အောက်တိုဘာ (၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ မြန်မာနိုင်ငံဘက်သို့ အွန်လိုင်းဖြင့်ငွေလိမ်(ကျားဖြန့်)လုပ်ရန် အဓမ္မခိုင်းစေခံရသည့် ဂျပန်အမျိုးသား(၂)ဦးကို ထိုင်းအာဏာပိုင်များနှင့် ထိုင်းနိုင်ငံဆိုင်ရာ ဂျပန်သံရုံးတာဝန်ရှိသူများက ပြီးခဲ့သည့် အောက်တိုဘာ(၂)ရက်နေ့က ကယ်ထုတ်ခဲ့ကြောင်း ထိုင်းမီဒီယာများဖော်ပြချက်အရ သိရသည်။
လစာအမြောက်အများရမည်ဟုဆိုကာ လူမှုကွန်ရက်ပေါ်အလုပ်ခေါ်စာမှတဆင့် ထိုင်းနိုင်ငံသို့ရောက်ရှိလာသည့် အသက်(၂၀)ဝန်းကျင်အရွယ် အဆိုပါဂျပန်လူငယ်နှစ်ဦးကို ကျားဖြန့်လုပ်ဆောင်သူများက ကန်ချနပူရီနယ်စပ်မှ...