Home သတင်း တပ်စခန်း ၃ ခု တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ ၅ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရဟု KNU ထုတ်ပြန်

တပ်စခန်း ၃ ခု တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ ၅ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရဟု KNU ထုတ်ပြန်

923
Photo-KNU

ဇွန်လ ၈ ရက်၊ ၂၀၂၃ ခုနှစ်။ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၅ နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ဖွဲ့ဝင်များက ဝင်ရောက် တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ဘက်မှ ၅ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ မူတြော်ခရိုင် သတင်းစဉ်က ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇွန်လ ၁ ရက်မှ ၃ ရက်နေ့အတွင်း စစ်ကောင်စီတပ်၏ မောဖိုးကျိုး၊ ခေါပူ၊ ဘီဆာစသည့်စခန်း ၃ ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA အမှတ် ၅ ရဲဘော်များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်ယူ မူတြော်ခရိုင်သတင်းစဉ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ တပ်စခန်း ၃ ခုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA တပ်ဘက်မှ တစ်စုံတစ်ရာထိခိုက်မှု မရှိခဲ့ကြောင်း ကေအဲန်ယူဘက်က ပြောဆိုထားသည်။

ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေတွင် KNLA တပ်ဖွဲ့ နှင့် စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်−BGF များအကြား မကြာခဏ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ ပြီးခဲ့သည့် မေလ ၁ လအတွင်း စစ်ကောင်စီ၊ BGF တပ်များနှင့် KNLA တပ်များအကြား တိုက်ပွဲပေါင်း ၂၀၀ ထိဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ နှင့် BGF တပ်ဖွဲ့ဘက်မှ တပ်ကြပ်ကြီးအဆင့်နှင့် ဒုခွဲမှူးအဆင့်အပါအဝင် ၁၂၂ ဦးသေဆုံးကာ ၄၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ မူတြော်ခရိုင်သတင်းစဉ်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။