Home သတင်း လှာကာ‌ကျေးရွာတွင် မီးအားမပြည့်၊ မီးမမှန်‌သော်လည်း မီတာခ ပုံမှန် ‌ပေး‌ဆောင်‌နေရ

လှာကာ‌ကျေးရွာတွင် မီးအားမပြည့်၊ မီးမမှန်‌သော်လည်း မီတာခ ပုံမှန် ‌ပေး‌ဆောင်‌နေရ

2130
စက်တင်ဘာလ ၁ဝရက်၊ ၂၀၁၂ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သံလွင်မြစ်အ‌နောက်ဘက်ကမ်းရှိ လှာကာ‌ကျေးရွာတွင် လျှပ်စစ်မီးပုံမှန်မရ‌သော်လည်း မီတာခကို ပုံမှန် သုံးစွဲနှုန်းအတိုင်း ‌ပေး‌ဆောင်‌နေရသည်ဟု ၎င်း‌ကျေးရွာရှိ လျှပ်စစ်မီးသုံးစွဲသူများက ‌ပြောသည်။

လှာကာ‌ကျေးရွာသူတစ်ဦးက “မီးအားလွတ်တာကိုက မီးအားနည်း‌နေတာ။ တစ်လနီးပါး‌လောက်ရှိပြီ။ ဒါ‌ပေမယ့် မီးခ‌တော့ လစဉ် ပုံမှန်အ တိုင်းပဲ ‌ပေး‌ဆောင်ရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‌ကျေးရွာတွင် အိမ်သုံးများအတွက် မီတာခ တယူနစ်လျှင် ၃၅ကျပ်၊ လက်မှုလုပ်ငန်းများအတွက် တယူနစ်လျှင် ၇၅ကျပ်နှုန်းဖြင့် သတ်မှတ်ထားပြီး အိမ်သုံးများတွင် ပုံမှန် တစ်လလျှင် ကျပ်‌ငွေ ၄,၀၀ဝ မှ ၅,၀၀ဝ အထိ ‌ပေး‌ဆောင်ရသည်ဟု သိရသည်။

ယင်းသို့ လျှပ်စစ်မီး ပုံမှန်မလာခြင်းနှင့် မီးအားမပြည့်ခြင်းများ‌ကြောင့် ‌ကျောင်းသူ‌ကျောင်းသားများနှင့် ချက်ပြုတ်‌နေရသူ အိမ်ရှင်မများ အတွက် အဆင်မ‌ပြေမှု များစွာရှိ‌နေ‌ကြောင်း လှာကာရွာသူ ကရင်အမျိုးသမီးက ‌ပြောသည်။

“မီးပျက်‌တော့ ‌ကျောင်းသား‌တွေ ဖ‌ယောင်းတိုင်နဲ့ စာကျက်ရတယ်။ မီး‌ချောင်းတို့ တီဗွီတို့လည်း ပျက်တယ်။ ထမင်းလည်း ‌ကောင်း‌ကောင်း မချက်ရဘူး။ အရင်က မီးလို်င်း(၂)လိုင်းရှိတယ်။ အခု တစ်လိုင်းမှ မ‌ကောင်း‌တော့ဘူး”ဟု သူမက ရှင်းပြသည်။

လက်ရှိ လှာကာရွာတွင် မီးလာလျှင်လည်း ည(၁၀)နာရီ‌ကျော်မှ မီးအား‌ကောင်း‌လေ့ရှိပြီး ယင်းအတွက်‌ကြောင့် အချို့သူများမှာ မီးစက်များ ကို ဝယ်ယူသုံးစွဲနိုင်၍ အဆင်‌ပြေကြ‌သော်လည်း ‌ငွေ‌ကြေးမတတ်နိုင်သူများအတွက် အခက်အခဲကြုံ‌နေရသည်ဟု ရွာခံများက ‌ပြောဆို‌နေ ကြသည်။

‌ကျောင်းဆရာမတစ်ဦးက “မီးအား အပြည့်‌ပေး‌စေချင်တယ်။ ‌ပေးရတဲ့ မီတာခနဲ့ တန်‌အောင် မီးလွတ်‌ပေး‌စေချင်တယ်။ ပြီး‌တော့ မီးကို အချိန်မှန်မှန် ‌ပေး‌စေချင်တယ်။ အဲဒါမှ ‌ကျောင်းသား‌တွေ‌ရော၊ အိမ်ရှင်မ‌တွေအတွက်ပါ အဆင်‌ပြေမယ်”ဟု ဆိုသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ကရင်ပြည်နယ်လျှပ်စစ်ဝန်ကြီး ဦး‌စောကြည်လင်းထံ ‌ကေအိုင်စီမှ ဆက်သွယ်‌မေးမြန်းရာ ၎င်းက “လှာကာရွာအ ပြင် အနီးအနားရွာ‌တွေကို ပုံမှန် ‌ပေး‌နေပါတယ်။ ဒီတစ်ပတ် နှစ်ပတ်အတွင်း မီးပြတ်သွားတာ မရှိပါဘူး။ တခါတ‌လေ လိုင်းကြိုး‌ရှော့ဖြစ် တာတို့‌ကြောင့် ခဏတာ မီးအားပြတ်သွားတာမျိုးပဲ ရှိပါတယ်။ တကယ်လို့ မီးပျက်ရင် ပြည်နယ်လျှပ်စစ် အင်ဂျင်နီယာတို့၊ ပြည်နယ်အစိုးရ တို့ကို တင်ပြလုပ်‌ဆောင်သွားမှာပါ”ဟု ‌ပြောဆိုသည်။

ထို့အပြင် မီတာခကို နိုင်ငံ‌တော်က သတ်မှတ်ထားသည့် နှုန်းထားအတိုင်း ဆက်လက် ‌ကောက်ခံသွားမည်ဟု ဦး‌စောကြည်လင်းက ဖြည့် စွက် ‌ပြောဆိုခဲ့‌သေးသည်။

ရွာလုံးကျွတ်နီးပါး လျှပ်စစ်မီး သုံးစွဲ‌နေသည့် လှာကာ‌ကျေးရွာတွင် အိမ်‌ခြေ‌ပေါင်း ၇၈၇အိမ်၊ လူဦး‌ရေ ကျား/မ စုစု‌ပေါင်း ၄,၄၇ဝဦးရှိပြီး ရွာ သူရွာသားများမှာ မြိုင်က‌လေး ဘိလပ်‌မြေစက်ရုံဝန်ထမ်းများ၊ ‌ဈေး‌ရောင်း‌ဈေးဝယ်ဖြင့် အသက်‌မွေးဝမ်း ‌ကျောင်းပြုသူများအပြင် အချို့မှာ ထိုင်းနိုင်ငံသို့ သွား‌ရောက်အလုပ်လုပ်သူများဖြစ်‌ကြောင်း သိရှိရသည်။