Home သတင်း Airbus to Airstrikes လူထုလှုပ်ရှားမှုတွင် ပါဝင်သည့် သပိတ်အင်အားစု (၂) ခုရှိလာ

Airbus to Airstrikes လူထုလှုပ်ရှားမှုတွင် ပါဝင်သည့် သပိတ်အင်အားစု (၂) ခုရှိလာ

699
Photo-BMC

အောက်တိုဘာ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မြန်မာပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည့် တရုတ်နိုင်ငံပိုင် AVIC ကုမ္ပဏီနှင့် ၎င်းရှယ်ယာရှင် Airbus ကို ဦးတည်၍ အောက်တိုဘာလ(၂၅)ရက်မှ (၃၁)ရက်နေ့အထိ ပြုလုပ်မည့် ‘Airbus to Airstrikes Campaign’ ၏ ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှု (Global Movement)တွင် ပါဝင်ကြသည့် သပိတ်အင်အားစု (၂)စုရှိလာပြီဖြစ်သည်။

သွေးစွန်းငွေလှုပ်ရှားမှုအဖွဲ့ (BMC)က ဦးဆောင်သော အဆိုပါလူထုလှုပ်ရှားမှုတွင် လက်ပံတောင်း တောင်ဒေသ သပိတ်အင်အားစုနှင့် ယင်းမာပင် သပိတ်အင်အားစုတို့မှ အောက်တိုဘာလ(၂၆) ရက် နေ့က “Airbus: End investment in AVIC”, Airbus stop investing in war crimes” အစရှိသည့် ခေါင်းစဥ်များဖြင့် ဘန်နာများကိုင်ဆောင်၍ လှည့်လည်ဆန္ဒပြခြင်းဖြင့် ပါဝင်ခဲ့ကြကြောင်း BMC က ပေးပို့လာသည့် လှုပ်ရှားမှုပုံများအရ သိရသည်။

BMC ၏ ပြောရေးဆိုခွင့်ရှိသူ မူလန်က “ပြည်သူတွေအပေါ် အကြမ်းဖက်ဖိနှိပ်ပြီး ရပ်ရွာ လူနေအိမ် များနှင့် မြို့ပြတွေပေါ်အထိ တိုက်လေယာဥ်များဖြင့် ဗုံးကျဲတိုက်ခိုက်နေမှုကို ရပ်တန့် ပေးရန် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်တိုက်ပွဲက တောင်းဆို လှုပ်ရှားခဲ့ကြပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးကြွေးကြော်သံများနဲ့ ချီတက်သပိတ်ပြုလုပ်ခဲ့ကြပါတယ်။ ” ဟု ကေအိုင်စီသို့ ပြောသည်။

Photo-BMC

အဆိုပါ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုတွင် ပြည်သူလူထုအနေဖြင့်လည်း Comment (မှတ်ချက်ပေးခြင်း) ကမ်ပိန်း၊ ပြည်သူလူထုပေးပို့စာ ကမ်ပိန်း၊ အွန်လိုင်းဓာတ်ပုံကမ်ပိန်း တို့ဖြင့် ပါဝင်နိုင်ကြောင်းလည်း BMC အဖွဲ့က ဖိတ်ခေါ်ထားသည်။

စစ်တပ် အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် မေလက စတင်ဖွဲ့စည်းခဲ့သော (Bloody Money Campaign) BMC သည် အဖွဲ့ဖွဲ့စည်းချိန်မှစပြီး လက်ရှိအချိန်ထိ စစ်ကောင်စီ၏ ငွေကြေးထောက်တိုင်များ ပြိုလဲ ရေး၊ လေကြောင်းတိုက်ခိုက်မှုများရပ်တန့်ရေး အတွက်မြေပြင်လှုပ်ရှားမှုများတွင် သာမက အွန်လိုင်း ကမ်ပိန်းများပြုလုပ်၍လည်းကောင်း နည်းမျိုးစုံဖြင့် ကြိုးပမ်းလုပ်ဆောင်နေသာ အဖွဲ့ဖြစ်သည်။

အလားတူပင် BMC အဖွဲ့ ဦးဆောင်ပြီး စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကို အဓိကပံ့ပိုးပေး နေသည့် လေယာဥ်ဆီဖြတ်တောက်ရေးအတွက် နိုင်ငံတကာအစိုးရများသို့ အိတ်ဖွင့်စာပေးပို့သွားမည့် ရည်ရွယ် ချက်ဖြင့် ပြည်သူလူထုလတ်မှတ်များအား ပြီးခဲ့သည့် အောက်တိုဘာလ(၁၈)ရက်နေ့မှ စတင်စုဆောင်းလျက်ရှိသည်။