Home သတင်း ‌တောင်ပိုင်းခရိုင်နှစ်သစ်ကူးပွဲ‌တော်တွင် ကွမ်းခြံကုန်းမြို့နယ် ပါဝင်မည်မဟုတ်ဘဲ သီးခြားကျင်းပမည်

‌တောင်ပိုင်းခရိုင်နှစ်သစ်ကူးပွဲ‌တော်တွင် ကွမ်းခြံကုန်းမြို့နယ် ပါဝင်မည်မဟုတ်ဘဲ သီးခြားကျင်းပမည်

1881

ဒီဇင်ဘာ ၁၆ရက်၊ ၂၀၁၆ခုနှစ်။ နန့်သွာ‌ဖောင်

ရန်ကုန်တိုင်း‌ဒေသကြီး၊ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ဦး‌ဆောင်ပြုလုပ်မည့် ရန်ကုန်‌တောင်ပိုင်းခရိုင်၊ ၂၇၅၆နှစ် ကရင်နှစ် သစ်ကူးပွဲ‌တော်တွင် ကွမ်းခြံကုန်းမြို့နယ်အ‌နေဖြင့် ပါဝင်မည်မဟုတ်ဘဲ သီးခြားကျင်းပသွားမည်ဟု ကွမ်းခြံကုန်းမြို့နယ်၊ ကရင် စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီ ဒုဥက္ကဋ္ဌ မန်းချစ်လှက ဒီဇင်ဘာလ ၁၅ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ကွမ်းခြံကုန်းမှာ ‌တောင်ပိုင်းခရိုင် ‌လေးမြို့နယ်နှစ်သစ်ကူးပွဲကို လုပ်မယ်လို့ ပထမအကြိမ်နဲ့ ဒုတိယအကြိမ် အစည်းအ ‌ဝေးမှာ အတည်ပြုထားတာပါ။ အခု ‌ကော့မှူးမြို့နယ်မှာလုပ်ဖို့ ဖြစ်သွားတယ်။ ကျ‌နော်တို့မြို့နယ်မှာလည်း ‌ကျေးရွာအလိုက် နှစ် စဉ် ‌ပေါင်းပြီး‌တော့ အလှည့်ကျ လုပ်‌နေကျရှိ‌တော့ မပူး‌ပေါင်း‌တော့ဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ကွမ်းခြံကုန်းမြို့နယ်၌ ကရင်နှစ်သစ်ကူးပွဲ‌တော်ကို နှစ်စဉ် ‌ကျေးရွာအလိုက်စု‌ပေါင်းကာ အလှည့်ကျ ကျင်းပ‌လေ့ရှိရာ ယခုနှစ်တွင် တစ်ခြားမြို့နယ်သို့ သွား‌ရောက်ပူး‌ပေါင်းမည်ဆိုပါက အလှည့်ကျသည့် ‌ကျေးရွာအ‌နေဖြင့် မ‌ကျေနပ်မှုများ ဖြစ်လာ နိုင်သလို နှစ်စဉ်ကျင်းပသည့် အစဉ်အလာ ပျက်မည်ကိုလည်း စိုးရိမ်မိ‌ကြောင်း မန်းချစ်လှက ဆက်‌ပြောသည်။

အဆိုပါ နှစ်သစ်ကူးပွဲ‌တော်ကို ကွမ်းခြံကုန်း၊ တွံ‌တေး၊ ‌ကော့မှူးနှင့် ဒလ စသည့် ‌တောင်ပိုင်းခရိုင် ‌လေးမြို့နယ် စု‌ပေါင်း၍ ကွမ်းခြံ ကုန်းမြို့နယ်တွင် ပြုလုပ်မည်ဟု ကနဦးသတင်း‌ပေါ်ထွက်ခဲ့‌သော်လည်း ‌ကော့မှူးမြို့နယ်၊ ဝါးသခင်္ ‌ကျေးရွာတွင်သာ ပြုလုပ်သွား မည်ဖြစ်ပြီး ပွဲ‌တော်အတွက် အစိုးရက ကျပ်သိန်း ၂၅ဝ ချီးမြှင့်‌ပေးမည်ဟု ပွဲ‌တော်ကျင်းပ‌ရေး‌ကော်မတီဝင်များထံမှ သိရသည်။

အဆိုပါ ‌လေးမြို့နယ် စု‌ပေါင်းနှစ်ကူးပွဲ‌တော် ကျင်းပ‌ရေး‌ကော်မတီ ဥက္ကဋ္ဌ မန်းတင်ဝင်းက “ကွမ်းခြံကုန်းမြို့နယ် မပူး‌ပေါင်းတာ မဟုတ်ပါဘူး။ သူတို့မှာက နှစ်စဉ်ကျင်းပ‌နေကျ ‌ကျေးရွာအလိုက်‌တွေရှိ‌တော့ ‌ရွေးချယ်ရတာ ကျ‌နော်တို့လို မလွတ်လပ်ဘူး‌လေ။ ကျ‌နော်တို့နဲ့လည်း လာပူး‌ပေါင်းမှာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‌တောင်ပိုင်းခရိုင်နှစ်သစ်ကူးပွဲ‌တော်ကို ရန်ကုန်တိုင်း‌ဒေသကြီး၊ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီးက ဦး‌ဆောင်ကျင်းပ ‌ပေးခြင်းဖြစ်ပြီး မြို့နယ်အလိုက် လာ‌ရောက်ပူး‌ပေါင်းရန် ဖိတ်‌ခေါ်ထားသလို မြို့နယ်များတွင် နှစ်စဉ်ကျင်းပ‌နေကြပုံစံအတိုင်း ကျင်းပမည်ဆိုပါက ကျင်းပနိုင်ပြီး ဒလ၊ တွံ‌တေး၊ ‌ကော့မှူးမြို့နယ်များမှာ ကွမ်းခြံကုန်းမြို့နယ်ကဲ့သို့ ကန့်သတ်အစီအစဉ်များ မရှိ သည့်အတွက် အလွယ်တကူ စု‌ပေါင်း ကျင်းပနိုင်ခြင်းဖြစ်သည်ဟု မန်းတင်ဝင်းက ဆက်‌ပြောသည်။

ရန်ကုန်‌တောင်ပိုင်းခရိုင် ကရင်နှစ်သစ်ကူးပွဲ‌တော်ကို ‌ကော့မှူးမြို့နယ်၊ ဝါသခင်္‌ကျေးရွာတွင် ဒီဇင်ဘာလ ၂၈ရက်မှ ၃ဝရက်‌နေ့အ ထိ ကျင်းပသွားမည်ဖြစ်ပြီး ဒုံးပြိုင်ပွဲ၊ ရိုးရာလက်‌ဝှေ့ပြိုင်ပွဲနှင့် ကရင်စာ‌ပေပြိုင်ပွဲများကိုပါ ထည့်သွင်းပြုလုပ်ရန် စီစဉ်ထား‌ကြောင်း ပွဲ‌တော်ကျင်းပ‌ရေး‌ကော်မတီ တာဝန်ရှိသူများထံမှ သိရသည်။