Home ဆောင်းပါး “‌ခြေလှမ်းသွက်လာ‌နေ‌သော ကရင်နှစ်သစ်ကူး‌နေ့ ‌ပြောင်းလဲ ကျင်းပ‌ရေး လှုံ့‌ဆော်လှုပ်ရှားမှု”

“‌ခြေလှမ်းသွက်လာ‌နေ‌သော ကရင်နှစ်သစ်ကူး‌နေ့ ‌ပြောင်းလဲ ကျင်းပ‌ရေး လှုံ့‌ဆော်လှုပ်ရှားမှု”

1870
(ပြည်တွင်းကရင်လူငယ်တစ်ဦး)

၁၉၆၄ခုနှစ်တွင် ကျင်းပခဲ့သည့် ပြည်တွင်းငြိမ်း ချမ်း‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် မူဆိုး‌ကော် ကစာ ‌စောဟန်သာ‌မွှေး ‌ခေါင်း‌ဆောင်‌သော ကရင်‌တော်လှန်‌ရေး‌ကောင်စီ (Karen Revolutionary Council – KRC)သည် ပြည်‌ထောင် စုမြန်မာနိုင်ငံ ‌တော်လှန်‌ရေး‌ကောင်စီနှင့် ‌ဆွေး‌နွေပွဲ သ‌ဘော တူညီချက်တစ်ရပ်ကို လက်မှတ်‌ရေးထိုး ထုတ်ပြန်‌ကြေညာနိုင်ခဲ့ပြီး‌နောက် ကရင်နှစ်သစ်ကူး‌နေ့ကို ပြာသိုလဆန်း (၁)ရက် ‌နေ့မှ တပို့တွဲလဆန်း (၁)ရက်‌နေ့သို့ ‌ပြောင်းလဲသတ်မှတ်‌ပေးရန် ဆက်လက်တင်ပြခဲ့သည်။ အဆိုပါတင်ပြချက်ကို ကရင်ပြည်နယ်ဦးစီးအ ဖွဲ့က ကန့်ကွက်ရန်မရှိပါ‌ကြောင်း စာကိုပါ KRC မှ ပူးတွဲ၍ တင်ပြခဲ့သည်။ အဆိုပါတင်ပြချက်နှင့် ပတ်သက်၍ ပြည်‌ထောင်စုမြန်မာနိုင်ငံ ‌တော်လှန်‌ရေး‌ကောင်စီ၏ ကိုယ်စားလှယ်က ပြန်ကြားရာတွင် ကန့်ကွက်မှုများရှိ‌နေ‌သော‌ကြောင့် ကျယ်ကျယ်ပြန့်ပြန့် ‌ဆွေး‌နွေးပြီး ကရင် အမျိုးသားများ၏ သ‌ဘောတူညီမှုကို ရရှိမှသာလျှင် ကရင်နှစ်သစ်ကူး‌နေ့ကို တပို့တွဲလဆန်း (၁)ရက်‌နေ့သို့ ‌ပြောင်းလဲသတ်မှတ်သင့်သည် ဟု ‌တော်လှန်‌ရေး‌ကောင်စီအစိုးရက ဆုံးဖြတ်‌ကြောင်း ပြန်ကြားခဲ့ပါသည်။

ထို့‌နောက် ၁၉၆၇ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့‌သော ကရင်ယဉ်‌ကျေးမှုဆိုင်ရာ ‌ဆွေး‌နွေးပွဲတွင် ကရင်လူမျိုးများ နှစ်သစ်ကူး‌သောလသည် ပြာသိုလ (သို့မဟုတ်) တပို့တွဲလ တစ်လတည်းသာ ဖြစ်သင့်‌သော‌ကြောင့် ကရင်လူမျိုးတို့၏ နှစ်၊ လ၊ ရက်များနှင့် မြန်မာလူမျိုးတို့၏ နှစ်၊ လ၊ ရက်များ ပူးတွဲပါရှိ‌သော ပြက္ခဒိန်မှန်တစ်ခုကို သု‌တေသနပြု၍ ‌ဖော်ထုတ်ကြရန်၊ ထိုသို့ သု‌တေသနပြု၍ ‌ဖော်ထုတ်ဆဲကာလတွင် နှစ် ‌ပေါင်းများစွာကပင် တရားဝင် ကျင်းပပြုလုပ်ခဲ့ကြပြီးဖြစ်‌သော ပြာသိုလဆန်း (၁)ရက်‌နေ့ကိုပင် ကရင်နှစ်သစ်ကူး‌နေ့ဟု သတ်မှတ်၍ နှစ် သစ်ကူးပွဲ‌တော်ကို စုစည်းညီညွှတ်စွာ ကျင်းပသွားရန်၊ ကရင်နှစ်သစ်ကူး‌နေ့ကို သု‌တေသနပြုလုပ်၍ ‌နေ့ရက်အမှန် ရရှိလာသည့်အချိန် တွင် ကရင်လူမျိုးများအားလုံးအတွက် ကရင်နှစ်သစ်ကူး‌နေ့ကို ‌ပြောင်းလဲသတ်မှတ်ရန်၊ လိုအပ်လာပါကလည်း ကရင်အမျိုးသားများအား လုံး တညီတညွှတ်တည်း သတ်မှတ်ဆုံးဖြတ်‌သော‌နေ့ သို့ ‌ပြောင်းလဲသတ်မှတ်ရန် ဆုံးဖြတ်ခဲ့ပါသည်။

ယင်း‌နောက်ပိုင်းတွင် တပို့တွဲလဆန်း (၁)ရက်‌နေ့ကို တရားဝင် ကရင်နှစ်သစ်ကူး‌နေ့အဖြစ် ‌ပြောင်းလဲသတ်မှတ်ရန် အားထုတ်ကြိုးပမ်းမှု မှာ ဦးစီး‌ခေါင်း‌ဆောင်သူ မူဆိုး‌ကော်ကစာ နည်းတူ တဖြည်းဖြည်း အား‌ပျော့‌မှေးမှန်သွားခဲ့သည်။ သို့ရာတွင် ၂၀၀၄ခုနှစ်မှ စတင်၍ ကရင် နှစ်သစ်ကူး‌နေ့ တပို့တွဲလဆန်း(၁)ရက်‌နေ့သို့ ‌ပြောင်းလဲကျင်းပနိုင်‌ရေး ကြိုးပမ်းလှုပ်ရှားမှု ပြန်လည် သက်ဝင်လှုပ်ရှားလာခဲ့သည်။ ကရင်ရိုး ရာပြက္ခဒိန်အရ ကရင်လူမျိုးတို့၏ နှစ်ဦးလဖြစ်‌သော သ‌လေး-ထိုင်ခုတ်ဖိုလသည် မြန်မာလများအနက် တပို့တွဲလနှင့်သာ ကိုက်ညီ‌ကြောင်း ‌တွေ့ရှိရသဖြင့် ကရင်နှစ်သစ်ကူး‌နေ့ကို တပို့တွဲလဆန်း (၁)ရက်‌နေ့သို့ ‌ပြောင်းလဲကျင်းပနိုင်ရန် ကရင်အမျိုးသားတစ်စုမှ လှုပ်ရှားလှုံ့‌ဆော် လာပါသည်။ ယင်းလှုံ့‌ဆော်လှုပ်ရှားမှု၏ ဦးစီးဦး‌ဆောင်မှာ မန်းထိန်ဝင်းစိန်ဖြစ်သည်။ (မန်းထိန်ဝင်းစိန်သည် ၂၀၁ဝပြည့်နှစ်၊ အ‌ထွေ‌ထွေ ‌ရွေး‌ကောက်ပွဲတွင် တိုင်းရင်းသားစည်းလုံးညီညွှတ်‌ရေးပါတီ ကိုယ်စားလှယ်အဖြစ် ကိုယ်စားပြု ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။) တပို့တွဲလ ဆန်း (၁)ရက်‌နေ့သို့ ကရင်နှစ်သစ်ကူး‌နေ့ ‌ပြောင်းလဲကျင်းပနိုင်‌ရေးကို ၎င်းမှ ဧရာဝတီတိုင်း‌ဒေသကြီး၊ ပန်းတ‌နော်မြို့နယ်အတွင်းရှိ ‌ကျေး ရွာအုပ်စုများကို အ‌ခြေပြုလျှက် လှုပ်ရှားလှုံ့‌ဆော်မှုများ စဉ်ဆက်မပြတ် လုပ်‌ဆောင်လာပါသည်။ ကရင်နှစ်သစ်ကူး‌နေ့ကို တပို့တွဲလဆန်း (၁)ရက်‌နေ့၌ ကျင်းပခြင်းကို ၂၀၀၄ခုနှစ်မှစတင်၍ ပန်းတ‌နော်မြို့နယ်၊ ဘုရား‌ချောင်း ‌ကျေးရွာအုပ်စု၊ မအူ‌ချောင်းရွာတွင် ‌ကျေးရွာအုပ်စု ၁အုပ်စုဖြင့် စတင်ကျင်းပခဲ့သည်။ ကရင်သက္ကရာဇ် ၂၇၄၆ခု(ခရစ်နှစ် ၂၀၀၇ခု)တွင် မအူ‌ချောင်းရွာတွင် ဘုရား‌ချောင်းအုပ်စု၊ မအူ‌ချောင်း ‌ကျေးရွာ၊ ၂၇၄၇ခုတွင် ကျုံတိုင်းက‌လေးအုပ်စု၊ အစုကြီးရွာ၊ ၂၇၄၉ မှ ၂၇၅၁ခုထိ ဝဲ‌ဒေါင့်အုပ်စု၊ အစုကြီးရွာတွင် ကရင်နှစ်သစ်ကူး‌နေ့ (တပို့တွဲလဆန်း(၁)ရက်)ကို ကျင်းပခဲ့ကြသည်။

ယခုနှစ် ကရင်သက္ကရာဇ် ၂၇၅၁ခု။ ခရစ်နှစ် ၂၀၁၂ခုနှစ်၊ ဇန်နဝါရီလ ၂၄ရက်တွင် တပို့တွဲလဆန်း(၁)ရက် ကရင်နှစ်သစ်ကူး‌နေ့ကို ကျင်းပ ခဲ့ရာ၌ အခြား‌သော တိုင်းရင်းသားလူမျိုးများဖြစ်‌သော ရှမ်း၊ရခိုင်၊မွန်၊ ကယန်းတိုင်းရင်းသား ကိုယ်စားလှယ်များ ပါဝင် တက်‌ရောက်ခဲ့ပါ သည်။ ရန်ကုန်မြို့မှ ‌စောဟား‌ရေစီ၊ ‌စောကက်နက်‌ဝေ‌သော စသူတို့လည်း တက်‌ရောက်ခဲ့ကြသည်။ ယင်း‌နေ့ ကရင်နှစ်သစ်ကူး‌နေ့ အထိမ်းအမှတ်ပွဲ‌တော် ကျင်းပ‌နေစဉ်အတွင်း ‌တွေ့ဆုံပွဲ၌ လက်ရှိ တရားဝင်အားဖြင့် ကျင်းပလျှက်ရှိ‌သော ပြာသိုလဆန်း(၁)ရက်‌နေ့သည် မှားယွင်း‌ကြောင်း၊ အဂင်္လိပ်အစိုးရက‌ပေး‌သော ကျွန်နှစ်သစ်ကူး‌နေ့သာဖြစ်‌ကြောင်း၊ နှစ်သစ်ကူး‌နေ့အမှားကြီး တရားဝင် ကရင်နှစ်သစ်ကူး ‌နေ့ ဖြစ်သွားခြင်းမှာ ‌ရှေးကရင်လူကြီးများ အသုံးမကျ၍ ဖြစ်ရခြင်းဖြစ်‌ကြောင်း ပြင်းပြင်းထန်ထန် ‌ဝေဖန်‌ဆွေး‌နွေး သုံးသပ်‌ပြောကြားမှုများ ပြုလုပ်ခဲ့ကြပြီး ကရင်နှစ်သစ်ကူး‌နေ့ကို ကရင်လူမျိုးတို့၏ နှစ်ဦးလ အမှန်ဖြစ်‌သော သ‌လေး-ထိုင်ခုတ်ဖိုလ၊ တပို့တွဲလဆန်း(၁)ရက်‌နေ့သို့ တရားဝင် ‌ပြောင်းလဲ ကျင်းပနိုင်‌ရေး အရှိန်အဟုန်မြှင့် အားထုတ်‌ဆောင်ရွက်ကြရန် သ‌ဘောတူဆုံးဖြတ်ခဲ့ကြ‌ကြောင်း သိရှိရသည်။