Home သတင်း အပစ်ရပ်‌ရေးဆိုင်ရာ အရပ်သား‌စောင့်ကြည့်‌ရေးသင်တန်း ‌ကျောက်ကြီးတွင် ပြုလုပ်ခဲ့

အပစ်ရပ်‌ရေးဆိုင်ရာ အရပ်သား‌စောင့်ကြည့်‌ရေးသင်တန်း ‌ကျောက်ကြီးတွင် ပြုလုပ်ခဲ့

2179

ဒီဇင်ဘာ ၁၂ရက်၊ ၂၀၁၆ခုနှစ်။ နန်း‌ဝေဖြိုးဇာ

အပစ်ရပ်‌ရေးဆိုင်ရာ အရပ်သား‌စောင့်ကြည့်နို်င်‌ရေး နည်းပညာသင်တန်းကို ပဲခူးတိုင်း‌ဒေသကြီး၊ ‌ကျော်ကြီးမြို့၊ ‌မေတ္တာရပ်ကွက်၊ သာသနာ အစည်းအ‌ဝေးခန်းမ၌ ဒီဇင်ဘာလ ၈ရက်မှ ၁ဝရက်‌နေ့အထိ စစ်‌တောင်းသံစဉ်လူမှုကွန်ရက်အဖွဲ့က ဦး‌ဆောင်ပြုလုပ်ခဲ့ သည်။

ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် အရပ်သားများ ပါဝင်ခွင့်ရှိသည်ကို သိနားလည်ပြီး NCA စာချုပ်အတိုင်း နှစ်ဖက်တပ်များ လိုက်နာမှုရှိမရှိ ‌စောင့်ကြည့်တင်ပြနိုင်ရန်နှင့် စာချုပ်တွင် ပါဝင်သည့် အရပ်သားများကို အကာအကွယ်‌ပေး‌ရေးဆိုင်ရာများကို မိမိတို့ကိုယ်တိုင် ‌စောင့်ကြည့်နိုင်‌ရေးအတွက် ယခုလို နည်းပညာသင်တန်း‌ပေးခြင်းဖြစ်သည်ဟု စစ်‌တောင်းသံစဉ် လူမှုကွန်ရက်အဖွဲ့မှ ‌စောနယ် တာလင်းက ‌ကေအိုင်စီသို ့‌ပြောသည်။

၎င်းက “ကျ‌နော်တို့ ဧရိယာမှာ ‌စောင့်ကြည့်‌လေ့လာတဲ့အဖွဲ့‌တွေ မရှိ‌သေးဘူး။ ပြီး‌တော့ အရပ်သားအများစုက ‌ကြောက်စိတ်ရှိ တယ်။ သိပ်မ‌ပြောရဲကြဘူး။ အဲ့ဒါ‌ကြောင့် ‌စောင့်ကြည့်တတ်တဲ့ ပြည်သူ‌တွေ ဖြစ်ဖို့ သင်တန်း‌ပေးတာဖြစ်တယ်။ ‌နောက်တစ်ခုက JMC-L ဖွဲ့ပြီးရင် အခုသင်တန်းဆင်း‌တွေက JMC-L အဖွဲ့နဲ့ အနီးကပ် ပူး‌ပေါင်းလုပ်‌ဆောင်တတ်သူ‌တွေဖြစ်ဖို့ ရည်ရွယ်ဖွင့်တာ ဖြစ် တယ်”ဟု ‌ပြောသည်။

NCA စာချုပ်ပါအတိုင်း နှစ်ဖက်တပ်များ လိုက်နာရန် အ‌ရေးကြီးသလို လိုက်နာမှုမရှိက ‌ဒေသခံများသာ အထိနာပြီး အရပ်သား များအတွက် ‌စောင့်ကြည့်‌ရေးဆိုင်ရာ သင်တန်းများ ဖွင့်‌ပေးသလို နှစ်ဖက်တပ်များကိုလည်း NCA နှင့်ဆိုင်သည့် သင်တန်းများ ‌ပေးရန်လိုသည်ဟု ထင်မြင်‌ကြောင်း ထန်းတပင်မြို့နယ်မှ သင်တန်းတက်‌ရောက်သူ ဦး‌သောင်းညွှန့်ဦးက ‌ကေအိုင်စီသို့ ‌ပြော သည်။

စစ်‌တောင်းသံစဉ် လူမှုကွန်ရက်အဖွဲ့နှင့် Gaia Sustainable Management Institute (GSMI) အဖွဲ့တို့ ဦး‌ဆောင်ဖွင့်လှစ်ခဲ့သည့် အဆိုပါသင်တန်းကို ‌ကျောက်ကြီး၊ မုန်း၊ ထန်းတပင်၊ ‌ရွှေကျင်နှင့် သံ‌တောင်ကြီးမြို့နယ်တို့မှ ကိုယ်စားလှယ် ၃၃ဦး ပါဝင်တက် ‌ရောက်ခဲ့ပြီး ‌ကျောက်ကြီးမြို့နယ်တွင် ဒုတိယအကြိမ်၊ သံ‌တောင်မြို့နယ်တွင် တစ်ကြိမ် ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။