Home သတင်း ‌ဒေါနအ‌ရှေ့ခြမ်းရှိ မူလတန်းစာသင်‌ကျောင်းသစ် မီး‌လောင်ခံရ

‌ဒေါနအ‌ရှေ့ခြမ်းရှိ မူလတန်းစာသင်‌ကျောင်းသစ် မီး‌လောင်ခံရ

2049

မီးမ‌လောင်ခင် ‌တွေ့ရ‌သော ထီးကလိုး‌သော့ စာသင်‌ကျောင်းသစ်

မတ်လ ၃ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ထီးကလိုး‌သော့‌ကျေးရွာတွင် ‌ဒေါနအ‌ရှေ့ဘက်‌ဒေသအ‌ခြေစိုက် ကရင်လူထုအ‌ခြေပြုကွန်ရက် (KCBNG)မှ ဦးစီး၍ မကြာမီက ‌ဆောက်လုပ်ပြီးစီးသွား‌သော မူလတန်းအဆင့် စာသင်‌ကျောင်းသစ်‌ကျောင်းတစ်‌ကျောင်းမှာ ‌ဖေ ‌ဖော်ဝါရီ ၂၆ရက်‌နေ့က မီး‌လောင်ခံရ‌ကြောင်း သိရသည်။

၎င်းမူလတန်းစာသင်‌ကျောင်း‌ဆောင်သစ်ကို ‌ဖေ‌ဖော်ဝါရီ ၂ဝရက်‌နေ့တွင် ဖွင့်ပွဲအခမ်းအနားပြုလုပ်ပြီး‌နောက် မီး‌လောင်ကျွမ်းခဲ့ ခြင်းဖြစ်ပြီး ထိုကိစ္စနှင့် ပတ်သက်၍ အမည်မ‌ဖော်လိုသူ (KCBNG)မှ တာဝန်ရှိသူတစ်ဦးက “မီး‌လောင်တာက‌တော့ ‌နေ့လည် ၂နာရီ‌လောက်မှာပါ။ ‌ကျောင်းမှာရှိတဲ့ ပရိ‌ဘောဂ‌တွေ အကုန်ပါတယ်။ အုတ်နဲ့ဆို‌ပေမယ့် တံခါး‌ဘောင်‌တွေအ‌ပေါ်က ဒိုင်းမြား ‌တွေက သစ်သား‌တွေဆို‌တော့ အကုန်လုံးကို ‌လောင်သွားတာ”ဟု ‌ကေအိုင်စီသို့ အတည်ပြု‌ပြောသည်။

ယခုကဲ့သို့ ထီးကလိုး‌သော့‌ကျေးရွာ မူလတန်းစာသင်‌ကျောင်းသစ် မီး‌လောင်ကျွမ်း ပျက်စီးသွားမှုအ‌ပေါ် အဖြစ်မှန် သိရှိနိုင်ရန် ‌ဖော်ထုတ်မှုများ လုပ်‌ဆောင်လျှက်ရှိ‌ကြောင်း KCBNG ၏ အဆိုပါ တာဝန်ရှိသူက ဆက်‌ပြောသည်။

အကျယ်‌ပေ ၈ဝနှင့် ၃ဝ အကျယ်အဝန်းရှိပြီး စာသင်ခန်း ၄ခန်း၊ သွပ်မိုးနှင့် အုတ်တို့ဖြင့် ‌ဆောက်လုပ်ထားကာ အဆိုပါ‌ကျောင်း မီး‌လောင်ကျွမ်းမှု‌ကြောင့် ‌ကျောင်းပရိ‌ဘောဂ စာ‌ရေးခုံ အစုံ(၃၀)၊ ဗီရို(၂) လုံး၊ ဆရာ၊ ဆရာမ ထိုင်ခုံနှင့် စာ‌ရေးခုံ (၅)စုံ၊ ‌ကျောက် သင်ပုန်း (၅)ချပ်နှင့် ‌ကျောင်းအတွက် ‌ဆောက်လုပ်ထား‌သော သန့်စင်ခန်းတစ်လုံးပါ မီး‌လောင်ပျက်စီးသွားခဲ့သည်ဟု သိရသည်။

‌ကျောင်းမီး‌လောင်မှုအ‌ပေါ် ကရင်ပညာ‌ရေးဌာန(KED) တာဝန်ခံဖြစ်သူ ပဒို ‌စောလား‌စေးက “အခုကိစ္စက ဘယ်လို‌ကြောင့် ဖြစ် တယ်ဆိုတာ‌တော့ အတိအကျ မသိရ‌သေးဘူး။ ဒါ‌ပေမယ့် သူများက ကိုယ့်အတွက် ပညာ‌ရေး‌တွေ လာကူညီ‌ပေးတာ ဒီလိုဖြစ် သွားတာ‌တော့ မဖြစ်သင့်ဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ် အစိုးရ၊ ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော် (DKBA)တို့ ခွင့်ပြုချက် တို့ကို ရယူပြီး Norwegian People’s Aid အကူအညီဖြင့် ထိုင်းဘတ်‌ငွေ ၁၄သိန်း‌ကျော် အကုန်ကျခံကာ အဆိုပါ‌ကျောင်းကို ၂၀၁၄ခုနှစ်၊ နိုဝင်ဘာလ၌ KCBNG က စတင် ‌ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။