Home ကဗျာ ‌တောင်းတတဲ့ သူး‌လေ အာသာဝတီနတ်ပန်း (ကဗျာ)

‌တောင်းတတဲ့ သူး‌လေ အာသာဝတီနတ်ပန်း (ကဗျာ)

3328
စ’ အိုင်ခန့် (နှင်းခဲ‌မြေ)


အင်ဂျင်အ‌ဟောင်း‌တွေနဲ့ မွမ်းမံခုတ်‌မောင်း‌နေတဲ့
အ‌နှေးရထား‌ပေါ်က ဖယ်ဒရယ်ခရီးသွားတစ်စု
ဒီမိုက‌ရေစီရဲ့ ကွဲလွဲခြင်းအလံနီကို‌ဝှေ့ယမ်းလျှက်
လွတ်လပ်စွာကွဲလွဲ‌နေကြပါ‌လေရဲ့။

လွတ်လပ်တဲ့ကမ္ဘာတစ်ဖက်ခြမ်းမှာ‌တော့
အမျိုုးမတူသူ‌တွေ အယူမတူသူ‌တွေ‌ပေါင်းကာစုပြီး
သူတို့တိုင်းပြည်ကို ‌ကောင်း‌အောင်ပြုကြတယ်
ဆီ‌လျှော်မှုမဲ့ အပွင့်တူအ‌ရောင်ကွဲ ကွဲလွဲချင်‌နေကြတဲ့
သူး‌လေပန်းပွင့်‌လေး‌တွေမှာ‌တော့
တစ်ပွင့်ပြီးတစ်ပွင့်ထပ်ခါထပ်ခါအ‌ခြွေခံရလို့
ရိုးတံဖြိုင်းဖြိုင်းနဲ့သာ ကျန်‌နေတာ‌တောင်မှ
စည်းလုံးမှုအ‌ရေးထက် ဆက်ဆံ‌ရေးရုံးက
ဒို့လူမျိုး‌ရေးအတွက် ပိုအ‌ရေးကြီး‌နေသလိုလုပ်‌နေကြ‌လေရဲ့
ပါတီစွဲ၊ တပ်အစွဲ၊ ပုဂ္ဂိုလ်စွဲ‌တွေနဲ့ အာဏာ‌တွေ ပါဝါ‌တွေပြိုင်ရမဲ့အချိန်မဟုတ်
အလုံးစုံပျက်သုဉ်း‌စေမဲ့ခရီးထဲ ဦးတည်‌နေကြ‌လေ‌ရော့သလားကွယ်။

ကျားငစဉ်းလဲအိုုကြီးရဲ့ အာခံတွင်းထဲမှာ
သစ်သီး‌ပေါများတဲ့ဥယာဉ်ကိုယုုံစားမိတဲ့ ‌ချေ(ဂျီ)သူငယ်လို
တစ်‌ကောင်ပြီးတစ်‌ကောင် ကျားစာဖြစ်သွားတာ‌တောင်
ပျဉ်ဖိုးနားမလည်နိုင်ကြ‌သေးတာလား
ညီညွတ်မှုကိုုလိုုချင်ပါတယ် ညီညွတ်ကြပါလိုု ့လည်း
သူတိုု ့နှုတ်ဖြားက မြွက်ကြားတတ်‌သေးသကွဲ့။

အမှားသိမှ အမှန်နားလည်
အမှန်သိမှ အမှားနားလည်နိုင်မယ့်
ဒွန်တွဲ‌နေတဲ့နိယာမ တရားကိုု‌ဘေးဖယ်ပြီး
သင်တိုု ့‌တွေအားလုုံး မှန်သူ‌တွေလိုု ့ ကိုုယ့်ကိုုယ်ကိုုယူဆ‌နေကြရင်
‌မြေစာအဖြစ်ခံ‌နေရတဲ့ ဒိုု ့ပြည်သူများမှာ‌တော့
ဒုက္ခ‌ရောက်လိုု ့ဗိုုက်‌မှောက်ကာ
တိုင်းမဲ့ ပြည်မဲ့ ‌နေစရာမဲ့နဲ့ ဘုုံ‌ပျောက်လို့ အသက်ငင်‌နေကြတာ
ဆယ်စုနှစ်‌တွေလည်းကြာခဲ့ပါပြီး။

အသွင်မတူသူ‌တွေ စုုကာ‌နေတဲ့ကမ္ဘာအရပ်ရပ်နဲ ့
‌ကော်သူး‌လေမှမျိုးချစ်‌တော်လှန်‌ရေးသမားဆိုုသူတိုု့‌ရေ
မသင့်မမြတ်တဲ့ အကွဲအရှုပ်‌တွေကြားက
‌မွှေးရနံ ့သင်းပျံ့တဲ့ စည်းလုံးညီညွတ်‌ရေးပန်းမာလာ
အာသာဝတီ သူး‌လေ နတ်ပန်း‌လေးတစ်ပွင့်
‌မျှော်လင့်‌နေတဲ့ ဒိုု ့ပြည်သူ‌တွေအတွက်
အားနာစွာနဲ့ပွင့်တန်‌ကောင်းပါရဲ့‌နော်။