Home သတင်း ‌ကျောင်းဆရာ မလုံ‌လောက်သဖြင့် လှိုင်းဘွဲမြို့နယ် အစိုးရ‌ကျောင်းများတွင် သင်ကြား‌ရေး အခက်အခဲဖြစ်

‌ကျောင်းဆရာ မလုံ‌လောက်သဖြင့် လှိုင်းဘွဲမြို့နယ် အစိုးရ‌ကျောင်းများတွင် သင်ကြား‌ရေး အခက်အခဲဖြစ်

2092

ဒီဇင်ဘာ ၁၆ရက်၊ ၂၀၁၆ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် အစိုးရ အ‌ခြေခံပညာ‌ကျောင်းများ၌ ၂၀၁၄-၁၅မှ ပညာသင်နှစ်မှ ယခု ပညာသင်နှစ်အထိ ‌ကျောင်းသားဦး‌ရေများပြားပြီး ဆရာ၊ဆရာမ အ‌ရေအတွက် နည်းပါးသည့်အတွက် စာသင်ကြား‌ရေးအပိုင်းတွင် အခက်အခဲ များစွာ ဖြစ်‌ပေါ်‌နေသည်ဟု ‌ကျောင်းဆရာမများက ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ လှိုင်းဘွဲမြို့နယ်၊ တစ်ခွက်ဖိုုး‌ကျေးရွာအုပ်စုရှိ တစ်ခွက်ဖိုးရွာကြီး အလက(ခွဲ)‌ကျောင်းတွင် ‌ကျောင်းသူ‌ကျောင်းသား ၆၆၁ ဦးရှိ‌သော်လည်း ဆရာ၊ ဆရာမ ၁၅ဦးသာရှိသလို ပန်း‌တောမီး မူလတန်း‌ကျောင်းတွင် ‌ကျောင်းသူ‌ကျောင်းသား ၄၃၁ဦးတွင် ဆရာ၊ဆရာမ ၅ဦးသာရှိရာ သင်ကြားမှုတွင် အခက်အခဲဖြစ်‌စေသည်ဟု အဆိုပါ‌ကျောင်းများရှိ ဆရာမများက ‌ပြောသည်။

ပန်း‌တောမီး မူလတန်းလွန်‌ကျောင်းမှ ‌ကျောင်းတာဝန်ခံ နန်းတင်တင်‌အေးက “ကျမတို့ ဖြစ်‌စေချင်တာက ‌ကျောင်းသားနဲ့ ‌ကျောင်းဆရာ မျှမျှတတ ဖြစ်‌စေချင်တာ‌ပေါ့။ အခုက ‌ကျောင်းသားဦး‌ရေများပြီး ‌ကျောင်းဆရာဦး‌ရေ နည်းတယ်။ ဒီလိုဖြစ်‌တော့ ‌ကျောင်းဆရာ၊ ဆရာမ‌တွေကလည်း ထိ‌ရောက်တဲ့အထိ မသင်‌ပေးနိုင်‌တော့ဘူး။ ‌ကျောင်းသား ၉၀‌ကျော်မှာ ဆရာတစ်‌ယောက် ထဲ သင်ရတာဟာ ဘယ်လိုမှ မထိ‌ရောက်နိုင်ဘူး”ဟု ဆိုသည်။

ထိုသို့ ဆရာ၊ဆရာမ မလုံ‌လောက်မှုအ‌ပေါ် ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးမှ တစ်ဆင့်မြို့နယ် အုပ်ချုပ်‌ရေးမှူးနှင့် ဆိုင်ရာ ပညာ‌ရေးဋ္ဌာန သို့ ၂၀၁၅ခုနှစ်တွင် နှစ်ကြိမ်၊ ၂၀၁၆ခုနှစ်တွင် ပြည်နယ်အစိုးရထံ တစ်ကြိမ် စာ‌ရေးတင်ပြ ‌တောင်းဆိုခဲ့‌သော်လည်း လက်ရှိအ ချိန်ထိ တစုံတရာ‌ဆောင်ရွက်‌ပေးမှု ထူးခြားလာခြင်းမရှိသည့်အတွက် အမြန် ‌ဖြေရှင်း‌ပေး‌စေလိုသည်ဟု ပန်း‌တောမီးရွာ မူလ တန်းလွန်‌ကျောင်း တာဝန်ခံက ဆက်‌ပြောသည်။

အလားတူ တစ်ခွက်ဖိုးရွာကြီး အလက(ခွဲ) ‌ကျောင်းအုပ် နန်းစံပယ်ကြည်က “ကျမ‌ကျောင်းက လှှိုင်းဘွဲမြို့နယ်မှာဆိုရင် ‌ကျောင်း သားအများဆုံး‌ကျောင်းဖြစ်တယ်။ ‌ကျောင်းဆရာ‌တွေကျ‌တော့ အနည်းဆုံးဖြစ်တယ်။ ‌ကျောင်းသားများ‌တော့ အခန်းခွဲချင်‌ပေမယ့် အ‌ဆောက်အဦးက မလုံ‌လောက် ပြန်ဘူး။ ဒီလိုဖြစ်‌တော့ က‌လေး‌တွေပဲ ပြန်ထိတယ်။ အခုဆို ကျမတို့‌ကျောင်းမှာ ‌အောင်ချက် မ‌ကောင်းတဲ့အထိ ဖြစ်တယ်”ဟု ရှင်းပြသည်။

ကရင်ပြည်နယ်အတွင်း ‌ကျောင်းဆရာ၊ ဆရာမ မလုံ‌လောက်သည့် ‌ကျောင်းများတွင် ‌နေ့စားဆရာ၊ ဆရာမများ ထပ်မံ ဖြည့်စွက် ခန့်ထားရန်ရှိမရှိနှင့် ပတ်သက်၍ ဒီဇင်ဘာလ ၅ရက်‌နေ့က ပြုလုပ်ခဲ့သည့် အမျိုးသားလွှတ်‌တော်အစည်းအ‌ဝေးတွင် ပြည်နယ်အ မျိုးသားလွှတ်‌တော်မဲဆန္ဒနယ် အမှတ် ၄၊ လွှတ်‌တော်ကိုယ်စားလှယ် နန်းမိုးမိုး‌ထွေး၏ ‌မေးမြန်းချက်အ‌ပေါ် ပညာ‌ရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးဝင်း‌မော်ထွန်းက ပြည်နယ်အတွင်း ‌နေ့စားဆရာများ ခန့်ထားရာတွင် များသည့်‌နေရာများ‌နေပြီး နည်းသည့်‌နေရာ နည်း‌နေသည့်အတွက် ပြန်ဆန်းစစ်သွားမည်ဟု ပြန်လည်‌ဖြေကြားထားသည်။

လက်ရှိတွင် ပြည်နယ်အတွင်း၌ အစိုးရအ‌ခြေခံပညာ‌ကျောင်း‌ပေါင်း ၁,၇၁၅‌ကျောင်းရှိပြီး ဆရာ/ဆရာမ စုစု‌ပေါင်း ၁၂,၆၈၅ဦးရှိ ကာ ‌ကျောင်းသားများမှာ စုစု‌ပေါင်း ၃၀၉,၂၇၉ဦး ပညာသင်ကြားလျှက်ရှိရာ ‌ကျောင်းသားများပြီး ဆရာနည်းပါး‌နေသည့်အတွက် ရွာခန့်ဆရာများကို ‌ခေါ်ယူသင်ကြား‌နေရသလို ‌ဝေးလံ‌ခေါင်သီ‌သော ‌ဒေသများတွင် ကိုယ်ထူးကိုယ်ထ ‌ကျောင်းများ ဖွင့်လှစ်သင် ကြား‌ပေးမှုများရှိ‌ကြောင်း သိရသည်။