Hay Htoo
“ခြေလှမ်းသွက်လာနေသော ကရင်နှစ်သစ်ကူးနေ့ ပြောင်းလဲ ကျင်းပရေး လှုံ့ဆော်လှုပ်ရှားမှု”
(ပြည်တွင်းကရင်လူငယ်တစ်ဦး)
၁၉၆၄ခုနှစ်တွင် ကျင်းပခဲ့သည့် ပြည်တွင်းငြိမ်း ချမ်းရေး တွေ့ဆုံဆွေးနွေးပွဲတွင် မူဆိုးကော် ကစာ စောဟန်သာမွှေး ခေါင်းဆောင်သော ကရင်တော်လှန်ရေးကောင်စီ (Karen Revolutionary Council – KRC)သည် ပြည်ထောင် စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီနှင့် ဆွေးနွေပွဲ သဘော တူညီချက်တစ်ရပ်ကို...
လက်ပစ်ကူးမလား အနစ်ခံမလား
M. ထက်ခေါင်
(၁)
ကရင်သတင်းစဉ်အယ်ဒီတာနှင့် အွန်လိုင်း ဂျီမေးလ်ချတ်မှာ စာအပြန်အလှန်ရိုက်ရင်း အသံတိတ် စကားပြောဆိုခဲ့ရာတွင် ယခု လ ဆောင်းပါး ၌ ဒေါ်အောင် ဆန်းစုကြည်ကို ဝေဖန်ထောက်ပြသည့် အကြောင်း အချက် များနှင့် တိုင်းရင်းသား ပြည်သူလူ ထုများ လက်ငင်းကြုံတွေ့နေ ရသည့် အခြေအနေ အပေါ်...
အစိုးရစစ်တပ် ဝိုင်းရံထားသဖြင့် လိုင်ဇာဒေသခံများ ဗုံးခိုကျင်း တူးနေကြပြီ
ဒီဇင်ဘာလ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ကချင်လွတ်မြောက်ရေးတပ်မတော်-KIA ဌာနချုပ် အခြေစိုက်သည့် လိုင်ဇာမြို့အား မြန်မာ စစ်တပ်များက တိုက်ခိုက်သိမ်းပိုက်ရန် ဝိုင်းရံ ထားပြီဖြစ်၍ ဒေသခံ ကချင်ပြည်သူများက မိမိတို့နေ အိမ်အနီးတွင် ဗုံးခို ကျင်းများ တူးနေကြပြီဖြစ်ကြောင်း သိရသည်။
ယနေ့နံနက် ၉နာရီခန့်မှစတင်ပြီး ၁၁နာရီဝန်းကျင်အထိ အစိုးရတပ်များက...
ကချင်ဒေသကို အစိုးရတပ် ထိုးစစ်ဆင်မှုအပေါ် DAB ရှုတ်ချ
ဒီဇင်ဘာလ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါးလေး (ကေအိုင်စီ)
ကချင်ပြည်နယ်တွင် ဦးသိန်းစိန်အစိုးရမှ ကြည်းတပ်၊ လေတပ် စစ်အင်အား အလုံးအရင်းဖြင့် အသုံးပြုပြီး ပြင်းထန်စွာ ထိုးစစ်ဆင်နေမှုများ အပေါ် မြန်မာပြည် ဒီမိုကရက်တစ်မဟာမိတ် အဖွဲ့ချုပ်(Democratic Alliance of Burma-DAB)က ကန့်ကွက် ရှုတ်ချကြောင်း ယမန်နေ့က သဘောထား...
ဒေါက်တာစင်သီယာမောင် KSNG နှစ်ပတ်လည် အစည်းအဝေး တက်ရောက်အားပေး
ဒီဇင်ဘာလ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
ကရင်ကျောင်းသားများကွန်ယက်အဖွဲ့-KSNG ၏ (၁၇)ကြိမ်မြောက် ရှိပြီဖြစ်သော နှစ်ပတ်လည်ဆွေးနွေး ပွဲကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ဆာသူးလေကျောင်း တွင် ကျင်းပရာ မယ်တော်ဆေးခန်းထူထောင် သူ ဒေါက်တာ စင်သီယာမောင်မှ တက်ရောက် အားပေးခဲ့သည်။
“ဆရာမက အထူးသဖြင့် ပညာရေး၊...
ကိုပေါလို့ အများခေါ်တယ် (ကဗျာ)
(လကင်္ာဒီပ)
စေတနာဗရပွ
ပရဟိတသမားကြီး
အားလုံး ပြီးပြည့်စုံစေချင်တာ
ကိုယ့်မှာတော့ ဘာမှမရှိချင်နေ
လေလေးချွှန် နှီးလေးဖျာ
ဝမ်းတထွာလေး ပြည့်ရင်တော်ပြီပဲဆိုတဲ့
အတ္တမဲ့သူ့အသွင်သဏ္ဍန်
ဗြဟ္မစိုတရားပဲ လက်ကိုင်ထားလေသလား။
စေတနာဗရပွ
ပရဟိတသမားကြီး
အားလုံး ပြီးငြိမ်းနေစေချင်သူ
ကိုယ့်လူမျိုးမှာ ဘာဖြစ်ဖြစ် ဖာဖြစ်ဖြစ်
နွံနစ်နစ် ကျွန်ဖြစ်ဖြစ်
မွဲတေပေရစ်နေပါစေကွယ်
ငယ်နိုင်လိုပြုကျင့်လူ့အလွှာ
စိုပြေသာယာဖွံ့ဖြိုးရေး
ပူးတွဲပေးဆပ်ချင်တဲ့လူစား
ရိုးသားလွန်းသလား “အ”သလား။
စေတနာဗရပွ
ပရဟိတသမားကြီး
အားလုံးပြီးစီး ပိပြားစေချင်သူ
မောင်ဖြူမောင်မဲ မခွဲခြား
ရန်သူလား မိတ်ဆွေလား မထားရန်
ကိုယ့်တော်လှန်ရေး သိက္ခာကျအောင်သူပြု
ဟိုလူစု မငြိုငြင်ဖို့က
ကမ္ဘာ့အရေးကြီးဆုံးလို့များ သူခံယူလေသလား။
စေတနာဗရပွ
ပရဟိတသမားကြီး
အားလုံးပြီးစီးဖွံ့ဖြိုးရေးအမှု
ကိုယ့်အုပ်စု ကိုယ့်လူစု
ပြုစုတည်ဆောက်လူမွေး
ဝမ်းစာရေးခက်ခဲ
ကျောမွဲလူအနည်းငယ်
စားဖွယ်ပေး မိမိလူလုပ်ယူ
ပြည်သူလူထုအားလုံးကိုပဲ ကိုယ်စားပြုသယောင်
လုပ်ဆောင်ဘန်းပြ အကွက်ထွင်
လုပ်ချင်ရာလုပ်တဲ့လူစား။
စေတနာရှင်လည်း မဟုတ်ပါ
မာယာရှင်လည်း မဟုတ်ပါ
ခုံထက်မှာ...
ကချင်စစ်ပြေးဒုက္ခသည် ၄ထောင်ခန့် အစာရေစာငတ်မွတ်မှုကြုံ
ဒီဇင်ဘာလ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ကချင်လွတ်မြောက်ရေးတပ်မတော်-KIA တပ်မဟာ(၃)အခြေစိုက်ရာ တရုတ်နိုင်ငံနယ်စပ် မိုင်ဂျာယန် ဒေသတစ်ဝိုက်ရှိ သွားလာရန်ခက်ခဲသော နယ်မြေသို့ ရောက်ရှိနေကြသည့် ကချင်စစ်ပြေးဒုက္ခသည် ၄,၀၀ဝ ခန့်သည် လက်ရှိအချိန်တွင် အစာရေစာငတ်မွတ်မှုနှင့် ကြုံတွေ့နေရကြောင်း သိရှိရသည်။
မိုင်ဂျာယန်ဒေသနှင့် အနည်းငယ်အလှမ်းဝေးကွာပြီး နိုင်ငံတကာအကူအညီပေးနေသည့် အဖွဲ့အစည်း များက မသွားရောက်နိုင်သဖြင့်...
ကရင်လူငယ်အစည်းအရုံး နှစ်ပတ်လည် အစည်းအဝေးစတင်
ဒီဇင်ဘာလ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါးလေး (ကေအိုင်စီ)
ကရင်လူငယ်အစည်းအရုံး-KYO သည် ၎င်းတို့၏ ၂၀၁၁-၂၀၁၂ခုနှစ်၊ နှစ်ပတ်လည်အစည်းအဝေးကို ယနေ့ ဒီဇင်ဘာ လ ၂၇ ရက်မှ ၂၈ ရက်နေ့အထိ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ အံဖကြီးကျေးရွာတွင် ကျင်းပသွားမည်ဟု သိရသည်။
ငြိမ်းချမ်းရေးဖော်ဆောင်မှု ကာလအတွင်း မြန်မာပြည်တွင်း၌ လှုပ်ရှားနေသည့်...
၆ကြိမ်မြောက် ဩစတြေးလျားနိုင်ငံ လုံးဆိုင်ရာ ကရင်လူငယ်နှီးနှော ဖလှယ်ပွဲ စတင်ကျင်းပ
ဒီဇင်ဘာလ ၂၇ရက်။ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ဩစတြေးလျားကရင်အဖွဲ့အစည်း(AKO)မှ ကြီးမှူးကျင်း ပသော ၆ကြိမ်မြောက် ဩစတြေးလျားနိုင်ငံလုံးဆိုင်ရာ ကရင်လူငယ်နှီးနှောဖလှယ်ပွဲကို ဩစတေးလျားနိုင်ငံ အနောက်ဖက်ပိုင်းပြည်နယ်၏ မြို့တော် ပါသ်(Perth)မြို့ရှိ Apex Camp Jurien Bay တွင် ယမန်နေ့က စတင်ကျင်းပခဲ့သည်။
ဒီဇင်ဘာလ ၂၆ မှ ၃ဝ...
လူ့အခွင့်အရေးကော်မတီတစ်ရပ် ဖွဲ့စည်းသွားရန် KNU သဘောထားချမှတ်
ဒီဇင်ဘာလ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
စီပွားရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒများ ချမှတ်သွားရန်နှင့် ပြည်သူလူထု၏နစ်နာဆုံးရှုံးမှုများကို အကာအကွယ်ပြုင်ရေးအတွက် ရည်ရွယ်၍ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူက ၎င်းတို့၏ (၁၅)ကြိမ်မြောက် ညီလာခံအပြီး လူ့အခွင့်အရေးကော်မတီတစ်ရပ် ဖွဲ့စည်းသွားရန် သဘောထားချမှတ်ခဲ့သည်။
ယခုနှစ်၊ နိုဝင်ဘာလ ၂၆ မှ ဒီဇင်ဘာလ ၂၆ ရက်နေ့အထိ ကေအဲန်ယူနယ်မြေ၊ ဘားအံခရိုင်၊...






