Home ဆောင်းပါး ဦးတည်ချက် ၄ရပ်နဲ့ အဖိနှိပ်ခံလူမျိုး‌ပေါင်းစုံ ‌သွေးစည်းညီညွတ်‌ရေး

ဦးတည်ချက် ၄ရပ်နဲ့ အဖိနှိပ်ခံလူမျိုး‌ပေါင်းစုံ ‌သွေးစည်းညီညွတ်‌ရေး

2538

(‌မောင်‌ကျော်စွာ)

(၂၀၁၆ခုနှစ်၊ ဒီဇင်ဘာ ၁ဝရက်)

၂၀၁၆ ခုနှစ် မကြာခင်ကုန်ဆုံးပြီး ၂၀၁၇ ခုနှစ်သို့ ‌ရောက်ရှိပါ‌တော့မယ်။ ပြက္ခဒိန်‌ပေါ်က ရက်စွဲ‌တွေအလိုက် သမိုင်းဖြစ်ရပ်‌တွေ ကို စီပြီးကြည့်လိုက်မယ်ဆိုရင်
– ဇန်နဝါရီ ၄ ရက် လွတ်လပ်‌ရေး‌နေ့
– ‌ဖေ‌ဖေါ်ဝါရီ ၁၂ ရက် ပြည်‌ထောင်စု‌နေ့ (ပင်လုံစာချုပ်လက်မှတ်ထိုးတဲ့‌နေ့)
– မတ်လ ၂၇ ရက် ဖက်ဆစ်ဂျပန်‌တော်လှန်‌ရေး‌နေ့
– မတ်လ ၂၈ ရက် ပြည်တွင်းစစ် စတင်တဲ့‌နေ့ စသဖြင့် အစဉ်လိုက်‌တွေ့ရမှာပါ။
လွတ်လပ်‌ရေးရရှိခဲ့တာ ၆၉နှစ်၊ ပင်လုံစာချုပ်လက်မှတ်‌ရေးထိုးခဲ့တာ နှစ် ၇၀၊ ပြည်တွင်းစစ် ဖြစ်ပွား‌နေခဲ့တာ ၆၉နှစ် စသဖြင့် ရှည်လျားလှတဲ့ နှစ်ကာလ‌တွေကို ‌တွေ့ရပါတယ်။ လွတ်လပ်‌ရေးက ပြည်တွင်းစစ်နဲ့ သက်တူရွယ်တူဆို‌တော့ လွတ်လပ်‌ရေးရဲ့ အရသာဆိုတာ တနည်းအားဖြင့် ပြည်တွင်းစစ်ကို ရင်ဆိုင်‌နေရတဲ့ ပြဿနာပဲလို့‌ပြောရင် ရနိုင်ပါလိမ့်မယ်။

လွတ်လပ်‌ရေးက ပြည်တွင်းစစ်နဲ့ သက်တူရွယ်တူဆိုမှ‌တော့ “ပြည်‌ထောင်စု” ဆိုတာကလည်း ဘုရားစူးပြည်‌ထောင်စုပါပဲ။ ပြည် ‌ထောင်စု‌နေ့ဆိုတာ တိုင်းရင်းသားရိုးရာဝတ်စုံ ကိုယ်စီဝတ်ပြီး မိမိတို့ရိုးရာအလိုက် သီဆိုတီးမှုတ်ကခုန်ကြတဲ့ ‌ပျော်ပွဲရွှင်ပွဲတစ်ခု မျှသာ ဖြစ်ပါတယ်။ မြို့ပြရဲ့လျှပ်စစ်မီး‌ရောင်ပြိုးပြက်‌နေတဲ့ စတိတ်ခုံ‌ပေါ်မှာ တိုင်းရင်းသားအဆိုအက‌တွေ ကပြသီဆို‌နေချိန်မှာ ‌တောင်‌ပေါ်‌မြေရဲ့ အခြားတစ်ဖက်မှာ ‌သေနတ်သံ၊ အ‌မြောက်သံ၊ ဗုံးသံ‌တွေ ထစ်ချုံးမြည်းဟီး‌နေပါတယ်။

ဒါဟာ နှစ်တစ်နှစ် သို့မဟုတ် နှစ်အနည်းငယ်ရဲ့ ထူးခြားတဲ့ တဒဂင်္ အချင်းအရာတစ်ရပ် မဟုတ်ပါဘူး။ ၆၉နှစ်မျှ ရှည်ကြာခဲ့ပြီဖြစ် တဲ့ လွတ်လပ်‌ရေးသက်တမ်းကာလရှည်ကြီးထဲမှာ မရပ်မနားဖြစ်ပွား‌နေတဲ့ အိပ်မက်ရှည်ကြီးဖြစ်ပါတယ်။ ပန်းပွင့်၊ လိပ်ပြာ၊ စမ်း ‌ရေ စီးသံ‌တေးဂီတ ထုံမွှမ်း‌နေတဲ့ ကြည်နူးဖွယ် အိပ်မက်ရှည်ကြီးမဟုတ်ပါဘူး။ ‌သွေးညှီနံ့၊ မီးလျှံ၊ ယမ်းခိုးယမ်း‌ငွေ့‌တွေနဲ့ မှုန်မှိုင်း အုံ့ဆိုင်း‌နေတဲ့ ‌ခြောက် အိပ်မက်ရှည်ကြီးဖြစ်ပါတယ်။

ဒီမရပ်မနား အိပ်မက်ရှည်သံသရာကြီးက‌နေ လူမျိုး‌ပေါင်းစုံပြည်သူ‌တွေ လွတ်‌မြောက်နိုးထချင်‌နေကြတာ ကြာလှပါပြီ‌ကော။ ပြည်တွင်းစစ် စပါပြီဆိုကတည်းက ဒီပြည်တွင်းစစ်ကြီးကို အပြီးအပိုင်ရပ်စဲချင်ကြတာ လူမျိုး‌ပေါင်းစုံပြည်သူများရဲ့ တကယ့် ရင် တွင်းဆန္ဒ ဖြစ်ပါတယ်။ ပြည်သူများရဲ့ဆန္ဒဆိုတာ မဲပုံးထဲကို ထည့်လိုက်မိပြီဆိုရင် လက်နှိပ်ဓာတ်မီးထဲ ထည့်သုံးလိုက်တဲ့ ဓာတ် ခဲလိုပဲ အင်အားနဲ့ စွမ်းပကား တဖြည်းဖြည်း ‌လျော့နည်းကျဆင်း၊ ကင်းမဲ့သွား‌လေ‌ရော့သလားလို့ ယခုအခါ ‌တွေးထင်ယူဆ‌နေမိ ပါတယ်။

လက်နက်ကိုင်တပ်မရှိတဲ့ လူမျိုးစုဆိုလို့ “ဓနုနဲ့ ဆလုံ” ပဲ ရှိ‌တော့မယ်လို့ ထင်ပါတယ်။ ကချင်၊ ကယား၊ ကရင်၊ ချင်း ၊ မွန်၊ ရခိုင်၊ ရှမ်း၊ ဝ စတဲ့ တိုင်းရင်းသားလူမျိုးတိုင်းမှာ လက်နက်ကိုင်တပ်ဖွဲ့ ကိုယ်စီရှိ‌နေပါတယ်။

ဒီလိုတည်ရှိ‌နေတဲ့ အချင်းအရာက ပထမ အချက်အားဖြင့် လူမျိုး‌ပေါင်းစုံပြည်သူများရဲ့ ဘုံရန်သူဟာ အဆက်ဆက်‌သော အုပ်စိုး သူ‌တွေ ဖြစ်တယ်။ [လက်ရှိကာလမှာဆိုရင် ဘုံရန်သူဟာ စစ်အုပ်စုနဲ့ ၂၀၀၈ အ‌ခြေခံဥပ‌ဒေဖြစ်တယ်]

ဒုတိယအချက်က အဆက်ဆက်‌သော အုပ်စိုးမှုနဲ့ အုပ်စိုးသူ‌တွေကို တိုင်းရင်းသားလူမျိုး‌တွေက မလို၊ မနှစ်သက်ဘူးဆိုတာကို အတိအလင်း ‌ဖော်ပြ‌နေတာပါ။ ဒုတိယအချက်က တန်းတူတဲ့၊ ‌သွေးစည်းညီညွတ်တဲ့ ပြည်‌ထောင်စုကို မဖြစ်မ‌နေ တည်‌ဆောက် ရမယ် ဆိုတဲ့အချက်ကို မီး‌မောင်းထိုးပြ‌နေတာပါ။

သတိကြီးကြီးထားရမယ့် သီးခြားအချက် တစ်ချက်ရှိပါ‌သေးတယ်။
အဲဒါက‌တော့ တိုင်းရင်းသား‌တွေအကြားမှာ အထူးသဖြင့် တိုင်းရင်းသားလူမျိုးတစ်မျိုးထဲမှာ သို့မဟုတ် တိုင်းရင်းသားလူမျိုး တစ်မျိုးနဲ့တစ်မျိုးအကြားမှာ [ဥပမာ ကရင်လူမျိုးထဲမှာ ဗုဒ္ဓဘာသာနဲ့ခရစ်ယာန်၊ ရှမ်းနီ(တိုင်းလိုင်)နဲ့ ကချင်‌တွေအကြားမှာ စသဖြင့] ရှိ‌နေတတ်တဲ့ (အဆင့်‌နေရာ/လူမျိုး‌ရေး/ဘာသာ‌ရေး/အကျိုးစီးပွား စသဖြင့်) ပဋိပက္ခ‌တွေကို အုပ်စိုးသူ‌တွေက အသုံး ချပြီး သပ်လျှို‌သွေးခွဲ ဖဲ့ထုတ်သွားတတ်‌လေ့ရှိတဲ့ အန္တရာယ်ပါပဲ။ ဒီအန္တရာယ်ဟာ ‌ခေတ်အဆက်ဆက် မလွှဲနိုင် မ‌ရှောင်နိုင် ကြုံ ကြိုက်ခဲ့ကြရတဲ့ ‌သွေးထွက်သံယိုဖြစ်မှုနဲ့ ပြိုကွဲမှု‌တွေပဲဖြစ်ပါတယ်။ အုပ်စိုးသူ‌တွေက ဒီလို ပြိုကွဲ‌အောင်တဖက်က အတွင်းကြိတ် လုပ်ကြံဖန်တီးပြီး အခြားတဖက်မှာ‌တော့ ဒီလို ကွဲအက်မှု၊ ခွဲထွက်မှု‌တွေကို သတင်းစာ၊ စာ‌စောင်‌တွေမှာ ‌ရေးသားဝါဒဖြန့်ပြီး ပြည်သူ‌တွေ ထင်‌ယောင်ထင်မှားဖြစ်‌အောင် သံ‌ကြောင်ဟစ်‌လေ့ရှိပါတယ်။ သရုပ်ဖျက်‌လေ့ရှိပါတယ်။ “ဖက်ဒရယ်”ဆိုတာ “ ပြည် ‌ထောင်စုဖြိုခွဲမှု”ပဲလို့ နှစ်‌ပေါင်းများစွာ သရုပ်ဖျက်ခဲ့သလို‌ပေါ့။ ဒါက “ဖက်ဒရယ်”ကို တိုက်ရိုက် သရုပ်ဖျက်တဲ့နည်း။ အခုအခါမှာ ‌တော့ ‌ပြောင်းလဲလာတဲ့‌ခေတ်စနစ်နဲ့အညီ “ဖက်ဒရယ်”ကို သူ့တို့ပါးစပ်က ထုတ်‌ပြောပြီး (ဆိတ်‌ခေါင်းချိတ်ပြီး ‌ခွေးသား‌ရောင်း တယ်ဆိုတာလို) ပုံမှားရိုက်ဖို့ ကြံစည်‌နေကြပြန်ပါတယ်။

‌နောက်ဆုံးရလဒ်က အုပ်စိုးသူ‌တွေအတွက် အကျိုးဖြစ်ထွန်းသွားတာနဲ့ပဲ အဆုံးသတ်ပြီး တိုင်းရင်းသားလူမျိုးများရဲ့နိုင်ငံ‌ရေး ရည် မှန်းချက်ကို ‌ကွေ့‌ကောက်ရှည်လျားသွား‌စေပါတယ်။ သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးစုမှာ‌တော့ ‌သွေးထွက်သံယိုမှုနဲ့ ပျက်စီးဆုံး ရှုံးမှု‌တွေကိုသာ ရင်ဝယ်ပိုက်ခဲ့ရတာချည်းပါ။ မိမိအဖွဲ့အစည်း ပြိုကွဲ၊ ‌သေးကျုံ့သွားပါတယ်။ ‌ခေါင်း‌ဆောင်နဲ့ ငယ်သား‌တွေ ‌သေ ‌ကြေဒဏ်ရာရပါတယ်။ စိတ်ပျက်အားငယ်ကြရပါတယ်။ ‌ဘေးထွက်ထိုင်ကုန်ကြပါတယ်။ ဒီလိုနာကျင်‌ကြေကွဲဖွယ်၊ ခါးသီးဖွယ်အ ‌တွေ့အကြုံကို တခါမျှ မခံစားဖူး‌သေးတဲ့ တိုင်းရင်းသားလူမျိုး အဖွဲ့အစည်းရယ်လို့ လွတ်လပ်‌ရေးသက်တမ်း ၆၉နှစ်အတွင်းမှာ တစ်ဖွဲ့မှ မရှိပါဘူး။

‌ခေါင်း‌ဆောင်ကြီးကို မထုတ်သွားပြီး အဖွဲ့အစည်းနဲ့ တပ်ဖွဲ့ကို ဝါးမြိုပစ်တာ။ ဒါမှမဟုတ် ‌ခေါင်း‌ဆောင်အချင်းချင်း စိတ်ဝမ်းကွဲ‌စေ ပြီး အဖွဲ့အစည်းကို ၂ ဖွဲ့ ၃ ဖွဲ့ အစိတ်စိတ်အမွှာမွှာ ကွဲ‌စေပြီး အချင်းချင်း ပြန်လည် တိုက်ခိုက်သတ်ဖြတ်‌စေတာ။ ဒါမှမဟုတ် ဘဝတူ ကံကြမ္မာတူ တိုင်းရင်းသား တမျိုးနဲ့တမျိုး အချင်းချင်း အ‌သေအ‌ကျေ တိုက်ခိုက်‌စေတာပါပဲ။

အဲဒီလို အဖြစ်မျိုးသာ ကွဲချင်ကွဲပြားပါလိမ့်မယ်။ တခုတည်း‌သော အဆုံးသတ်နိဂုံးက‌တော့ သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့အ စည်း ပြိုကွဲပျက်စီးဆုံးရှုံးသွားပြီး အုပ်စိုးသူ‌တွေအဖို့ မြိုးမြိုးမြက်မြက် အကျိုးရလဒ်‌တွေ ရရှိသွားတယ်ဆိုတဲ့ အချက်ပါပဲ။

ဒါ‌ကြောင့် အုပ်စိုးသူ လူတန်းစားဟာ လူမျိုးကြီးဝါဒ၊ ဘာသာကြီးဝါဒကို တွင်တွင်သုံးပြီး ဗမာတိုင်းရင်းသားနဲ့ အခြားတိုင်းရင်း သားလူမျိုး‌တွေကို ‌သွေးခွဲဖိနှိပ်ထားတာနဲ့ တစ်ပြိုင်နက်မှာလည်း တိုင်းရင်းသားလူမျိုးတမျိုးထဲမှာ၊ တိုင်းရင်းသားလူမျိုးတမျိုးနဲ့ တမျိုးအကြားမှာ သပ်လျှို‌သွေးခွဲပြီး သူ့အုပ်စိုးမှုကို အလုပ်အ‌ကျွေးပြုမယ့်သူ‌တွေကို ‌မွေးမြူ၊ မျှား‌ခေါ်၊ ဖဲ့ထုတ်ယူ‌လေ့ရှိတယ် ဆိုတဲ့အချက်ကို မပြတ်တဲ့သတိ အမြဲရှိကြဖို့ပါပဲ။

အ‌သေအချာ ကိုင်စွဲထားရမှာက‌တော့ အဖိနှိပ်ခံ လူမျိုး‌ပေါင်းစုံပြည်သူများ ‌သွေးစည်းညီညွတ်‌ရေးပါပဲ။
‌အောက်ပါ အ‌ခြေခံအချက် ၄ခုကို တည်ကြည်တည့်မတ်စွာ ဦးတည်ချက်ထားပြီး လုပ်‌ဆောင်‌နေသူတိုင်းနဲ့ ညီညွတ်၊ ‌သွေးစည်း ကြရပါလိမ့်မယ်။

– စစ်မှန်တဲ့ ပါတီစုံဒီမိုက‌ရေစီစနစ်
– ဖက်ဒရယ်ပြည်‌ထောင်စု
– နိုင်ငံ‌ရေး၊ စီးပွား‌ရေးဘက်‌ပေါင်းစုံမှာ စစ်အုပ်စုက ချုပ်ကိုင်လွှမ်းမိုးဗိုလ်ကျ‌နေမှုများကို အကုန်အစင် ဖျက်သိမ်း‌ရေး
– “၂၀၀၈ အ‌ခြေခံဥပ‌ဒေ” ဖျက်သိမ်း‌ရေး (ပြုပြင်ချင်သူများနဲ့ နားလည်မှုရှိစွာ လက်တွဲနိုင်ဖို့လည်း လိုပါတယ်)

ဒီအ‌ခြေခံအချက် ၄ချက်အ‌ပေါ်မှာ ကြီးကြီးမားမား ကွဲလွဲချက်မရှိရင် ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်၊ ဘယ်နိုင်ငံ‌ရေးပါတီ အဖွဲ့အ စည်းနဲ့မဆို ‌သွေးစည်းညီညွတ်နိုင်ရပါမယ်။ ဒီလိုမှမဟုတ်ဘဲ ငါ့ဘာသာတရား၊ ငါ့လူမျိုး၊ ငါ့အကျိုးစီးပွားသာ ‌ရှေ့တန်းတင်‌နေ မယ်ဆိုရင် အဲဒီလို ‌ရှေ့တန်းတင်‌နေသူဟာ/ ပါတီအဖွဲ့အစည်းဟာ အုပ်စိုးသူ‌တွေရဲ့ အသုံးချခံပစ်မှတ် မလွဲမ‌သွေ ဖြစ်လာမှာဖြစ် ပြီး အုပ်စိုးသူ လူတန်းစားကို အလုပ်အ‌ကျွေးပြုသူဘဝနဲ့ မိုက်ဇာတ်သိမ်းသွားရမှာက‌တော့ အ‌သေအချာပဲဖြစ်ပါတယ်။ ဒီလို အုပ်စိုးသူလူတန်းစားကို အသုံး‌တော်ခံခဲ့တဲ့လူ‌တွေ၊ နိုင်ငံ‌ရေးပါတီ၊ အဖွဲ့အစည်း‌တွေ လွတ်လပ်‌ရေး ၆၉နှစ်တာကာလအတွင်းမှာ ဘယ်သူ‌တွေလဲ၊ ဘယ်ပါတီ အဖွဲ့အစည်း‌တွေကလည်းဆိုတာ အားလုံး သိရှိကြပြီးဖြစ်ပါတယ်။

သက်ဆိုင်ရာ အဖွဲ့အစည်းအတွင်းမှာရှိစဉ်က ထိုပုဂ္ဂိုလ်ဟာ ကိုယ့်လူမျိုးမှ ကိုယ့်လူမျိုးဆိုတဲ့ လူမျိုးစွဲပြင်းထန်လှတဲ့သူ‌တွေဟာ ‌နောက်ဆုံး‌တော့ အုပ်စိုးသူ ဒူးကို ‌ပြေးဖက်သွားတတ်တဲ့ ရွံရှာဖွယ်ဖြစ်ရပ်‌တွေကိုလည်း မြင်ခဲ့၊ ‌တွေ့ခဲ့ကြရမှာဖြစ်ပါတယ်။ ဟိုး တုန်းက ‌တောထဲက‌နေ မြို့တက် (လက်နက်ချ)ပြီး အလုပ်အ‌ကျွေးပြုသူ‌တွေရှိခဲ့သလို၊ အခု‌ခေတ်မှာ‌တော့ ပြည်ပက‌နေလာပြီး အလုပ်အ‌ကျွေးပြုသူ‌တွေလည်း ရှိ‌နေပါပြီ။

ဒါ့‌ကြောင့် အထက်မှာတင်ပြခဲ့တဲ့ အ‌ခြေခံအချက် ၄ချက်ကို တည်ကြည်တည့်မတ်စွာ ဦးတည်ချက်ထားတဲ့‌အောက်မှာ အဖိနှိပ်ခံ လူမျိုး‌ပေါင်းစုံ ‌သွေးစည်းညီညွတ်‌ရေးကို အခိုင်အခံ့တည်‌ဆောက်ကြဖို့ သစ်ဆန်းလာ‌တော့မယ့် “၂၀၁၇ခုနှစ်”ကို ကြိုဆိုရင်း အ‌လေးအနက် တိုက်တွန်းပန်ကြားလိုက်ပါတယ်။