Home သတင်း (၉) ကြိမ်‌မြောက် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ဆရာဖြစ်သင်တန်း ဝင်း‌ရော်‌ဒေသ၌ ဖွင့်လှစ်သင်ကြား

(၉) ကြိမ်‌မြောက် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ဆရာဖြစ်သင်တန်း ဝင်း‌ရော်‌ဒေသ၌ ဖွင့်လှစ်သင်ကြား

2115

မတ် ၃ရက်၊ ၂၀၁၆ခုုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်း‌ရော်‌ဒေသတစ်ခုုလုုံး အတုိုင်းအတာဖြင့် မတ် ၁ရက်မှ ၂၄ရက်‌နေ့ အထိ သင်ကြားပုို့ချမည့် (၉)ကြိမ်‌မြောက် ကရင်(က‌ညော-ဖလုံ)စာ‌ပေနှင့် ရုိုးရာယဉ်‌ကျေးမှု ဆရာဖြစ် သင်တန်းကိုု ဖားပြ‌ကျေးရွာ၊ ‌တောင်‌ခြေရင်း ဓမ္မ‌ဝေဓဂူ‌ကျောင်းဝင်းတွင် မတ် ၁ရက်‌နေ့က စတင်ဖွင့် လှစ်လုိုက်သည်ဟုု သိရသည်။

သင်တန်းဆရာဖြစ်သူ ‌စောထာဝရက “ကျ‌နော်တို့က က‌ညော-ဖလုံဆိုပြီး သူ့စာ‌ပေ၊ ကိုယ့်စာ‌ပေ မခွဲခြားဘဲ၊ အတူတူ ပူး‌ပေါင်း‌ဆောင်ရွက်ပြီး‌တော့ ကရင်မျိုးနွယ်စုတစ်ခုလုံးကို ရည်ရွယ်ပြီး စာ‌ပေ၊ ယဉ်‌ကျေးမှု၊ ဓ‌လေ့ ထုံးတမ်း‌တွေကို သင်ကြား‌ပေးတယ်‌ပေါ့။ ဒီ‌ဒေသမှာရှိတဲ့ လူငယ်‌တွေကိုယ့်ရဲ့ မိခင်စကား၊ စာ‌ပေ‌တွေကို အားလုံး တတ်‌မြောက်‌စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်‌ပေးရခြင်းဖြစ်တယ်”ဟုု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဝင်း‌ရော်‌ဒေသ စာ‌ပေနှင့် ယဉ်‌ကျေးမှု ဆရာဖြစ်သင်တန်း‌ကော်မတီ ရန်ပုံ‌ငွေအချို့နှင့် ‌ကျေးရွာမှ လူထုုများ၏ ‌ထောက်ပံ့‌ပေးမှုဖြင့် ဖွင့်လှစ်သည့် ယင်းသင်တန်းကိုု ဖလုံစာ‌ပေ (လိက်ထူလီ) နဲ့ က‌ညော(စ‌ဝေါ်)စာ‌ပေအပြင် ကရင်ဒုံးယိမ်းအက၊ အ‌ခြေခံအတီး၊ အမှုတ်‌ရှေး‌ဟောင်း တူရိယာ ပစ္စည်း၊ ‌ရှေး‌ဟောင်းသီချင်းကြီးနှင့် ကရင်ရာဇဝင်သမိုင်းများကို သင်တန်းဆရာ ၁၅ဦးက သင်ကြား‌ပေးသွားမည်ဟု ၎င်းက ဆက်‌ပြောသည်။

အချိန်ကာလ(၁) လနီးပါးကြာမြင့်မည့် ၎င်းသင်တန်းတွင် ကြာအင်းဆိပ်ကြီး၊ ဘုုရားသုုံးဆူအပြင် မွန်ပြည်နယ် ‌ရေး၊ သံဖြူဇရပ်နှင့် ‌ပေါင်မြို့နယ်တုို့မှ ကရင်‌ကျေးရွာ‌ပေါင်း(၅၀)‌ကျော်က သင်တန်းသူ/သား လူငယ်‌မောင်မယ် ၃၀ဝ ‌ကျော်တက်‌ရောက်ကာ သင်တန်းပြီးဆုံးသွားပါက အသိအမှတ်ပြုလက်မှတ်များ နှင့်အတူ သက်ဆိုင်ရာ ၎င်းတုို့‌ကျေးရွာသို့ သင်တန်းဆရာအဖြစ် ပြန်လည်သင်ကြားပုို့ချ‌ပေးရမည်ဟု သိရသည်။

သံဖြုဇရပ်မြို့နယ် ကုန်းမြင့်သာယာ‌ကျေးရွာမှ သင်တန်းသား ‌စော‌ဖေါ့ခိုဟီက “ကျ‌နော့်ရွာမှာ ကရင်စကား၊ စာ‌ပေ၊ ယဉ်‌ကျေးမှုဒုံးယိမ်းအက တတ်‌မြောက်တဲ့ လူငယ်‌တွေ သိပ်မရှိဘူး။ ကျ‌နော့် သူငယ်ချင်းအချို့ဆိုရင် ကရင်စကား‌တောင် မ‌ပြောတတ်ဘူး။ ရွာက သူငယ်ချင်း‌တွေ၊ ကိုယ့်ကရင် စကား၊ စာ‌ပေ၊ ယဉ်‌ကျေးမှု‌တွေ တတ်‌မြောက်လာ‌အောင် ဒီသင်တန်းက‌နေ ပြန်လည်သင်ကြား‌ပေးသွားမယ်”ဟုု ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကရင်စာ၊ ဒုံးယိမ်းအက‌တွေ သင်ချင်လို့ လာတက်ဖြစ်တယ်။ ဒီသင်တန်းက ‌ပျော်စရာလည်း ‌ကောင်းတယ်။ မ‌တွေ့ဖူးတဲ့ သူငယ်ချင်း‌တွေ အများကြီး ရင်းနှီးခွင့် ရလာတယ်။ ည‌နေပိုင်းဆိုရင်လည်း မပျင်းရ‌အောင် ဆရာ‌တွေ ဒုံးယိမ်းအကနဲ့ သီချင်း‌တွေသင်‌ပေးတယ်”ဟု ဖားပြ‌ကျေးရွာမှ သင်တန်းသူ ‌နောင်ဟီဆူရှူးကလည်း ‌ပြောသည်။

ဝင်း‌ရော်‌ဒေသ၌ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ဆရာဖြစ် သင်တန်းကို ပြီးခဲ့သည့် ၂၀၀၇ ခုုနှစ်မှ စတင်ဖွင့်လှစ် လာခဲ့ရာ ယခုု ၉ ကြိမ်‌မြောက်အထိ ဖြစ်သည်။ ယခင်နှစ်များက ဝင်း‌ရော်‌ဒေသရှိ တခြား ‌ကျေးရွာများက လက်ခံဖွင့်လှစ်သင်ကြားခဲ့‌သော်လည်း ယခင်နှစ်(၈)ကြိမ်‌မြောက် သင်တန်းကိုုမူ ဖားပြ‌ကျေးရွာ၌ပင် ပြုလုုပ်ခဲ့သည်။