Hay Htoo
ဖားအံမြို့တွင် ၂၀၀၈ဖွဲ့စည်းပုံ ပြင်ရေးနှင့် အသစ်ရေးရန် NLD ဆွေးနွေး
အောက်တိုဘာ ၆ရက်၊၂၀၁၃ခုနှစ်။ စောညွန့်သောင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ နန်းခင်ထွေးမြင့်နှင့် အဖွဲ့ဝင်များသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် သို့မဟုတ် အသစ်ပြန်လည်ရေးဆွဲရန်အတွက် ကရင်ပြည်နယ်၊ ဖားအံမြို့ ကန်သာဦးခမ်းမတွင် ပြည်သူများနှင့် အောက်တိုဘာ ၆ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
၎င်းဆွေးနွေးပွဲတွင် NLD က ၂၀၀၈...
ရွာသူကြီးတစ်ဦးကို BGF ဖမ်းဆီးထိန်းသိမ်းထား
စက်တင်ဘာ ၉ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ထီးသဒေါ့ထာ့ကျေးရွာအုပ်စုရှိ တခေခိုကျေးရွာသူကြီးကို ပြီးခဲ့သည့် ဩဂုတ်လ လယ်ပိုင်းက နယ်ခြားစောင့်တပ်(BGF) ၁၀၁၄ တပ်ရင်းမှ ဖမ်းဆီးခေါ်ဆောင်သွားကာ ယခု ရက်ပေါင်း ၂၀ကျော် အထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း ကရင်အမျိုးသား အစည်းရုံး(KNU)တပ်မဟာ(၅)က ပြောသည်။ ...
ရွှေ့ပြောင်းမြန်မာအတွက် OKRSO မှ အဂင်္လိပ်နှင့်ထိုင်း ဘာသာရပ်သင်တန်းဖွင့်လှစ်
စက်တင်ဘာ ၉ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်းရှောင်း( ကေအိုင်စီ)
ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ၏ ပညာရေးအတွက် ရည်ရွယ်၍ အဂင်္လိပ်နှင့် ထိုင်းဘာသာရပ်သင်တန်း တရပ်ကို ဘန်ကောက်မြို့ ခေါင်တိန်ဒေသ ဖဟာရုထိုင် လူငယ်ကက်သလစ်ကျောင်းတွင် စက်တင်ဘာလ ၈ နေ့က ပြည်ပရောက်ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးးအဖွဲ့(OKRSO)မှ ဖွင့်လှစ်လိုက်သည်။
အဆိုပါသင်တန်းကို ၂၀၀၆...
မွန်တမျိုးသားလုံးညီလာခံကို စက်တင်ဘာလ နောက်ဆုံး အပတ်တွင် ကျင်းပမည်
စက်တင်ဘာ ၉ရက်၊ ၂၀၁၃ခုနှစ်။ (ကေအိုင်စီ)
မွန်တမျိုးသားလုံးကို ကိုယ်စားပြုသည့် မွန်အမျိုးသားညီလာခံတစ်ရပ်ကို စက်တာဘာလ ၂၈ ရက်နေ့ မှ ၃ဝ ရက်နေ့အထိ ၃ ရက်တိုင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပထမဆုံးအကြိမ် ကျင်းပမည် ဖြစ်သည်။
ညီမလာခံကို မွန်နိုင်ငံရေးပါတီများဖြစ်သည့် မွန်ပြည်သစ်ပါတီ(NMSP)၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP)နှင့်...
ထိုင်း-မြန်မာနယ်စပ်ရှိ အထင်ကရ ကော့မူးရာ ဆရာတော်ပျံလွန်တော်မူ
စက်တင်ဘာ ၉ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် ဖုတ်ဖရခရိုင် အုန်းဖျန်ကရင်ဒုက္ခသည်စခန်း၌ သတင်းသုံးနေထိုင်သူ အထင်ကရ ဆရာတော်တစ်ပါးဖြစ်သော ကော့မှူးရာကျောင်းတိုက်ဆရာတော် အရှင်ဉာဏဝရသည် ယခုလ စက်တင်ဘာ ၃ရက်နေ့တွင် ပျံလွန်တော်မူသွားပြီး စက်တင်ဘာ ၈ရက်နေ့တွင် မီးသၤဂြိုလ်ခဲ့သည်။
သက်တော် ၅၇နှစ်၊ ဝါတော် ၃၇ဝါရှိပြီဖြစ်သော ဆရာတော် အရှင်ဉာဏဝရသည်...
မြို့မဘောလုံးကွင်းကို မူလ အတိုင်း ထားရှိရန် မြို့ခံ များနှင့်သံဃာတော် များတောင်းဆို
စက်တင်ဘာ ၆ရက်၊ ၂၀၁၃ခုနှစ်။ စောညွန့်သောင်း (ကေအိုင်စီ)
ကရင်ပြည်နယ် ဖားအံမြို့၊ မြို့မဘောလုံးကွင်းအတွင်းရှိ လက်ရှိ ကုန်တိုက်နှင့် ဟိုတယ်ဆောက်လုပ်နေမှုကို ရပ်တန့်ပေးပြီး မူလအတိုင်း ပြန်လည်ထားရှိရန် မြို့ခံလူထုနှင့် သံဃာတော်များက ယမန်နေ့ စက်တင်ဘာလ ၅ရက်နေ့က တောင်းဆိုလိုက်သည်။
ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ မြဌေးကြွယ်လင်းကုမ္ပဏီလီမိတက်ကို
အဆောက်အဦး ဆောက်ခွင့်ပြုခဲ့ခြင်းအပေါ် ကန့်ကွက်သည့်အနေဖြင့်...
ရှေ့ဆက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် KNU တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ
စက်တင်ဘာ ၅ရက်။ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း၊ စောသိန်းမြင့် (ကေအိုင်စီ)
ရှေ့ဆက်လက်လုပ်ဆောင်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် ရည်ရွယ်၍ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်များ၏ နိုင်ငံရေးဆိုင်ရာတွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်ကို KNU တပ်မဟာ (၇)နယ်မြေ လေးဝါးစခန်းတွင် စက်တင်ဘာလ ၂ရက်မှ ၆ရက်နေ့အထိ ပြုလုပ်ကျင်းပလျှက်ရှိသည်။
ဆွေးနွေးပွဲနှင့်ပတ်သက်၍ KNU အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက "အဓိကတော့...
ဖာပွန်မြို့နယ်ရှိ စာသင်ကျောင်း ၄ ကျောင်း ထောက်ပံ့ မှု ပြတ်တောက်ခံရ KSEAG ကူညီရန်အသင့်ရှိ
စက်တင်ဘာလ ၄ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ် ဖာပွန်မြို့နယ်၌ ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ တပ်မဟာ(၅)တွင် ယခု စာသင်နှစ်အတွက် ထောက်ပံ့မှု အကူအညီပြတ်တောက် ခံရသော စာသင်ကျောင်း ၄ကျောင်းအတွက် ကူညီရန် အသင့်ရှိသည်ဟု ကရင်ပြည်နယ် ပညာရေးအထောက်အကူပြုအဖွဲ့(KSEAG)က ယနေ့ ပြောကြားလိုက်သည်။
KNU တပ်မဟာ(၅)၏ မုတြော်ခရိုင်၊...
ဒုဗိုလ်အဆင့်ရှိသူ ဒီကေဘီအေ တပ်ဖွဲ့ဝင်တစ်ဦးကို အစိုးရစစ်တပ် ထိန်းသိမ်းထား
စက်တင်ဘာလ ၃ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ် ဘုရားသုံးဆူမြို့တွင် အခြေစိုက်သည့် ဒီမိုကရေစီကရင်အကျိုးပြု တပ်မတော်(ဒီကေဘီအေ)ဌာနချုပ် လက်အောက်ခံ အထူးစစ်ကြောင်းတပ်ဖွဲ့မှ ဒုဗိုလ် အဆင့်ရှိသူတစ်ဦးကို ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်ရှိ အစိုးရစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဒီကေဘီအေက ယနေ့တွင် ပြောကြားလိုက်သည်။
မအူပင်မြို့နယ် အခြေစိုက် ခြေမြန်တပ်ရင်း(ခမရ-၂၇)မှ ဗိုလ်မှူးဝင်းအောင်က ဒီကေဘီအေမှ...
ကရင်မောင်နှမနှစ် ဦး ပြည်ထောင်စုအဆင့် စကားရည်လုပွဲနှင့် ကျပန်းစကားပြော ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရ
စက်တင်ဘာလ ၂ရက်၊ ၂၀၁၃ခုနှစ်။ စောညွှန့်သောင်း (ကေအိုင်စီ)
နေပြည်တော်၌ ယခုစက်တင်ဘာ ၄ရက်နေ့တွင် ပြည်ထောင်စုအဆင့် စကားရည်လုပွဲနှင့် ကျပန်းစကားပြော ပြိုင်ပွဲကျင်းပရန်ရှိပြီး ယင်းပြိုင်ပွဲသို့ ကရင်ပြည်နယ် ဖားအံမြို့ရှိ နဝမတန်းကျောင်းသား စောစံဖိုးအိန်နှင့် သတ္တမ တန်းကျောင်းသူ နန်းရွှေရည်ဖူးသစ် ဆိုသူမောင်နှမနှစ်ဦးတို့က တက်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဟု သိရသည်။
စောစံဖိုးအိန်နှင့် နန်းရွှေရည်ဖူးသစ်တို့သည် ၎င်းတို့...






