Home သတင်း KNU အတွင်း စည်းလုံးညီညွှတ်မှု ဆက်လက်တည်ရှိ‌စေ‌ရေး OKRSO ဆု‌တောင်း

KNU အတွင်း စည်းလုံးညီညွှတ်မှု ဆက်လက်တည်ရှိ‌စေ‌ရေး OKRSO ဆု‌တောင်း

2208
‌အောက်တိုဘာလ ၈ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး-KNU အတွင်း စည်းလုံးညီညွှတ်မှု ဆက်လက် တည်ရှိ‌စေ‌ရေးအတွက် ရည်ရွယ်၍ ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့ရှိ ပြည်ပ‌ရောက်ကရင်ဒုက္ခသည်များဆိုင်ရာ လူမှု‌စောင့်‌ရှောက်‌ရေးအဖွဲ့-OKRSO ရုံးတွင် ဘာသာ‌ပေါင်းစုံ ဆု‌တောင်းပွဲတစ်ခုကို ယမန်‌နေ့ည‌နေ ၆နာရီတွင် နာရီဝက်ကြာ ပြုလုပ်ကျင်းပခဲ့သည်။

OKRSO ၏ ‌ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သူ ‌စောမင်သီက “လက်ရှိ မြန်မာအစိုးရနဲ့ KNU တို့ရဲ့ ‌ဆွေး‌နွေးပွဲက‌နေ ‌ပေါ်‌ပေါက်လာတဲ့ အဖွဲ့ အတွင်း ပြဿနာ‌တွေကို ကျ‌နော်တို့ စိတ်မ‌ကောင်း ဖြစ်ခဲ့ရပါတယ်။ ဒါ‌ကြောင့် ကျ‌နော်တို့ရဲ့ မိခင်အဖွဲ့အစည်း KNU အတွင်း မှာ အချင်းချင်း စည်းလုံးမှု‌တွေရဖို့ ဆု‌တောင်းပွဲလုပ်ရတာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာအစိုးရသည် KNU နှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ရာတွင် ခွဲခြား‌ဆွေး‌နွေးမှုများ ရှိခဲ့သည့်အ‌ပေါ် KNU အတွင်း ‌ခေါင်း‌ဆောင်များအ ကြား သ‌ဘောထားကွဲလွဲမှုများ ဖြစ်ပွားလာရ‌ကြောင်းနှင့် ‌စေတနာမှန်ဖြင့် ‌တွေ့ဆုံ‌ဆွေး‌နွေးခြင်း မဟုတ်‌ကြောင်း OKRSO မှ ရှုမြင် သည်ဟုလည်း သူက ဆက်‌ပြောသည်။

ယမန်‌နေ့က OKRSO သည် ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့ဝင်အသစ်များ ‌ရွေးချယ်တင်‌မြှောက်ခြင်း အခမ်းအနားကို ပြုလုပ်ကျင်းပ ခဲ့ပြီး ထိုတင်‌မြှောက်ပွဲအပြီး ည‌နေပိုင်းတွင် ဆု‌တောင်းပွဲကို ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းဆု‌တောင်းပွဲအခမ်းအနားတွင် OKRSO အဖွဲ့ဝင် အပါအဝင် ဘန်‌ကောက်တွင် လူမှု‌ရေးနှင့် ကရင်စာ‌ပေယဉ်‌ကျေးမှု လုပ် ‌ဆောင်‌နေကြသူပုဂ္ဂိုလ်များနှင့် လူငယ်များ စုစု‌ပေါင်း ၄ဝဦး‌ကျော် တက်‌ရောက်ခဲ့ကြပြီး ၎င်းတို့သည် ကရင်အမျိုးသားအလံ‌တော် ကို ကိုင်‌ဆောင်၍ ဖ‌ယောင်းတိုင်မီးကိုယ်စီ ထွန်းညှိကာ ဝတ်ပြု ဆု‌တောင်းခဲ့ကြခြင်းဖြစ်သည်။

ထို့အပြင် ဆု‌တောင်းပွဲတွင် ပါဝင်သူများမှ “ကရင်လူထုတရပ်လုံး ညီညွတ်ကြပါ‌စေ၊ ကရင်လူထုတရပ်လုံး ငြိမ်းချမ်းကြပါ‌စေ၊ ကရင်လူထုတရပ်လုံး တိုးတက်‌အောင်မြင်ပါ‌စေ”ဟု တညီတညွှတ်တည်း ရွတ်ဆိုကြကာ ဆု‌တောင်းပွဲကို အဆုံးသတ်ခဲ့သည်။

‌ကေအဲန်ယူ၏ လက်ရှိအ‌ခြေအ‌နေအ‌ပေါ် ပြီးခဲ့သည့် ‌အောက်တိုဘာလ ၅ရက်‌နေ့က ကရင်လူထုအ‌ခြေပြုအဖွဲ့အစည်း ၃၀‌ကျော် ‌ဆွေး‌နွေးသုံးသပ်ခဲ့ကြရာ အချင်းချင်း ပြန်လည်စုစည်းညီညွှတ်‌စေလိုသည့် သ‌ဘောထားကို ‌ဒေါက်တာစင်သီယာ‌မောင် အပါအ ဝင် ၎င်းအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်အချို့က ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်များထံ သွား‌ရောက် အသိ‌ပေးခဲ့ကြ‌သေးသည်။

Oversea Karen Relive Social Organization-OKRSO ကို စစ်‌ဘေးဒဏ်‌ကြောင့် အတိဒုက္ခ‌ရောက်သူများနှင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရင်း ဒုက္ခမျိုးစုံ ကြုံ‌တွေ့‌နေရ‌သော မြန်မာနိုင်ငံသားများကို လူမှု‌ရေး ကူညီ‌ထောက်ပံ့ရန် ရည်ရွယ်၍ ၁၉၉၂ခုနှစ်၊ ဇွန် လက စတင် ဖွဲ့ စည်းခဲ့သည်။