Home ထိပ်တန်းသတင်း အစိုးရစစ်တပ် ဝိုင်းရံထားသဖြင့် လိုင်ဇာ‌ဒေသခံများ ဗုံးခိုကျင်း တူး‌နေကြပြီ

အစိုးရစစ်တပ် ဝိုင်းရံထားသဖြင့် လိုင်ဇာ‌ဒေသခံများ ဗုံးခိုကျင်း တူး‌နေကြပြီ

4056

ဒီဇင်ဘာလ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

ကချင်လွတ်‌မြောက်‌ရေးတပ်မ‌တော်-KIA ဌာနချုပ် အ‌ခြေစိုက်သည့် လိုင်ဇာမြို့အား မြန်မာ စစ်တပ်များက တိုက်ခိုက်သိမ်းပိုက်ရန် ဝိုင်းရံ ထားပြီဖြစ်၍ ‌ဒေသခံ ကချင်ပြည်သူများက မိမိတို့‌နေ အိမ်အနီးတွင် ဗုံးခို ကျင်းများ တူး‌နေကြပြီဖြစ်‌ကြောင်း သိရသည်။

ယ‌နေ့နံနက် ၉နာရီခန့်မှစတင်ပြီး ၁၁နာရီဝန်းကျင်အထိ အစိုးရတပ်များက စစ်တိုက်‌လေယာဉ် ၂စင်းနှင့် ရဟတ်ယာဉ် ၃စင်းဖြင့် လဂျားယန်သို့ ထိုးစစ်ဆင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြပြီး လိုင်ဇာမြို့တွင်လည်း စစ်တပ်များထိုးစစ်ဆင်လာဖွယ် အ‌နေအထား ‌တွေ့ရှိ ‌နေ ရသဖြင့် ‌ဒေသခံများက ဗုံးခိုကျင်းများ တူး‌ဖော်‌နေကြခြင်းဖြစ်‌ကြောင်း ကချင်လွတ်‌မြောက်‌ရေး အဖွဲ့-KIO က အရပ်ဘက် အုပ်ချုပ်‌ရေးဌာန ဒု-တာဝန်ခံ ဆလန်ကပါဒွဲပီဆာက ‌ပြောသည်။

၎င်းက “အခုဆိုရင် လိုင်ဇာပတ်ဝန်းကျင်မှာ အဘက်ဘက်က‌နေပြီး အစိုးရတပ်‌တွေက အားလုံး‌နေရာ ယူထားကြပြီ‌လေ။ ဒီက‌နေ့မှာလည်း သူတို့က အ‌ပေါ်က‌နေ စပစ်‌နေပြီဆို‌တော့ ဘယ်လိုဆက်ဖြစ်ဦးမလဲ‌တော့ မသိ‌သေးဘူး။ သူတို့ရဲ့အထက်က လည်း ‌ခြေလျင်စစ်‌ကြောင်း‌တွေထိုးဖို့ ဖိအား‌ပေးထားတယ်လို့လည်း ကျ‌နော်တို့အဖွဲ့‌တွေ ကြားသိထားတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ကချင်ပြည်နယ်၊ ‌ဒေါ့ဖုန်းယန်မြို့နယ်ခွဲအတွင်းရှိ လဂျားယန်နှင့် KIA ဌာနချုပ်တည်‌နေရာ လိုင်ဇာမြို့သည် ၈မိုင်ခန့်အကွာတွင် ရှိပြီး လဂျားယန်‌ဒေသခံများက လက်ရှိအချိန်တွင် လိုင်ဇာဘက်သို့ ‌ရောက်‌နေကြ ပြီဖြစ်‌ကြောင်း KIA ဘက်က ဆိုသည်။

လိုင်ဇာမြို့‌ဒေသခံ ကချင်အမျိုးသားတစ်ဦးက “တချို့အိမ်‌တွေက‌တော့ ဒီဇင်ဘာလ ၁၄ရက်‌နေ့ကတည်းက ဗုံးခိုကျင်းတူး‌နေကြ တာ။ ဒီ‌နေ့ လဂျားယန်မှာ ရဟတ်ယာဉ်က ဗုံးကြဲ‌တော့ စက်‌သေနတ် မီးပွင့်တာ‌တောင် မြင်ရတယ်။ ဒါ‌ကြောင့် ကျ‌နော်တို့ လိုင်ဇာနားလည်း စစ်တပ်‌တွေ ‌ရောက်‌နေကြပြီဆို‌တော့ အိမ်တိုင်းအိမ်တိုင်းက အိမ်‌ရှေ့ ဒါမှမဟုတ် အိမ်‌နောက်‌တွေမှာ ဗုံးခို ကျင်း တူးထားကြတယ်”ဟု ‌ပြောသည်။

အစိုးရတပ်များက ရဟတ်ယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် ဓာတုလက်နက်ပစ္စည်းဟု ယူဆရသည့် မီး‌လောင်ဗုံးများ ပါဝင်ပြီး KIA ဘက်မှ ‌ပြောဆိုထားသည်။

ထို့အပြင် ယ‌နေ့ပစ်ခတ်မှုတွင် ထိခိုက်ဒဏ်ရာရရှိသူ အနည်းငယ်ရှိ‌ကြောင်းနှင့် KIA ယာယီတဲအိမ်များ ထိမှန်ပျက်စီးခဲ့‌ကြောင်း လိုင်ဇာ‌ဒေသမှလာသည့် သတင်းများအရ သိရသည်။