Home သတင်း ဖလုံ-စ‌ဝေါ်ပါတီမှ ငြိမ်းချမ်း‌ရေး တည်‌ဆောက်ခြင်းသင်တန်း ပြုလုပ်ရန်ရှိ

ဖလုံ-စ‌ဝေါ်ပါတီမှ ငြိမ်းချမ်း‌ရေး တည်‌ဆောက်ခြင်းသင်တန်း ပြုလုပ်ရန်ရှိ

1806
စက်တင်ဘာလ ၇ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ)

ကရင်ပြည်နယ်အ‌ခြေစိုက် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ-PSDP မှ ငြိမ်းချမ်း‌ရေးတည်‌ဆောက်‌ရေး (peace building) သင်တန်းကို ယခုလလယ်တွင် ပြုလုပ်သွားရန် ဆက်သွယ်‌ခေါ်ယူထား‌ကြောင်း ဩဂုတ်လ ၃၁ရက်‌နေ့က ပြုလုပ်သည့် ပုံမှန် ပါတီအစည်းအ‌ဝေးတွင် ‌ပြောဆိုခဲ့ကြသည်။

၎င်းသင်တန်းကို စက်တင်ဘာလ ၁၇ရက်‌နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး မြို့နယ်များရှိ ပါတီဝင်များနှင့် ပါတီကိုယ်စားလှယ်များ အပါအဝင် သင်တန်းသား ၂၅ဦးနှင့် သင်တန်းဆရာ ၂ဦး လျာထားသည်ဟု သိရသည်။

သင်တန်းလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ယခု ငြိမ်းချမ်း‌ရေးကာလ ‌ဆွေး‌နွေး‌နေချိန်တွင် ပြည်သူများအ‌နေနှင့်လည်း မိမိတို့၏ အခန်းကဏ္ဍ တွင် ပါဝင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း သိရသည်။

ယခုပြုလုပ်မည့် သင်တန်းဖြစ်‌မြောက်‌ရေး ဥက္ကဌမှာ PSDP ပါတီ ဒုဥက္ကဌ ဦးမန်း‌အောင်ပြည်စိုးဖြစ်ပြီး သင်တန်းသားများမှာ ကရင်ပြည်နယ် ရှိ မြို့နယ်များနှင့် မွန်ပြည်နယ် ကျိုက်မ‌ရောမြို့နယ်မှ ပါတီဝင်များလည်း ပါဝင်မည်ဟု ဖလုံ-စ‌ဝေါ်ပါတီ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး စဘီကျင်ဦးက ‌ပြောသည်။

“ဒီသင်တန်းမှာ အမျိုးသား‌ရေး အခန်းကဏ္ဍ၊ စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေး အခန်းကဏ္ဍတို့ ပါဝင်ပြီး လက်ရှိ ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေးလုပ် ငန်းစဉ်‌တွေမှာ အ‌ထောက်အကူ ဖြစ်‌စေဖို့လည်း လိုအပ်ပါတယ်”ဟု စဘီကျင်ဦးက ‌ပြောသည်။

သင်တန်းကို ဘားအံမြို့ အမှတ်(၉)ရပ်ကွက်၊ ငုဝါလမ်း‌တောင့်နှင့် အင်ကြင်း (၂)လမ်း‌တောင့်ရှိ ဖလုံ-စ‌ဝေါ်ပါတီရုံးတွင် ပြုလုပ်မည်ဟု ကြို တင်ပြင်ဆင်ထား‌သော်လည်း ပါတီဝင်များ စုံလင်မှု မရှိ‌သေး၍ လာမည့်ရက်အနည်းငယ်မှသာ အတည်ပြုသွားမည်ဖြစ်သည်။

၂၀၁၀‌ရွေး‌ကောက်ပွဲတွင် ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့သည့် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီမှာ ယခင်က ‌ခေါင်း‌ဆောင်မှုသင်တန်း၊ အမျိုးသမီး စွမ်းရည်မြင့်သင်တန်းများ ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။