Home သတင်း ပထမဆုံးအကြိမ်ကရင်နီအမျိုးသား အာဇာနည်‌နေ့ ပြည်တွင်းတွင်ကျင်းပ

ပထမဆုံးအကြိမ်ကရင်နီအမျိုးသား အာဇာနည်‌နေ့ ပြည်တွင်းတွင်ကျင်းပ

2140
စက်တင်ဘာလ ၉ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (‌ကေအိုင်စီ)


မြန်မာပြည်တွင်းတွင် (၆၄)နှစ်‌မြောက် ကရင်နီအမျိုးသား အာဇာနည်‌နေ့ အခမ်းအနားကို ပထမဆုံးအကြိမ်အဖြစ် ကယားပြည်နယ်၊ ဒီ‌မောဆိုမြို့နယ် မြလဲ‌ကျေးရွာတွင် ယမန်‌နေ့က ကျင်းပခဲ့ကြသည်။

ကရင်နီ‌တော်လှန်‌ရေးအတွင်း အသက်‌ပေး ကျဆုံးသွားခဲ့ကြသည့် ကရင်နီ အာဇာနည် သူရဲ‌ကောင်းများကို သတိရ‌အောက်‌မေ့သည့်အ‌နေ နှင့် ကရင်နီအမျိုးသား အာဇာနည်‌နေ့ကို ကရင်နီပြည် လွတ်‌မြောက်နယ်‌မြေအတွင်းရှိ အမာခံ တပ်စခန်းတခုတွင် ယခင်နှစ်များက နှစ်စဉ် ကျင်းပလာခဲ့ကြ‌သော်လည်း ယခုနှစ်မှသာ ပြည်တွင်း၌ ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ထိုအခမ်းအနားကို ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ KNPP မှ ဦး‌ဆောင်ကျင်းပခဲ့ပြီး ကရင်နီအမျိုးသားအာဇာနည်‌နေ့ ‌ပေါ်‌ပေါက်လာပုံ နှင့် ပတ်သက်၍ ကရင်နီပြည်သူများ၊ အနာဂတ်လူငယ်များ သိရှိလာ‌အောင် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်‌ကြောင်း လွိုင်‌ကော်မြို့ရှိ ကရင်နီအ မျိုးသား တိုးတက်‌ရေးပါတီ ဆက်ဆံ‌ရေးရုံး တာဝန်ခံ ခူဒယ်နီယာက ‌ပြောသည်။

ခူဒယ်နီယာက “ဒီလိုမျိုး အခမ်းအနားကျင်းပတာက ဒါ ပထမဆုံးအကြိမ်လို့လည်း ‌ပြောလို့ရတယ်။ ဒါ‌ပေမယ့် တချို့ဒုက္ခသည်စခန်း‌တွေ မှာ ကျင်းပတာရှိတယ်။ အဓိကက‌တော့ ကျ‌နော်တို့ အာဇာနည်‌နေ့ရဲ့ သမိုင်းအ‌ကြောင်း‌တွေကို လူထု‌တွေ သိလာ‌အောင် ‌ပြောပြတာ‌ပေါ့” ဟု ဆိုသည်။

အခမ်းအနားသို့ ကရင်နီ‌ဒေသရှိ အစိုးရနှင့် အပစ်ခတ်ရပ်စဲထားကြသည့် ကရင်နီလက်နက်ကိုင် အဖွဲ့အစည်းများဖြစ်ကြသည့် ကယန်း ပြည်သစ်ပါတီ၊ ကရင်နီလူမျိုး‌ပေါင်းစုံ ပြည်သူ့လွတ်‌မြောက်‌ရေးတပ်ဦး (ကလလတ)၊ က‌ယောနီအဖွဲ့၊ ကရင်နီအမျိုးသမီးအဖွဲ့ အပါအဝင် စုစု‌ပေါင်း လူ ၄၀၀‌ကျော် တက်‌ရောက်သည်ဟု အခမ်းအနားသို့ တက်‌ရောက်ခဲ့သည့် ကရင်နီအမျိုးသမီးတဦးက ‌ပြောသည်။

ကရင်နီအမျိုးသား ခုခံ‌တော်လှန်‌ရေး‌ခေါင်း‌ဆောင်ဖြစ်သည့် ဦးဘီတူရီ ကျဆုံးခဲ့သည့် စက်တင်ဘာလ ၈ရက်‌နေ့ကို ကရင်နီ အမျိုးသား အာဇာနည်‌နေ့အဖြစ် သတ်မှတ်ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် ၆၄နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။

ကရင်နီအမျိုးသား ခုခံ‌တော်လှန်‌ရေး‌ခေါင်း‌ဆောင်သည် ၁၉၄၈ခုနှစ်၊ စက်တင်ဘာလ ၈ရက်‌နေ့တွင် ဦးနု ဦး‌ဆောင်သည့် ဖဆပလအစိုးရ အဖွဲ့နှင့် မြလဲရွာတွင် ‌တော်လှန်တိုက်ခိုက်ခဲ့ကြပြီး ကျဆုံးသွားခဲ့သည်။