Home သတင်း ကုမ္ပဏီမှ သဲစုပ်ယူမှု‌ကြောင့် ထားဝယ်မြစ်ကမ်းပါးပြိုကျကာ ‌ဒေသခံများ မ‌ကျေနပ်

ကုမ္ပဏီမှ သဲစုပ်ယူမှု‌ကြောင့် ထားဝယ်မြစ်ကမ်းပါးပြိုကျကာ ‌ဒေသခံများ မ‌ကျေနပ်

1798
‌အောက်တိုဘာလ ၃ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

တနသင်္ာရီတိုင်းအတွင်းရှိ မြို့နယ်‌လေးခုတွင် စီးဆင်းလျှက်ရှိ‌သော ထားဝယ်မြစ်မှ သဲများကို စကင်္ာပူ ဖက်စပ်ကုမ္ပဏီမှ လာ ‌ရောက်စုပ်ယူ‌နေသဖြင့် ကမ်းပါးပြိုကျမှုများ ဖြစ်ပွား‌နေသည့်အတွက် ထားဝယ်‌ဒေသခံများက မ‌ကျေမနပ် ဖြစ်‌နေကြသည်။

ထားဝယ်မြို့နယ်၊ သရက်‌ချောင်းမြို့နယ်၊ ‌လောင်းလုံမြို့နယ်နှင့် ‌ရေဖြူမြို့နယ်များတွင် ဖြတ်သန်းစီးဆင်း‌နေ‌သော ထားဝယ်မြစ် ‌ရေထဲမှ သဲများကို စကင်္ာပူနိုင်ငံသို့ တင်ပို့ရန်အတွက် ဘိတ်(မြိတ်)မြို့နယ်ရှိ စကင်္ာပူနှင့် စီးပွား‌ရေး ဖက်စပ်လုပ်ကိုင်‌နေသည့် ‌ကျော်‌ကျော်ဖြိုးကုမ္ပဏီ လာ‌ရောက်စုပ်ယူခြင်းဖြစ်‌ကြောင်း ထားဝယ်မြို့ခံ ကိုစိုးသိန်းက ‌ပြောသည်။

ကိုစိုးသိန်းက “ထားဝယ်မြစ်‌ရေပြဿနာက ‌တော်‌တော်ကိုဆိုး‌နေပါတယ်။ ကမ်းပါး‌တွေက ပြိုကျလာတယ်။ သူတို့က ‌ဒေသခံ ‌တွေကိုလည်း ‌ပြောပြပြီးမှ လုပ်တာမဟုတ်ဘူး။ ပြီး‌တော့ ကျ‌နော်တို့ ထားဝယ်မြို့ထဲကလည်း မဟုတ်ဘူး။ ဘိတ်က‌နေ လာပြီးမှ စုပ်တာကို‌တော့ အမှန်အတိုင်း‌ပြောရရင် မ‌ကျေနပ်ဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိအချိန်တွင် ‌ကျော်‌ကျော်ဖြိုးကုမ္ပဏီမှ သ‌ဘေင်္ာ ၈စီးဖြင့် သရက်‌ချောင်းမြို့နယ်ထဲတွင် စတင် စုပ်ယူ‌နေပြီး ပင်လယ်ဝအထိ စုပ်ယူသွားမည်ဟု ကြားသိထား‌ကြောင်း သရက်‌ချောင်းမြို့နယ်ဘက်မှ ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။

အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက “ကျ‌နော်တို့က မစုပ်‌စေချင်လို့‌တော့ မဟုတ်ပါဘူး။ ဒါ‌ပေမယ့် ထားဝယ်မြစ်‌ရေက ‌တော် ‌တော်‌လေးကို တိမ်‌နေပြီ။ ထားဝယ်နားမှာဆို ‌တော်‌တော်‌လေးကို အ‌ခြေအ‌နေဆိုး‌နေပြီ။ သ‌ဘေင်္ာ‌တွေဘာ‌တွေ ဝင်လို့‌တောင် မရ ‌တော့ဘူး။ ‌ရေတက်တဲ့အချိန်‌လောက်မှပဲ ဝင်လို့ရတယ်”ဟု ‌ပြောသည်။

ထို့အပြင် မြစ်‌ရေအတွင်းရှိ သဲများကို မဖြစ်မ‌နေ စုပ်ယူမည်ဆိုပါက ‌ရေ‌အောက်အနက် မည်မျှအထိ စုပ်ယူမည့်အ‌ကြောင်းနှင့် ကမ်းပါးများ ပြိုကျမှုအတွက် မည်သို့လုပ်‌ဆောင်‌ပေးမည်တို့ကို ၎င်းကုမ္ပဏီများဘက်မှ လာ‌ရောက်အသိ‌ပေး‌စေချင်‌ကြောင်း လည်း ထားဝယ်မြို့ခံများက ‌ပြောဆိုသည်။

သို့‌သော် ကုမ္ပဏီများဘက်မှ တစုံတရာ အ‌ကြောင်းကြားလာခြင်း၊ အသိ‌ပေးခြင်းများမရှိသဖြင့် သဲစုပ်ယူ‌နေသည့်အ‌ရေးကိစ္စကို ‌ဖြေရှင်း‌ဆောင်ရွက်‌ပေးရန် ထားဝယ်‌ဒေသခံ ၃၀ဝဦးက လက်မှတ်‌ရေးထိုးကာ ၎င်းစာကို ၈၈မျိုးဆက်သစ်‌ကျောင်းသား‌ခေါင်း ‌ဆောင်များနှင့် ထားဝယ်‌ဒေသဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့မှ သမ္မတဦးသိန်းစိန်ထံ စက်တင်ဘာလက တင်ပြခဲ့ပြီးဖြစ်‌ကြောင်းလည်း ကိုစိုးသိန်းက ယခုလို ‌ပြောသည်။

“စာအ‌ပေါ်မှာ သမ္မတဆီက‌တော့ ဘာအ‌ကြောင်းမှ ပြန်ကြားလာတာ မရှိ‌သေးပါဘူး။ ကုမ္ပဏီဘက်က ‌ပြောတာက‌တော့ ပြည် ‌ထောင်စုဝန်ကြီးက ချ‌ပေးလို့လုပ်တဲ့ ပုံစံမျိုးနဲ့ ‌ပြောတယ်။ တိုင်း‌ဒေသကြီး‌ကော ပြည်သူလူထုက ဘာမှလုပ်ပိုင်ခွင့်မရှိဘူးလားလို့ ကျ‌နော်တို့က ပြန်‌မေးပါတယ်။ မြန်မာနိုင်ငံမှာ ဧရာဝတီမြစ်‌ရေ စီးဆင်းသလိုမျိုး ထားဝယ်မြစ်‌ရေက ကျ‌နော်တို့အတွက် အင်မ တန် အ‌ရေးကြီးပါတယ်”ဟု ‌ပြောသည်။

ယခုနှစ်ဆန်းပိုင်းမှစ၍ တနသင်္ာရီတိုင်းအတွင်း အီတာလျှံထိုင်းကုမ္ပဏီမှ ‌ရေနက်ဆိပ်ကမ်းစီမံကိန်းလုပ်ငန်းများကို စတင် အ‌ကောင်အထည်‌ဖော်‌နေမှု‌ကြောင့် စီမံကိန်း‌နေရာများမှ ‌ဒေသခံပြည်သူများ အိုးအိမ်‌ပြောင်း‌ရွှေ့‌ပေးခဲ့ရသလို ကားကြီးများ ဖြတ် သန်းမှု‌ကြောင့် လမ်းများပျက်စီး‌နေပြီး ‌ဒေသခံများမှ သွားလာ‌ရေး အခက်အခဲများနှင့် ကြုံ‌တွေ့‌နေကြရသည်။