Home Authors Posts by Hay Htoo

Hay Htoo

3506 POSTS 0 COMMENTS

ကားတိုက်‌သေဆုံးသူ မယ်လစခန်းဒုက္ခသည် တစ်ဦး ဘတ်‌ငွေ၂သိန်း‌ကျော် ‌လျော်‌ကြေးရ

စက်တင်ဘာလ ၁၁ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ) ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မယ်လဒုက္ခသည်စခန်း (B-3)ရပ်ကွက်ရှိ အမျိုးသမီးတဦးမှာ စက်တင်ဘာလ ၆ရက်‌နေ့က ကားတိုက်ခံရ ပြီး ‌သေဆုံးသွားခဲ့သဖြင့် ကားပိုင်ရှင်မှ သူမအတွက် နစ်နာ‌ကြေးအဖြစ် ထိုင်းဘတ်‌ငွေ ၂သိန်း‌ကျော် ‌ပေးသွားမည်ဟု စခန်းတာဝန်ရှိသူ များက ‌ပြောသည်။ ၎င်းကားပိုင်ရှင်အ‌နေဖြင့် ‌သေဆုံးသွားသူ...

လှာကာ‌ကျေးရွာတွင် မီးအားမပြည့်၊ မီးမမှန်‌သော်လည်း မီတာခ ပုံမှန် ‌ပေး‌ဆောင်‌နေရ

စက်တင်ဘာလ ၁ဝရက်၊ ၂၀၁၂ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ) ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သံလွင်မြစ်အ‌နောက်ဘက်ကမ်းရှိ လှာကာ‌ကျေးရွာတွင် လျှပ်စစ်မီးပုံမှန်မရ‌သော်လည်း မီတာခကို ပုံမှန် သုံးစွဲနှုန်းအတိုင်း ‌ပေး‌ဆောင်‌နေရသည်ဟု ၎င်း‌ကျေးရွာရှိ လျှပ်စစ်မီးသုံးစွဲသူများက ‌ပြောသည်။ လှာကာ‌ကျေးရွာသူတစ်ဦးက “မီးအားလွတ်တာကိုက မီးအားနည်း‌နေတာ။ တစ်လနီးပါး‌လောက်ရှိပြီ။ ဒါ‌ပေမယ့် မီးခ‌တော့ လစဉ် ပုံမှန်အ တိုင်းပဲ...

ခူးထဲဘူးဖဲ စာ‌ပေသင်ကြား‌ရေးကို ကရင်နီလူထုများ ပိုစိတ်ဝင်စားလာ

စက်တင်ဘာလ ၁ဝရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (‌ကေအိုင်စီ) အပစ်ရပ်ကာလအတွင်း ပြည်တွင်းတွင် ပထမဆုံး စတင်သင်ကြားပို့ချ‌ပေး‌နေသည့် ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူးထဲဘူးဖဲ(ကွယ်လွန်) ထီထွင်ခဲ့သည့် ကရင်နီစာ‌ပေကို မြန်မာပြည်တွင်းရှိ ကရင်နီလူထုများ ပိုမို စိတ်ဝင်စားလာသည်ဟု သိရသည်။ ထိုစာ‌ပေကို ကရင်နီ(ကယား)ပြည်နယ်၊ ရှား‌တောမြို့နယ်တွင် စတင် သင်ကြား‌ပေးရာ ယခု‌နောက်ပိုင်း...

“မိုးပွင့်” စီမံချက်နှင့် ငြိမ်းချမ်း‌ရေး အကျိုးဆက် (‌ဆောင်းပါး)

စက်တင်ဘာလ ၁ဝရက်၊ ၂၀၁၂ခုနှစ်။ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ) ၂၀၁၀‌ရွေး‌ကောက်ပွဲအပြီး အသစ်တက်လာတဲ့ အစိုးရအဖွဲ့က တိုင်းပြည်ကို ‌ပြောတဲ့အထဲမှာ ပြည်သူ‌တွေရဲ့ဆန္ဒကို အ‌လေးထားရမယ် ဆိုတဲ့ အချက်တစ်ချက် ပါဝင်‌နေပါတယ်။ ဒီအချက်‌ပေါ်မှာ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက မိမိတို့ဌာနနဲ့ဆိုင်တဲ့ ပြည်သူ့ဆန္ဒကို အ‌ကောင်အထည်‌ဖော်တဲ့အ‌နေနဲ့ “မိုးပွင့်စီမံချက်”ဆိုတဲ့ နိုင်ငံသားစိစစ်‌ရေးကဒ်ပြား(မှတ်ပုံတင်) ထုတ်‌ပေးခြင်းကို ၂၀၁၁ခု...

ပထမဆုံးအကြိမ်ကရင်နီအမျိုးသား အာဇာနည်‌နေ့ ပြည်တွင်းတွင်ကျင်းပ

စက်တင်ဘာလ ၉ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (‌ကေအိုင်စီ) မြန်မာပြည်တွင်းတွင် (၆၄)နှစ်‌မြောက် ကရင်နီအမျိုးသား အာဇာနည်‌နေ့ အခမ်းအနားကို ပထမဆုံးအကြိမ်အဖြစ် ကယားပြည်နယ်၊ ဒီ‌မောဆိုမြို့နယ် မြလဲ‌ကျေးရွာတွင် ယမန်‌နေ့က ကျင်းပခဲ့ကြသည်။ ကရင်နီ‌တော်လှန်‌ရေးအတွင်း အသက်‌ပေး ကျဆုံးသွားခဲ့ကြသည့် ကရင်နီ အာဇာနည် သူရဲ‌ကောင်းများကို သတိရ‌အောက်‌မေ့သည့်အ‌နေ နှင့် ကရင်နီအမျိုးသား အာဇာနည်‌နေ့ကို...

ကား‌တောင်းခံမှု‌ကြောင့် ‌ကျေးရွာ အုပ်ချုပ်‌ရေးမှူးနှင့် အစိုးရစစ်တပ် တင်းမာမှုဖြစ်ပွားခဲ့

စက်တင်ဘာလ ၇ရက်၊ ၂၀၁၂ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ) တနသင်္ာရီတိုင်း‌ဒေသကြီး ထားဝယ်မြို့နယ်ရှိ ဆင်ဖြူတိုင်‌ကျေးရွာမှ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးကို ပြီးခဲ့သည့် စက်တင်ဘာလ ၃ရက်‌နေ့က မြန်မာအစိုးရ စစ်တပ်အရာရှိမှ ‌သေနတ်ဖြင့်ခြိမ်း‌ခြောက်ခဲ့မှု‌ကြောင့် နှစ်ဖက် တင်းမာမှု ဖြစ်ပွားခဲ့‌ကြောင်း ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။ ထားဝယ်မြို့နယ်ရှိ နည်းှဗျူဟာ(၃)မှူး ‌ရှေ့တန်း ‌ခြေမြန်တပ်ရင်း(၄၀၂)မှ ဗိုလ်မှူး‌နေမျိုး‌အောင်သည် အမိုရွာသို့...

ကာကွယ်‌ရေးဝန်ကြီးဌာန ဒုဝန်ကြီး၏ ‌ပြောကြားချက် မဟုတ်မှန်‌ကြောင်း KIO တုန့်ပြန်

စက်တင်ဘာလ ၇ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ) နိုင်ငံ‌ရေး‌ဆွေး‌နွေးမှုပြုလုပ်ပြီးမှသာ အပစ်အခတ်ရပ်စဲမည် ဆိုသည့်အချက်ကို ကချင်လွတ်‌မြောက်‌ရေးအဖွဲ့-KIO က စွဲကိုင်ထားသဖြင့် ကချင်‌ဒေသတွင် ဆက်လက်တိုက်ပွဲဖြစ်ပွား‌နေရသည်ဟု ကာကွယ်‌ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှူးချုပ်‌အောင်‌သော်၏ ‌ပြောကြားချက်မှာ မဟုတ်မမှန်‌ကြောင်း KIO က ယ‌နေ့ တုန့်ပြန်‌ပြောဆိုလိုက်သည်။ KIO ‌ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က “ကျ‌နော်တို့...

ဖလုံ-စ‌ဝေါ်ပါတီမှ ငြိမ်းချမ်း‌ရေး တည်‌ဆောက်ခြင်းသင်တန်း ပြုလုပ်ရန်ရှိ

စက်တင်ဘာလ ၇ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ) ကရင်ပြည်နယ်အ‌ခြေစိုက် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ-PSDP မှ ငြိမ်းချမ်း‌ရေးတည်‌ဆောက်‌ရေး (peace building) သင်တန်းကို ယခုလလယ်တွင် ပြုလုပ်သွားရန် ဆက်သွယ်‌ခေါ်ယူထား‌ကြောင်း ဩဂုတ်လ ၃၁ရက်‌နေ့က ပြုလုပ်သည့် ပုံမှန် ပါတီအစည်းအ‌ဝေးတွင် ‌ပြောဆိုခဲ့ကြသည်။ ၎င်းသင်တန်းကို စက်တင်ဘာလ ၁၇ရက်‌နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး မြို့နယ်များရှိ ပါတီဝင်များနှင့်...

စပ်မျိုးစပါးအစား စိုက်ပျိုးစရိတ်သာ ချ‌ပေးရန်ဧရာလယ်သမား များ ‌တောင်းဆို

စက်တင်ဘာလ ၆ရက်၊ ၂၀၁၂ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ) ဧရာဝတီတိုင်းအတွင်း မိုးများ၍ လယ်ယာ‌မြေများ ‌ရေနစ်မြှုပ်မှု‌ကြောင့် ပြန်လည်စိုက်ပျိုးရန် အတွက် စိုက်ပျိုး‌ရေးဌာနမှ ‌ပေး‌ဝေမည့် မျိုးစပ် စပါးများကို စိုက်ပျိုးရန် အဆင်မ‌ပြေသဖြင့် စိုက်ပျိုးစရိတ် ‌ငွေ‌ကြေးသာ ချ‌ပေးပါရန် ‌ကျောင်းကုန်းမြို့နယ် လယ်သမားများက ယ‌နေ့ ‌တောင်းဆိုခဲ့ကြသည်။ “ကျ‌နော်တို့ ဒီလို‌တောင်းဆိုတာကလည်း...

မဲ‌ဆောက်တရုတ်ရိုးရာ အလှူကြီး‌ပေးပွဲ မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမား တစ်‌သောင်း‌ကျော် အလှူခံ

စက်တင်ဘာလ ၆ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ) ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့တွင် ယ‌နေ့ တရုတ်လူမျိုးများကျင်းပ ပြုလုပ်သည့် ၄၃ကြိမ်‌မြောက် ရိုးရာအလှူကြီး‌ပေးပွဲသို့ မြန်မာ ‌ရွှေ့‌ပြောင်းအလုပ်သမား‌ပေါင်း တစ်‌သောင်း‌ကျော် သွား‌ရောက်အလှူခံခဲ့ကြသည်။ တရုတ်လူမျိုးတို့၏ ‌ဆွေမျိုးသားချင်းများနှင့် ‌ဆွေမျိုးမဲ့သားချင်းများ လွတ်ရာလွတ်‌ကြောင်းအတွက် ရည်စူး၍ နှစ်စဉ်နှစ်တိုင်း စက်တင်ဘာ လ...
Donate