Hay Htoo
သင်ပုန်းအသစ်နဲ့ လူ (ကဗျာ)
တော်လှန်ရေးခေတ်ဦးက တို့ခေါင်းဆောင်တွေ
မြန်မာသင်ပုန်းကြီးထဲက
“င”အက္ခရာနဲ့ တွဲဖတ်နိုင်တဲ့ “သရ”တွေကို
အနှီလူတစ်သိုက်ကို သင်ပြဘို့
ရန်ကုန်သွားခဲ့ကြတယ်။
မဟာဝါဒ အမှောင်ကြားကလူတစ်စု
ဆွံ့အ နားမကြားလို့ မသင်ပြနိုင်ခဲ့
ဒါပေမယ့်
ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိနေမြဲ။
တော်လှန်ရေးခေတ်လယ်က တို့ခေါင်းဆောင်တွေ
သင်ပြလို့ မရခဲ့တဲ့ မြန်မာသင်ပုန်းကြီးထဲက
“င”အက္ခရာနဲ့ တွဲဖတ်နိုင်တဲ့ “သရ”ကို ဆက်သင်ပြဘို့
အနှီလူတစ်သိုက်ဆီ ဆက်သွားခဲ့ကြပြန်တယ်။
ဆွံ့အ နားမကြားတဲ့ ထိုလူတစ်သိုက်
စောင်းကြိုးသားကုန် မောင်ပုံ စောင်းမတတ်ခဲ့
ဒါပေမယ့်
ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိနေဆဲ။
တော်လှန်ရေးခေတ်နှောင်း တို့ခေါင်းဆောင်တစ်စု
ခေတ်အဆက်ဆက်...
KIO ၏ ကန့်ကွက်အကြောင်းကြား စာကို အစိုးရဘက်မှ အကြောင်း မပြန်သေး
ဒီဇင်ဘာလ ၂၆ရက်၊ ၂၀၁၂ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး ကြိုးပမ်းဆောင်ရွက်နေ ချိန်တွင် အစိုးရ၏ မြောက်ပိုင်းတိုင်းမှူးက စစ်ရေးနည်းဖြင့် ခြိမ်းခြောက် သတိပေးသည်ကို ကန့်ကွက်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့-KIO မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဌ ဦးအောင်မင်းထံသို့ ယမန်နေ့က ကန့်ကွက်စာတစ်စောင် ပေးပို့ထားပြီးဖြစ်သော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးပေ။
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး...
ဗိုလ်မှူးချုပ်ဂျော်နီကို ကေအဲန် အယ်လ်အေ စစ်ဦးစီးချုပ်ခန့်အပ်
ဒီဇင်ဘာလ ၂၄ရက်၊ ၂၀၁၂ခုနှစ်။ နန်းဖော့ဂေ (ကေအိုင်စီ)
မပြီးဆုံးသေးသည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ၁၅ကြိမ်မြောက် ကွန်ဂရက်(ညီလာခံ)တွင် တပ်မဟာ(၇)မှူး ဗိုလ်မှူး ချုပ်ဂျော်နီကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့(KNLA) စစ်ဦးစီးချုပ်အဖြစ် ယနေ့ ရွေးချယ်ခန့်အပ်လိုက်ပြီဖြစ်သည်။
၎င်းစစ်ဦးစီးချုပ်အပြင် ဒုစစ်ဦးစီးချုပ်အဖြစ် တပ်မဟာ(၅)မှူး ဗိုလ်မှူးချုပ်ဘောကျော်ဟဲကိုပါ KNU ဗဟိုထိပ် ပိုင်းခေါင်းဆောင်...
ဒုံသမိချောင်းဒေသတလျှောက် ကြံသကာ ဈေးကောင်း
ဒီဇင်ဘာလ ၂၄ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကြံစိုက်များသည့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် နယ်စပ် ဒုံသမိချောင်းနံဘေးတလျှောက်တွင် ယခုနှစ်၊ ၆လ ပိုင်းမှစ၍ ကြံသကာ တပိဿာလျှင် မြန်မာကျပ်ငွေ ၁,၀၀ဝ အထိရှိကာ ဈေးကောင်းလျှက်ရှိသည်။
ဒုံသမိချောင်း အနောက်ဘက်ခြမ်း မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် မြစ်ကျိုးကျေးရွာမှ ကြံစိုက်ပျိုးသူ အမျိုးသမီး...
အိမ်တွင်းအလုပ်သမ ဘဝသံသရာထဲဝယ်
နော်ဆဲကလယ်(ဆောင်းပါး)
အသက် ၅၈နှစ်အရွယ်ရှိပြီဖြစ်တဲ့ နန့်အေးကြည်ဟာ သူမ ၁၄နှစ်အရွယ်ကတည်းက အိမ်တွင်းလုပ်သားအဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ် ပါတယ်။ သူမဟာ ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်ကနေ ရန်ကုန်မြို့မှာ လာရောက်အလုပ်လုပ်နေခဲ့ရတာဖြစ်ပြီး အဲဒီတုန်းက လခ ၃ဝကျပ်ပဲ ရခဲ့ပါတယ်။
“အိမ်အကူဆိုတော့ သူများမျက်နှာကြည့်ပြီး နေခဲ့ရတယ်။ အိမ်ရှင်အမျိုးမျိုးနဲ့ တွေ့ခဲ့ရတယ်။ အင်းစိန်၊ တောင်သူကုန်းမှာ...
တိုင်းရင်းသားဒေသများတွင် လူနေမှုဘဝများ နိမ့်ကျနေ ဆဲဖြစ်ကြောင်း ကိုနေမျိုးဇင်ဆို
ဒီဇင်ဘာလ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါးလေး (ကေအိုင်စီ)
တိုင်းရင်းသားနယ်မြေဒေသ အသီးသီးတွင် လူတန်းစားကွာဟမှုနှင့် လူနေမှုဘဝများ နိမ့်ကျနေဆဲဖြစ်ကြောင်း ၁၈နှစ်မြောက် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) နေ့ အခမ်းအနားကို တက်ရောက်လာသည့် ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်က ပြောကြားခဲ့သည်။
၎င်း၏ ကရင်ပြည်နယ် လေ့လာရေးခရီးစဉ်အတွင်း လမ်းပမ်းဆက်သွယ်ရေး ခက်ခဲသော...
၁၈နှစ်မြောက် DKBA တပ်မတော်နေ့ ကျင်းပပြီးစီး
ဒီဇင်ဘာလ ၂၂ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါးလေး (ကေအိုင်စီ)
ဒီဇင်ဘာလ ၂၁ရက်နေ့ ကျရောက်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) တည်ထောင်ခြင်း ၁၈နှစ်မြောက် နှစ်ပတ် လည်နေ ့အခမ်းအနားကို ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ဆုံဆည်းမြိုင်ကွင်း (ကော်သူးမွဲးခီး)တွင် ယမန် နေ့ မနက်ပိုင်းက...
မြန်မာရွေ ့ပြောင်းအလုပ်သမားများ ဆက်လက်ဖမ်းဆီးခံနေရဆဲ
ဒီဇင်ဘာလ ၂၁ ရက်။ ၂၀၁၂ ခုနှစ်။ နန်းသူးလေ(ကေအိုင်စီ)
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများအတွက် ယာယီနိုင်ငံကူးလက်မှတ်လုပ်ဆောင်နေမှုကို ၃ လ သက်တမ်းတိုးပေးပြီး ဖမ်းဆီးမှုများလည်း ရပ်ဆိုင်းထားပေးမည်ဟု ထိုင်းအလုပ်သမား ဝန်ကြီး ဌာနမှ တရားဝင်ထုတ်ပြန်ထားသော်လည်း အဖမ်းအဆီးများ ဆက်လက်ရှိနေသေးကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တနသင်္ာရီတိုင်း၊ ထားဝယ်မြို့တွင် မြန်မာနိုင်ငံ...
ကေအဲန်ယူ၏ ဗဟိုခေါင်းဆောင် ကြီး ၅ ဦးကို ရွေးချယ်လိုက်ပြီ
ဒီဇင်ဘာလ ၂၁ရက်။ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
ယခုကျင်းပပြုလုပ်သည့် ၁၅ကြိမ်မြောက် ကရင် အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ကွန်ကရက် တွင် ကေအဲန်ယူ၏ ဗဟိုခေါင်းဆောင်ကြီး ၅ဦးကို ယနေ့၌ လျှို့ဝှက်မဲပေး စနစ်ဖြင့် ရွေးချယ်တင်မြောက် လိုက်ပြီဟု သိရသည်။
အဆိုပါ အသစ်ရွေးချယ်ခံရသည့် ဗဟိုခေါင်းဆောင် ၅ဦးမှာ ဥက္ကဌ...
လက်ပံတောင်းတောင်အရေး နှင့် မြေ ယာပြသနာအပေါ် ဥပဒေ စိုးမိုးရေး ရှုဒေါင့်မှ သုံးသပ်ခြင်း
အပိုင်း (၃)
ဥပဒေစိုးမိုးရေးကို “ နိုင်ငံတော် ” ရှုဒေါင့်မှ အဓိက မဟုတ်ဘဲ လူထုရသင့်ရထိုက်သည့် အခွင့်အရေး အခြေခံမှ အဓိက ချဉ်းကပ်ရန်ကိုလည်းကောင်း၊ ပထမဆုံးအနေဖြင့် “ လယ်လုပ်သူ လယ်ပိုင်ခွင့်” အား အသိအမှတ်ပြုရန်ကို လည်းကောင်း၊ စာရေးသူ၏ ဆောင်းပါး...





