Home သတင်း ကားတိုက်‌သေဆုံးသူ မယ်လစခန်းဒုက္ခသည် တစ်ဦး ဘတ်‌ငွေ၂သိန်း‌ကျော် ‌လျော်‌ကြေးရ

ကားတိုက်‌သေဆုံးသူ မယ်လစခန်းဒုက္ခသည် တစ်ဦး ဘတ်‌ငွေ၂သိန်း‌ကျော် ‌လျော်‌ကြေးရ

2179
စက်တင်ဘာလ ၁၁ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)


ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မယ်လဒုက္ခသည်စခန်း (B-3)ရပ်ကွက်ရှိ အမျိုးသမီးတဦးမှာ စက်တင်ဘာလ ၆ရက်‌နေ့က ကားတိုက်ခံရ ပြီး ‌သေဆုံးသွားခဲ့သဖြင့် ကားပိုင်ရှင်မှ သူမအတွက် နစ်နာ‌ကြေးအဖြစ် ထိုင်းဘတ်‌ငွေ ၂သိန်း‌ကျော် ‌ပေးသွားမည်ဟု စခန်းတာဝန်ရှိသူ များက ‌ပြောသည်။

၎င်းကားပိုင်ရှင်အ‌နေဖြင့် ‌သေဆုံးသွားသူ အသက် ၄ဝအရွယ် ‌နော်မဖွားအား ထိုင်းဘတ်‌ငွေ ၂၃၅,၀၀ဝ ‌ပေးရန် မယ်လစခန်းအနီးရှိ မဲ့‌တော်(မဲ့တန်) ရဲစခန်းမှ ယမန်‌နေ့က ထိုသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု B-3 ရပ်ကွက်မှူး ‌စော‌မောင်ညွှန့်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“မ‌နေ့(စက်တင်ဘာလ ၁ဝရက်)က ထိုင်းအာဏာပိုင်‌တွေကို မဲ့‌တော်ရဲစခန်းမှာ သွားဖို့‌ခေါ်တယ်။ သူတို့က ဆုံးဖြတ်ချက်အရ ကားပိုင်ရှင် က ကားတိုက်ခံရသူ မိသားစုကို ထိုင်းဘတ်‌ငွေ ၂၃၅,၀၀ဝ ‌ပေးဖို့ပါ။ ‌လော‌လောဆယ် ကားပိုင်ရှင်က ဘတ် ၃၅,၀၀ဝ ‌ပေးထားပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၆ရက်‌နေ့ မွန်းလွဲ ၁နာရီခွဲအချိန်က ‌နော်မဖွားသည် မယ်လဒုက္ခသည်စခန်းအပြင်ဘက်ရှိ ကားလမ်းမကြီးကို ‌ကျော်ဖြတ်ကူးချိန်၌ ကျွဲ၊ နွားများ တင်‌ဆောင်လာသည့် ‌ခြောက်ဘီးကားတစ်စီးမှ ဝင်တိုက်ကာ ‌သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

မယ်လဒုက္ခသည်စခန်းတွင် တနှစ်အ‌တောအတွင်း ကားတိုက်မှု တစ်ကြိမ်၊ နှစ်ကြိမ် ဖြစ်ပွား‌လေ့ရှိပြီး နစ်နာဆုံးရှုံးသူများအတွက် ကားပိုင် ရှင်မှ ‌သောင်းဂဏန်းအထိသာ ‌လျော်‌ကြေး‌ပေးခဲ့မှုများရှိသည်ဟု မယ်လစခန်းလုံခြုံ‌ရေး တာဝန်ခံ ‌စောအားမူက ‌ပြောသည်။

‌စောအားမူက “မယ်လမှာ‌တော့ ကားတိုက်ဖြစ်ပွားတာ ‌သေဆုံးတဲ့သူ၊ မ‌သေဘဲ ဒဏ်ရာရသူ‌တွေ ရှိခဲ့ပါတယ်။ ဒါ‌ပေမယ့် ဒီ‌လောက်ထိ နစ်နာ‌ကြေးရတာ‌တော့ တခါမှ မရှိခဲ့ဖူးဘူး”ဟု ဆိုသည်။

ကားတိုက်ခံရ၍ ‌သေဆုံးသွားသူ ‌သေဆုံးသွားသူ ‌နော်မဖွားမှာ ခင်ပွန်းသည် အပါအဝင် သား ၂ဦး၊ သမီး ၂ဦး ကျန်ရစ်ခဲ့ရာ သူမ၏ မိသား စုအတွက် ဒုက္ခသည်များကို အကူအညီ‌ပေး‌နေသည့်အဖွဲ့ ဥပ‌ဒေအ‌ထောက်အကူပြုဌာန(LAC) က အမှုကို လိုက်လံစီစဉ် ‌ဆောင်ရွက်‌ပေးခဲ့ ခြင်း ဖြစ်သည်။