Home သတင်း တက္ကသိုလ်ဝင်တန်း၌ ဂုဏ်ထူးရ ကရင်လူငယ် ၁၀၀‌ကျော်အား ၂၇၅၄ခု ကရင်နှစ်သစ်ကူး‌နေ့တွင် ဂုဏ်ပြုဆု‌ပေးအပ်

တက္ကသိုလ်ဝင်တန်း၌ ဂုဏ်ထူးရ ကရင်လူငယ် ၁၀၀‌ကျော်အား ၂၇၅၄ခု ကရင်နှစ်သစ်ကူး‌နေ့တွင် ဂုဏ်ပြုဆု‌ပေးအပ်

1730

ဒီဇင်ဘာ ၂၄ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

ရန်ကုန်တိုင်း‌ဒေသကြီး၊ အင်းစိန်မြို့နယ်၊ အာလိန်ငါးဆင့်‌ကျောင်းဝင်း၌ ဒီဇင်ဘာလ ၂၁ရက်က ကျင်းပပြုလုပ်ခဲ့သည့် ကရင် သက္ကရာဇ် ၂၇၅၄ခုနှစ်သစ်ကူး‌နေ့ ပွဲ‌တော်အခမ်းအနားတွင် ရန်ကုန်တိုင်း အပါအဝင် နီးစပ်ရာ ‌ဒေသများမှ တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲကို ဂုဏ်ထူးများဖြင့် ‌အောင်မြင်ခဲ့သူ ကရင်‌ကျောင်းသူ‌ကျောင်းသား ၁၂၁ဦးအား ဂုဏ်ပြုဆုများ ‌ပေးအပ်ချီးမြှင့်ခဲ့သည်။

‌မှော်ဘီမြို့နယ်၊ စာဖြူစု‌ကျေးရွာမှ ‌လေးဘာသာဂုဏ်ထူးဆုရှင် ‌စောဘာဆို‌ဂေက “အခုလို နှစ်သစ်ကူးမှာ ကျ‌နော်တို့ကို ဆုချီးမြှင့် ‌ပေးတဲ့အတွက် ‌ရှေ့ဆက်သင်ရမဲ့ အဆင့်မြင့်ပညာ‌တွေမှာ ပိုကြိုးစားဖို့ တွန်းအားတစ်ခုလို ဖြစ်သွားပါတယ်။ တခြား‌ကျောင်းသား ‌တွေလည်း ဒီလိုပဲ ခံစားရမယ်လို့ထင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်အမျိုးသား နှစ်သစ်ကူးပွဲ‌တော်ကျင်းပ‌ရေး ဗဟို‌ကော်မတီ(မဟာရန်ကုန်) က ဦး‌ဆောင်ကျင်းပခဲ့သည့် ၎င်းပွဲ‌တော်အခမ်းအ နားသို့ ပရိဿတ် ၁၀၀၀‌ကျော် တက်‌ရောက်ဆင်နွဲခဲ့ပြီး ထို‌နေ့မနက် ၆နာရီအချိန်၌ ကရင်အမျိုးသားအလံ လွှင့်တင်ခြင်း၊ အ‌ရှေ့ ပိုး၊ စ‌ကောနှင့် အ‌နောက်ပိုးကရင်ဘာသာ မိန့်ခွန်းများကို ဖတ်ကြားခြင်း၊ ကျင်းပ‌ရေး‌ကော်မတီ နာယကများနှင့် ကရင်ဝန်ကြီးတို့ က အမှာစကား‌ပြောကြားပြီး‌နောက် ယင်းသို့ ‌ကျောင်းသူ‌ကျောင်းသား‌လေးများကို တစ်ဘာသာမှ ဘာသာစုံအထိ ဂုဏ်ပြုဆုများ ‌ပေးအပ်ခဲ့ခြင်းဖြစ်သည်။

၎င်းဂုဏ်ပြုဆုများအတွက် ကျင်းပ‌ရေး‌ကော်မတီ၏ ရန်ပုံ‌ငွေထဲမှ ‌ပေးအပ်ခြင်းဖြစ်ပြီး နှစ်သစ်ကူးပွဲ‌တော်ကို ဒီဇင်ဘာ ၂ဝရက်မှ ၂၂ရက်‌နေ့အထိ သုံးရက်တာ ကျင်းပခဲ့ရာတွင် ကရင်ရိုးရာဒုံးအကပြိုင်ပွဲ၊ လက်‌ဝှေ့ စသည့်ရိုးရာအားကစားပြိုင်ပွဲများ၊ ယဉ်‌ကျေး မှု၊ သတင်းနှင့် ပြန်ကြား‌ရေးပြခန်းများအပြင် ရန်ပုံ‌ငွေရရှိရန် ကရင်ပန်းချီဆရာများက ‘ဖြူနီပြာ’ပန်းချီပြပွဲကိုလည်း စု‌ပေါင်းစီစဉ် ‌ဖော်ထုတ်ပြသခဲ့ကြသည်။

ကရင်ပန်းချီဆရာတစ်ဦးဖြစ်သည့် မန်းမြင့်‌ဆွေလှိုင်က “နှစ်သစ်ကူး အထိမ်းအမှတ်အ‌နေနဲ့ ဒီနှစ်မှာ ပထမဦးဆုံး ပြပွဲလုပ်တာပါ။ အခုပြပွဲမှာ ‌ရောင်းရတဲ့ထဲက တစ်ချို့ကို ပန်းချီဆရာ‌တွေက နှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေး ရန်ပုံ‌ငွေထဲကို ထည့်ဝင်သွားဖို့ ရှိပါ တယ်။ ပန်းချီကား‌တွေကိုလည်း ‌ဈေးအသက်သာဆုံးနဲ့ ‌ရောင်း‌ပေးပါတယ်”ဟု ‌ကေအိုင်စီသို ့‌ပြောသည်။

ထို့အပြင် အခမ်းအနားတွင် ကျင်းပ‌ရေးဗဟို‌ကော်မတီ ဥက္ကဋ္ဌ အငြိမ်းစားပါ‌မောက္ခ မန်း‌ရွှေပြည်‌အေးက “ကရင်အမျိုးသားအ ‌ပေါင်းတို့ ‌ပြောင်းလဲလာ‌သော ၂၁ရာစု ကမ္ဘာ့အ‌ခြေအ‌နေတွင် ကရင်လူမျိုးများသည် တိုးတက်‌နေ‌သော နည်းပညာနှင့်အညီ ‌နောက်မကျ‌စေဘဲ ‌ခေတ်ကာလအလိုက် ‌ပြောင်းလဲတိုးတက်မှု၊ စိန်‌ခေါ်မှုကို ရင်ဆိုင်‌ကျော်ဖြတ်ဖို့ ကြိုးပမ်းရမည့်အချိန် ဖြစ်ပါ တယ်”ဟု ‌ပြောသည်။

အာလိန်ငါးဆင့်‌ကျောင်းဝင်းတွင် ကရင်နှစ်သစ်ကူး‌နေ့ပွဲ‌တော်ကို ကျင်းပလာခဲ့သည်မှာ ယခုနှစ်ဆိုလျှင် ၆၆ကြိမ်‌မြောက်ဖြစ်ပြီး ကရင်သက္ကရာဇ် ၂၇၄၄ခုနှစ်မှ ၂၇၅၃ခုနှစ်အထိ တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲကို ဂုဏ်ထူးများဖြင့် ‌အောင်မြင်ခဲ့သူ ကရင်‌ကျောင်း သူ‌ကျောင်းသား ၁၀၆ဝဦးကို ဂုဏ်ပြုဆု ချီးမြှင့်နိုင်ခဲ့‌ကြောင်း ကျင်းပ‌ရေး‌ကော်မတီ၏ မှတ်တမ်းအရ သိရသည်။ ယခုနှစ်တွင် ဂုဏ်ပြုခံရသူ ‌ကျောင်းသူ‌ကျောင်းသားများမှာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ် စသည့်‌ဒေသများ ဖြစ်သည်။