Home သတင်း ၁၉ဝကြိမ်‌မြောက် ကရင်ရိုးရာ နယ်လုံးကျွတ် ကျုံဒိုးမီးပုံပွဲ ပါဝင်ဆင်နွှဲသူ ‌သောင်းချီ၍ရှိ

၁၉ဝကြိမ်‌မြောက် ကရင်ရိုးရာ နယ်လုံးကျွတ် ကျုံဒိုးမီးပုံပွဲ ပါဝင်ဆင်နွှဲသူ ‌သောင်းချီ၍ရှိ

3093

‌ဖေ‌ဖော်ဝါရီ ၂၂ရက်၊ ၂၀၁၆ခုနှစ်။ က‌ဆောဝါး

‌ကော့ကရိတ်ခရိုင်ရှိ ‌ဖေ‌ဖော်ဝါရီ ၁၉ရက်မှ ၂၄ရက်‌နေ့အထိ ပြုလုပ်ကျင်းပသည့် ၁၉ဝကြိမ်‌မြောက် ကျုံဒိုးမြို့၊ နယ်လုံးကျွတ် မီးပုံ ပွဲ‌တော်ကြီးသို့ ပွဲ‌တော်ရက်(လပြည့်‌နေ့၊ ‌ဖေ‌ဖော်ဝါရီ ၂၃)မတိုင်ခင် ပါဝင်ဆင်နွဲကြသူများမှာ ယခင်နှစ်များနှင့် နှိုင်းစာပါက တစ် ရက်လျှင် ပရိဿတ် ၃‌သောင်း‌ကျော်အထိရှိ‌ကြောင်း သိရသည်။

နှစ်စဉ် မြန်မာလ တပို့တွဲလဆန်း ၁၃ရက်‌နေ့မှစတင်ကာ ၆ရက်ကြာ ပြုလုပ်သည့် နယ်လုံးကျွတ် မီးပုံပွဲ‌တော်ကြီးမှာ ကရင်လူမျိုး၊ တလကူ(တလခုံး)ဘာသာဝင်များက ရိုးရာဓ‌လေ့ပွဲအဖြစ် အ‌လေးအမြတ်ထား ကျင်းပခြင်းဖြစ်ပြီး ‌ဒေသတွင်း ‌နေထိုင်ကြသူများ အပြင် ရပ်‌ဝေးရပ်နီးမှ ကရင် အပါအဝင် အခြားလူမျိုးများလည်း စု‌ပေါင်း ပါဝင်ဆင်နွှဲလာခဲ့ကြခြင်း ဖြစ်သည်။

မီးပုံပွဲကျင်းပ‌ရေး‌ကော်မတီ အတွင်း‌ရေးမှူး ‌စော‌စော‌ရွှေက “ဒီနှစ် မီးပုံပွဲက လူ‌တွေ ပါဝင်ဆင်နွှဲမှုများလာတာကို ‌တွေ့ရပါတယ်။ ဒီလိုများလာတာက အခုဆို ‌ဒေသတွင်းမှာ စစ်မက်ဖြစ်ပွားမှု‌တွေ ချုပ်ငြိမ်းလာပြီး လမ်းပမ်းဆက်သွယ်‌ရေး‌တွေ ‌ကောင်းလာတဲ့အ တွက် ဖြစ်ပါတယ်။ အခုလို ကျင်းပလာနိုင်တဲ့အတွက်လည်း များစွာ ‌ပျော်ရွှင်ပီတိ ဖြစ်မိပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုနှစ် မီးပုံပွဲ‌တော်တွင် ကရင်ပြည်နယ်အတွင်းရှိ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ၊ ကရင်နီ(ကယား)ပြည်နယ်ရှိ ကယန်း (ပ‌ဒေါင်)တိုင်းရင်းသားများ၊ ရှမ်း(သျှမ်း)ပြည်နယ်မှ ရှမ်းစာ‌ပေနှင့် ယဉ်‌ကျေးမှုအသင်း ကိုယ်စားလှယ်များ၊ ပအိုဝ်းစာ‌ပေနှင့် ယဉ် ‌ကျေးမှုအသင်းမှ ကိုယ်စားလှယ်များ တက်‌ရောက်ဆင်နွှဲခဲ့ကြသည်။
12699236_500314926823512_407363218_o
“ဒီနှစ်က အရင်နှစ်‌တွေထက် ထူးခြားတယ်။ မီးပုံပွဲ အခမ်းအနား စတင်တာက အစ‌ပေါ့‌လေ။ ခါတိုင်းဆို ဌာနဆိုင်ရာလူကြီး‌တွေ လာဖွင့်သွားရင် ပြီးပြီ။ အဲ့သလို မဟုတ်ဘူး။ ဒီနှစ်မှာ ကျုံဒိုးမီးပုံပွဲကို နယ်လုံးကျွတ်ပွဲ‌တော်က‌နေ တစ်နိုင်ငံလုံး တိုင်းရင်းသား ညီ အစ်ကို‌မောင်နှမ‌တွေ ပါဝင်ဆင်နွှဲတဲ့ ပွဲ‌တော်လိုဖြစ်‌အောင် စီစဉ်ထားပါတယ်”ဟု ပြည်နယ် ကရင်စာ‌ပေ၊ ယဉ်‌ကျေးမှု ‌ကော်မတီ ဝင်ဖြစ်သူ ‌နော်တင်တင်ရီက ‌ပြောသည်။

မီးပုံပွဲ‌တော်တွင် မီးပုံးပျံပွဲ၊ မီးပန်းအလှ လွှတ်တင်ပွဲ၊ တိုင်းရင်းသားရိုးရာအက အလှပ‌ဒေသာ ‌တေးသရုပ်‌ဖော် တင်ဆက်ပွဲ၊ ‌ရှေး ကရင့်ရိုးရာဓ‌လေ့များ ဝတ်စားဆင်ယင်မှု သရုပ်ပြပွဲ၊ ‌ခေတ်‌ပေါ် ကရင့်ရိုးရာ ဝတ်စားဆင်ယင်မှု သရုပ်ပြပွဲ၊ ကရင့်ရိုးရာ ဩပွဲ၊ လက်‌ဝှေ့ အထူးစိန်‌ခေါ်ပွဲ၊ ‌ရှေး‌ခေတ် ရိုးရာ ဒုံးယိမ်းအကပြိုင်ပွဲ၊ နယ်လုံးကျွတ် ဒုံးယိမ်းအကပြိုင်ပွဲ၊ အာစရိယပူ‌ဇော်ပွဲ၊ သက်ကြီး ဘိုးဘွားကန်‌တော့ပွဲ၊ ဆံ‌ကေသာ အလှပြိုင်ပွဲ၊ တိုင်းရင်းသားအလှမယ်ပြိုင်ပွဲ၊ စတိတ်ရှိုး‌ဖျော်‌ဖြေပွဲနှင့် ဇာတ်သဘင်ပွဲများ ပါဝင် သည်။

၎င်းအပြင် ကျန်းမာ‌ရေး၊ ပညာ‌ရေး အသိပညာ‌ပေးပြခန်းများ၊ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုဆိုင်ရာ ပြခန်းများ၊ ကျန်းမာ‌ရေး ‌စောင့် ‌ရှောက်မှု အ‌ရေး‌ပေါ် အ‌ခြေအ‌နေ ကူညီမှုများ၊ ကံစမ်းမဲ အစီအစဉ်များနှင့် ပွဲ‌တော် လာ‌ရောက်သည့် ပြည်သူလူထုများကို ကိုယ် တိုင်ယူ ကိုယ်တိုင်စားစနစ်ဖြင့် ဧည့်ခံ‌ကျွေး‌မွေးလျှက်ရှိသည်။

‌ရှေးယခင်က ဂျိုင်း‌ဒေသအတွင်းရှိ ကိုးကွယ်မှု အယူဝါဒ အမျိုးမျိုး ကွဲပြား‌နေ‌သော ကရင်လူမျိုးစုများသည် ကိုးကွယ်မှုများ ချုပ် ငြိမ်းပြီး မြတ်စွာဘုရားရှင်၏ အဆုံးအမ တရား‌တော်နှင့်အညီ ငြိမ်း‌အေးသာယာပြီး ‌ရောဂါဘယကင်း‌ဝေး၊ စိုက်ပျိုး‌ရေး‌အောင်မြင်၊ သာယာဝ‌ပြောပြီး စည်းလုံးညီညွတ်‌အောင် ‌ရှေးလူကြီးများ၊ ရ‌သေ့သူ‌တော်စဉ်များက ဦး‌ဆောင်၍ နတ်ပြည်ရှိ စူဠာမုဏိဘုရားကို ရည်စူးကာ တပို့တွဲလပြည့်နံနက်တွင် သက်ရင်းပင်၊ နံ့သာမီး‌ငွေ့ဖြင့် ဘုရားအား ကပ်လှူပူ‌ဇော်မှုပွဲမျိုး ‌ပြောင်းလဲကျင်းပလာခဲ့ကြ သည်။

ထိုသို့ ကပ်လှူပူ‌ဇော်ခြင်းဖြင့် ကျုံဒိုးမြို့တွင် နယ်လုံးကျွတ် မီးပုံပွဲ‌တော်ကြီးကို ပြုလုပ်ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် ၁၉ဝကြိမ် ‌မြောက်ရှိပြီဖြစ်သည်။