Hay Htoo
မလေးရှားတွင် ကချင်ဒုက္ခသည် များအတွက် ပထမဆုံးအကြိမ် ရန်ပုံငွေရှာဖွေပွဲပြုလုပ်
ဧပြီလ ၁ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
ကချင်ပြည်နယ်တွင် အခက်အခဲကြုံနေရသော ကချင်ဒုက္ခသည်များအတွက် ရည်ရွယ်၍ မြန်မာနိုင်ငံသားများ ဖြင့် စုပေါင်းဖွဲ့စည်းထားသော မလေးရှားနိုင်ငံအခြေစိုက် Coalition Of Burma Ethnics Malaysia(COBEM) တိုင်းရင်းသားညွန့်ပေါင်းအဖွဲ့အစည်း(မလေးရှား)မှ ရန်ပုံငွေ ရှာဖွေပွဲတရပ်ပြုလုပ်ကျင်းပခဲ့သည်။
ကချင်၊ ကယား၊ ကရင်၊...
ဘုရားသုံးဆူမှာ ဘာလုပ်ဖို့ ရဲတွေ ထားလဲ (ပေးစာကဏ္ဍ)
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ ရပ်ကွက်(၂)ပိုင် တပ်ကုန်းမြေမှာ နေထိုင်တဲ့ အသက် ၂၁နှစ်အရွယ် မိန်းက လေးတစ်ဦးကို အသက် (၅၀)ကျော်အရွယ် ဦးဟန်စိန်ဆိုသူ အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ဖို့ ကြိုးစားတဲ့ တစ်အမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ မတ်လ ၂၇ရက်နေ့၊ မနက် ၆နာရီအချိန်က အိမ်ထဲက ခြေ...
ခုများတော့ဘယ်ဝယ်ဘယ်ဆီ……. (ဆောင်းပါး)
M.ထက်ခေါင်
(၁)
လစဉ်ထုတ်စာစောင်များတွင် ကေအိုင်စီကထုတ်ဝေသော ကရင်သတင်းစဉ်မှာ အခြားစာစောင်များနှင့်မတူတမူ ကွဲပြားနေသော စာစောင်ဖြစ်သည်။ ပြည်တွင်းပြည် ပစာစောင်မဂ္ဂဇင်း အများအပြားမှာ ထုတ်ဝေသည့်လသို့မဟုတ် ရက်သတ္တပတ်များမတိုင်ခင် ရက်ပိုင်းအတွင်း၌ပင်ဆိုင်ပေါ် ရောက်နေတတ် ကြသည်။ ဇန္နဝါရီလအတွက်ထုတ်ဝေသော မဂ္ဂဇင်းကိုလွန်ခဲ့သော ဒီဇင်ဘာလကုန်ပိုင်း၂၈-၂၉ရက်နေ့...
BPHWT နှင့် PEDU တို့ ကျေးရွာ အကျိုးပြု အရန်သားဖွားသင်တန်း ပူးတွဲလုပ်ဆောင်
မတ်လ ၃၁ရက်၊ ၂၀၁၃ခုနှစ်။ (ကေအိုင်စီ)
နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားများအဖွဲ့ -BPHWT နှင့် ဖလုံပညာတိုးတက်ဖွံ့ဖြိုးရေးယူနစ်-PEDU တို့ အမှတ်စဉ် (၁) ကျေးရွာအကျိုးပြု အရန်သားဖွား သင်တန်းကို မတ်လ ၃၁ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ စတင်၍ ပူးတွဲလုပ် ဆောင်လိုက်သည်။
အဆိုပါသင်တန်းကို ဘားအံမြို့နယ် လှာကမြင်ကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာတွင် ယနေ့...
ကရင့်အနာဂတ် တည်ဆောက်ရေး အကောင်အထည်ဖော်ရန် ၃၇ဦးပါ ကော်မတီ ဖွဲ့စည်း
မတ်လ ၃ဝရက်၊ ၂၀၁၃ခုနှစ်။ နန်းဖော့ဂေ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်ခမ်းမတွင် မတ်လ ၂၉ရက်မှ ၃ဝရက်အထိ ကျင်းပပြုလုပ်သည့် ကရင့်ရေးရာ အစည်းအ ဝေးမှ ကရင်အမျိုးသားတို့၏ အနာဂတ်ဘဝ သာယာလှပရေးကို တည်ဆောက်နိုင်ရန်အတွက် ၃၇ဦးပါ ကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ကြောင်း ယနေ့ သဘောထားထုတ်ပြန်လိုက်သည်။
၎င်းကော်မတီကို “ကရင်အမျိုးသား...
ရည်ရွယ်ရာလမ်း (ကဗျာ)
(လကင်္ာဒီပ)
ဒီပုတ်ထဲက ဒီပဲ
ကြောင်တောင်ဆွဲ ချီးပေါလောတွေက
အတွဲညီညီ ကကျိုးသီလို့
ဒီကမ္ဘာတလွှား ရှက်ကြိုးများပြတ်
စံရှင်ရပ်ပေးကြပါဆို
နိုဘယ်ဆုလေးလည်း မျှော်ကိုးထားဆိုပဲ။
မိုးခြိမ်းသံလေးကိုတောင်
အသည်းကြောင်အောင် ကြောက်တတ်နေသူတွေ
တွေဝေခြင်း ဝိုးတဝါးအမြင်ရှိသမို့
ရာမြင်လို့ ထောင်စွန့်ကြသတဲ့
တော်လှန်လာတဲ့ လမ်းလည်း
သဲထဲရေသွန်သလို လုပ်ပစ်ကြပြီ။
ဘာတွေဖြစ်ကုန်ကြပြီလဲ
အလွဲလွဲအမှားမှားဖြစ်ကတတ်ဆန်း
ပရမ်းပတာ ထင်တိုင်းကြဲလောကထဲ
ပြန့်ကျဲသွားဘဝတွေ
ငေးမောနေသူတွေလည်းရှိ
လှည့်မကြည့်ချင်လောက်အောင်ပဲ
အသည်းနာနေသူတွေလည်း ရှိ
သတိနဲ့ လုပ်စရာရှိတာတွေ
ခြေလှမ်းမှန်မှန် လှမ်းနေသူလည်းရှိသော
မာယာများသော ဒီလောကကြီးထဲ
ကျောမွဲလူတန်းစားတွေအတွက်
မျက်ရည်မိုးခါးတွေ သုတ်ပေးသူရှိနိုင်ကောင်းပါရဲ့။
သူများယောင်လို့လိုက်ယောင်
အမောင် တောင်မှန်းမသိမြောက်မှန်းမသိ
သတိနဲ့ကတိ လုံးလုံးမရှိတော့တဲ့အထိ
ချစ်မိတော့လည်း ယောင်းမမြင်းစီးထွက်ကြ
လူ့ဗာလတွေ နေရာယူတဲ့ခေတ်ဟာ
ကောသလမင်းရဲ့အိပ်မက်
ထွက်ဆိုကာ အကြိမ်ကြိမ်အတည်ပြုမိလျက်သား။
အတွင်းရန် အပြင်ရန်
မင်းမှန်မှ...
ပထမအကြိမ်မြောက် ကရင်ရေးရာ အစည်းအဝေး စတင်ကျင်းပခြင်း
မတ်လ ၂၉ ရက်၊ ၂၀၁၃ ခုနှစ်။ (ကေအိုင်စီ)
ပထမအကြိမ်မြောက် ကရင်ရေးရာအစည်း အဝေးဖွင့်ပွဲ အခမ်းအနားကို ယနေ့မြန်မာစံတော်ချိန် မနက် ၈နာရီ အချိန်တွင် ကရင်ပြည်နယ်၊ ဖားအံမြို့ အမှတ်(၃) ရပ်ကွက်ရှိ ဇွဲကပင်ခန်းမ၌ စတင်ပြုလုပ် ကျင်းပ ခဲ့သည်။
၎င်းဖွင့်ပွဲအခမ်းအနားသို့ မြန်မာအစိုးရ သမ္မတရုံးရေးရာ ဝန်ကြီး...
လက်ပံတောင်းတောင်သပိတ် စခန်း အကြမ်းဖက်ဖြိုခွဲခံခဲ့ရမှု ၄လပြည့် ရန်ကုန်တွင် ဆန္ဒပြ
မတ်လ ၂၉ရက်၊ ၂၀၁၃ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးနှင့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဖြိုခွဲခံခဲ့ရမှု ၄လပြည့်သည့် ယနေ့တွင် အကြမ်းဖက်ဖြိုခွဲခဲ့သူအား အစိုးရမှ အမြန်ဆုံးအရေးယူပေးရန် ပြည်တွင်းလူမှုအဖွဲ့ အစည်းများ စုပေါင်းပြီး ရန်ကုန်မြို့တွင် ဆန္ဒထုတ်ဖော် ခဲ့ကြသည်။
သံဃာတော်များ၊ ပြည်တွင်းလူမှုအဖွဲ့အစည်းများ၊ ရန်ကုန်မြို့ခံများစသည့် လူဦးရေ ၃ဝခန့်က ရန်ကုန်တိုင်း...
အကြမ်းဖက်မှုများတွင် စနစ်တ ကျလေ့ကျင့်ထားသည့် ပုံစံမျိုး မြင်တွေ့နေရဟု ကိုမင်းကိုနိုင် ပြော
မတ် ၂၉ရက်၊ ၂၀၁၃ခုနှစ်။ စောထွန်းလင်း (ကေအိုင်စီ)
မြို့ကြီးအချို့၌ လက်ရှိဖြစ်ပွားနေသော အကြမ်းဖက်မှုဖြစ်ရပ်များတွင် ပါဝင်နေသူများသည် စနစ်တကျ လေ့ကျင့်ထားသည့် ပုံစံမျိုး မြင်တွေ့နေရကြောင်း ၈၈မျိုး ဆက်ကျောင်းသား ခေါင်ဆောင် ဦးမင်းကိုနိုင်က ရန်ကုန်ရှိ ၎င်းတို့ရုံးခန်းတွင် ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြား လိုက်သည်။
တိုက်ခိုက်မှုပုံစံမှာ လူမျိုးရေး...
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် လက်တွဲခဲ့သည့် NLD-LA ကို NLD အသိအမှတ်ပြု
မတ်လ ၂၉ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် မဟာမိတ်အဖြစ် နှစ်ပေါင်း ၂၀ကျော် လက်တွဲ ဆောင်ရွက်ခဲ့မှုများကို မိခင်အဖွဲ့အစည်းဖြစ် သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD က အသိ အမှတ်ပြု ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-လွတ်မြောက် နယ်မြေ(NLD-LA)က ယနေ့ ပြောကြား လိုက်သည်။
NLD-LA...





