Home သတင်း ‌နေအိမ်တိုင်း သစ်ပင် ၃ပင်စီစိုက်ရန် ‌ကေအဲန်ယူ သစ်‌တောဋ္ဌာန ဆုံးဖြတ်

‌နေအိမ်တိုင်း သစ်ပင် ၃ပင်စီစိုက်ရန် ‌ကေအဲန်ယူ သစ်‌တောဋ္ဌာန ဆုံးဖြတ်

2468

‌ဖေ‌ဖော်ဝါရီ ၂၂ရက်၊ ၂၀၁၆ခုနှစ်။ ‌စောခါးစူးညား

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သည့်အ‌နေဖြင့် (‌ကေအဲန်ယူ)ကရင်အမျိုးသားအစည်းအရုံး သစ်‌တောဌာနမှ ဦးစီးကာ ‌ဒေသခံများနှင့် ပူး‌ပေါင်းပြီး လာမည့် ဇွန်လ ၅ရက်‌နေ့တွင် ‌ကေအဲန်ယူ၏ ခရိုင် ၇ခု၌ ‌နေအိမ်တစ်အိမ်လျှင် သစ်ပင် ၃ပင်စီ စိုက် ပျိုး‌ရေး အစီအစဉ်တစ်ခု ‌ဆောင်ရွက်သွားမည်ဟု သိရသည်။

ဖားအံမြို့နယ် လယ်ခဲ့‌ခေါ်(အလယ်)‌ကျေးရွာ ဘုန်းကြီး‌ကျောင်း၌ ‌ဖေ‌ဖော်ဝါရီ ၁၅ရက်မှ ၁၈ရက်‌နေ့အထိ ကျင်းပခဲ့သည့် (၁၅) ကြိမ်‌မြောက် ‌ကေအဲန်ယူ ကွန်ဂရက်‌နောက်ပိုင်း ဗဟို သစ်‌တောဌာန၏ သုံးကြိမ်‌မြောက် နှစ်ကုန်အစည်းအ‌ဝေးတွင် အစည်းအ ‌ဝေး တက်‌ရောက်ခဲ့သည့် ကိုယ်စားလှယ်များက ထိုသို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

ယင်းသစ်ပင်စိုက် အစီအစဉ်အ‌ပေါ် ‌ကေအဲန်ယူ သစ်‌တောဌာနမှ စီမံကိန်းဌာနခွဲ တာဝန်ခံ မန်းမြင့်ထွန်းက “ကျ‌နော်တို့သစ် ‌တောဌာနက ခရိုင်၊ မြို့နယ်‌တွေ ဦးစီးပြီး‌တော့ ‌ဒေသအတွင်းက အိမ်တစ်အိမ် သစ်ပင် သုံးပင်စိုက်ဖို့ လုပ်‌ဆောင်သွားဖို့ အစည်း အ‌ဝေးက ဆုံးဖြတ်ခဲ့ပါတယ်။ စိုက်မယ့် သစ်ပင်က‌တော့ ကိုယ်ကြိုက်နှစ်သက်ရာ ဘယ်သစ်မျိုးမဆို စိုက်လို့ရတယ်”ဟု ‌ကေအိုင် စီသို့ ‌ပြောသည်။

လာမည့် ဇွန်လ ၅ရက်‌နေ့သည် အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေး‌နေ့လည်းဖြစ်သည့်အတွက် သစ်ပင် စိုက်ပျိုးမှု အစီအစဉ် ပြုလုပ်ရခြင်းဖြစ်‌ကြောင်း၊ ‌ဒေသခံပြည်သူလူထုနှင့်အတူ ပူး‌ပေါင်းသစ်ပင်စိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာများကို ပိုမို သတိလာကြမည်ဖြစ်‌ကြောင်းနှင့် သစ်‌တောဆိုင်ရာကိစ္စရပ်များအတွက် လမ်းညွှန်မှုစာတစ်ခုကိုလည်း ‌ရေးဆွဲထုတ်သွားမည်ဖြစ်‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

လာခယ့်‌ခေါ်ရွာ၌ ပြုလုပ်သည့် အဆိုပါ ‌ကေအဲန်ယူ ဗဟိုသစ်‌တောဌာန၏ သုံးကြိမ်‌မြောက် နှစ်ကုန်အစည်းအ‌ဝေးတွင် သစ်ပင် စိုက်ပျိုးခြင်း၊ ကရင်လက်နက်ကိုင်အဖွဲ့များ၊ ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ ပါဝင်‌သော ‌တွေ့ဆုံပွဲ ‌ဆောင်ရွက်သွားခြင်း၊ ရှုတ်‌ထွေး ‌မြေယာကိစ္စများကို ဗဟိုသို့ တင်ပြခြင်း၊ သစ်‌တောဆိုင်ရာ ‌ပေါ်လစီများကို ကရင်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုခြင်း အပါအ ဝင် ဆုံးဖြတ်ချက် ၁၉ခုကို ချမှတ်ခဲ့ကြသည်။
IMG_4080 (forest meeting)
‌ကေအဲန်ယူ သစ်‌တောဌာန၏ သစ်ပင်စိုက် အစီအစဉ်အ‌ပေါ် ကရင်သဘာဝပတ်ဝန်းကျင် လူမှု‌ရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက် (KESAN) ဒါရိုက်တာ ‌စော‌ပေါလ်စိန်ထွားက “‌ကေအဲန်ယူက ‌ဒေသခံလူထုနဲ့ သစ်ပင်စိုက်ပျိုးတာ‌တော့ အရမ်းကို‌ကောင်းပါ တယ်။ သစ်ဆိုတာ ကျ‌နော်တို့ ကရင်လူထုအတွက် အသီးဖြစ်‌စေ၊ အရွက်ဖြစ်‌စေ၊ အကိုင်းအခက်ဖြစ်‌စေ၊ ‌တောရိုင်းသတ္တဝါအ တွက်ဖြစ်‌စေ တက့ယ်ကို အဖိုးတန်တယ်။ ဒါကို ကျ‌နော်တို့ အား‌ပေးတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သစ်ပင်စိုက်ပျိုးခြင်းသည် မိမိကရင်‌ဒေသခံများအတွက် ဖရိုးဖလာဓ‌လေ့ကို ကာကွယ်ထိန်းသိမ်းရာ‌ရောက်သလို သစ်ပင်သည် သဘာဝ ‌လေ‌ကောင်း‌လေသန့် ထုတ်လုပ်‌ပေးမှုနှင့် သဘာဝ‌ဘေးအန္တရာယ် ပျက်စီးမှုတို့ကို ကာကွယ်‌စေသည်ဟုလည်း ‌စော ‌ပေါလ်စိန်ထွားက ‌ပြောဆိုသည်။

‌ကေအဲန်ယူ သစ်‌တောဌာနသည် ပြီးခဲ့သည့် သုံးနှစ်အတွင်း ‌ကျေးရွာပိုင် ဘုံသစ်‌တော ၆၈ခုကို အတည်ပြုခဲ့ပြီး ၂၀၁၅ခုနှစ်အ တွင်း သစ်‌တောကာကွယ်‌ရေးတပ်ဖွဲ့သင်တန်း၊ သစ်မျိုး‌စေ့ စိုက်ပျိုး‌ရေးသင်တန်း၊ ဝါးအိမ်သုံးပစ္စည်းသင်တန်းအပြင် ‌မြေယာဆိုင် ရာ ကြိုးဝိုင်းကြိုးပြင်များ ပြန်လည်တိုင်းထွာခြင်း၊ ‌တောရိုင်းသတ္တဝါ သု‌တေသနပြုလုပ်ခြင်း စသည်တို့ကို လုပ်‌ဆောင်ခဲ့‌ကြောင်း သိရသည်။