌နေ့ သွား‌ရောက်ကူညီခဲ့သည်။

ဒုက္ခသည်စခန်း ၆ခုတွင် ခိုလှုံ‌နေကြသည့် ဒုက္ခသည်များအတွက် ‌ဆေးဝါးကုသမှု အပါအဝင် ‌ငွေသားနှင့် အသုံးအ‌ဆောင်ပစ္စည်း စုစု‌ပေါင်း တန်ဖိုး‌ငွေကျပ်သိန်း ၂၀ဝခန့် သွား‌ရောက်ကူညီလှူဒါန်းခဲ့သည်ဟု ၎င်းကွန်ယက်အဖွဲ့က ‌ပြောသည်။

စစ်‌ပြေးဒုက္ခသည်များသည် ‌ဆေးဝါးနှင့် စားဝတ်‌နေ‌ရေးအတွက် အကူအညီများမှာ လိုအပ်‌နေဆဲ အ‌ခြေအ‌နေ ဖြစ်‌နေ‌ကြောင်း ‌နှောင်ကြိုး မဲ့လူမှုဘဝ တိုးတက်မှုကူညီ‌ရေးအဖွဲ့မှ သွား‌ရောက်ကူညီခဲ့သည့် ‌ဒေါက်တာ‌ကျော်‌ဇေယျက ‌ပြောသည်။

“အဓိက ကျ‌နော်တို့ ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု‌တွေ လုပ်‌ပေးတာ‌ပေါ့ဗျာ။ ကျ‌နော်တို့ ဆရာဝန် ၄‌ယောက် သွားတာ‌ပေါ့‌နော်။ အဲဒီမှာ နှစ် ရက်ကို ကျ‌နော်တို့လူနာ ၄၀ဝ ကြည့်‌ပေးတယ်။ စားဝတ်‌နေ‌ရေးကျ‌တော့ သူတို့ လိုအပ်ချက်များ‌နေတာ‌ပေါ့‌နော်။ ဒီမှာဆို အဲန်ဂျီအိုအဖွဲ့အ စည်း ‌တွေ့ရတယ်။ ‌ကေအိုင်အိုကလည်း ‌ကျွေးထားတာရှိတယ်။ သူတို့‌ပြောတဲ့ပုံစံအရ‌ပေါ့”ဟု ‌ပြောဆိုသည်။

သို့‌သော် ‌နေထိုင်‌ရေးအတွက် တဲထိုးထား‌ပေးခြင်း‌ကြောင့် အဆင်‌ပြေမှုရှိ‌သော်လည်း အစားအ‌သောက်အတွက် ဆန်၊ ပဲအစရှိ၍ လုံ‌လောက်မှုမရှိ‌ကြောင်း ‌တွေ့ရသည့်အတွက် Nutrition အ‌နေနှင့် လိုအပ်လျှက်ရှိ‌ကြောင်းလည်း ‌ဒေါက်တာ‌ကျော်‌ဇေယျက ဆက်‌ပြော သည်။

၂၀၁၁ခုနှစ်၊ ဇွန်လဆန်းပိုင်းမှစပြီး မြန်မာအစိုးရတပ်နှင့် ကချင်လွတ်‌မြောက်‌ရေးတပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ ယခုဆိုလျှင် စစ် ‌ဘေးတိမ်း‌ရှောင်လာသည့် ဒုက္ခသည်စုစု‌ပေါင်းမှာ ၈‌သောင်း‌ကျော်ရှိ‌နေပြီဖြစ်‌ကြောင်း ဒုက္ခသည်ကူညီ‌ပေး‌ရေးအဖွဲ့များက ‌ပြောသည်။

ထိုဒုက္ခသည်များသည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အပါအဝင် ‌ကေအိုင်အို ထိန်းချုပ်နယ်‌မြေ‌ဒေသနှင့် တရုတ်-မြန်မာ နယ်စပ်တစ် ‌လျှောက်ရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံ‌နေကြသည်။

မိုင်ဂျာယန်‌ဒေသတွင် ဒုက္ခသည်‌ပေါင်း ‌သောင်းနှင့်ချီ၍ရှိ‌နေပြီး တရုတ်ပြည် ‌နောင်‌တောင်းမြို့နယ်အတွင်း၌ ဒုက္ခသည် ၄‌ထောင်‌ကျော် ခိုလှုံလျှက်ရှိကာ ၎င်းတို့အား ဩဂုတ်လ ၁၅ရက်‌နေ့တွင် ‌နေရပ်သို့ပြန်ရန် တရုတ်အာဏာပိုင်တို့က ဖိအား‌ပေး‌နေသည်ဟု သတင်းများ ထွက်‌ပေါ်လျှက်ရှိသည်။