Home သတင်း ပြုပြင်‌ပြောင်းလဲ‌ရေးစီမံကိန်းဆိုးကျိုး ပ‌လောင်လူထု ခံစား‌နေရဆဲ

ပြုပြင်‌ပြောင်းလဲ‌ရေးစီမံကိန်းဆိုးကျိုး ပ‌လောင်လူထု ခံစား‌နေရဆဲ

2105
‌မေလ ၂၃ရက်။ ၂၀၁၂ ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)

မြန်မာနိုင်ငံတွင် ပြုပြင်‌ပြောင်းလဲ‌ရေးများ ရှိ‌နေ‌သော်လည်း သျှမ်းပြည်နယ်‌မြောက်ပိုင်း ပ‌လောင်(တအာင်း) ‌နေထိုင်ရာ‌ဒေသရှိ ပြည်သူများ သည် ပြုပြင်‌ပြောင်းလဲ‌ရေး အကြီးစားစီမံကိန်းများ၏ ဆိုးကျိုးများကို ခံစား‌နေရဆဲ ဖြစ်‌ကြောင်း တအာင်း ‌ကျောင်းသားနှင့်လူငယ်များအစည်းအရုံး-TSYO က ယ‌နေ့ ‌ပြောကြားလိုက်သည်။

သျှမ်းပြည်နယ်ရှိ ‌ရွှေလီ‌ရေကာတာစီမံကိန်း၊ သစ်ထုတ်လုပ်‌ရေး၊ ‌ရေနံနှင့်သဘာဝဓါတ်‌ငွေပိုက်လိုင်းများ‌ကြောင့် ရရှိ‌သော ဆိုးကျိုးများမှာ စီမံကိန်း‌ဒေသများသို့ အစိုးရစစ်တပ် အင်အားများတိုးချဲ့ခြင်းဖြင့် ‌ဒေသခံများ လူ့အခွင့် အ‌ရေးချိုး‌ဖောက်ခံ‌နေရသည့် အ‌ခြေအ‌နေတို့ကို TSYO က ၎င်းတို့ အ‌ခြေစိုက်ရာ ထိုင်း-မြန်မာနယ်စပ်တစ်‌နေရာ တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ‌ကြေညာစာတမ်းထုတ်ပြန်၍ ထိုသို့ ‌ပြောဆိုလိုက်ခြင်း ဖြစ်သည်။

TSYO အ‌ထွေ‌ထွေအတွင်း‌ရေးမှူး မိုင်း‌အောင်ကိုက “အကြီးစားဖွံ့ဖြိုး‌ရေးစီမံကိန်း‌တွေ‌ကြောင့် ‌ဒေသခံ‌တွေ လူ့ အခွင့်အ‌ရေးချိုး‌ဖောက်မှု‌တွေအများကြီးခံ‌နေရတယ်။ စစ်တပ်က‌နေပြီး အပြစ်မဲ့ရွာသား‌တွေကို သတ်ပစ်တာ ရှိသလို ဒီဂတ်လိုင်း တ‌လျှောက်မှာလည်း စစ်တပ်အင်အား‌တွေ ထပ်မံတိုးချဲ့လာခြင်း‌ကြောင့် ‌ဒေသခံ‌တွေ အတွက် စိုးရိမ်စရာ‌တွေ အများကြီးရှိ‌နေပါတယ်။”ဟု ‌ပြောသည်။

အဆိုပါ ‌ကြေညာစာတမ်းကို TSYO က “ပဋိပက္ခ‌လောင်စာများ”ဟူ၍ အမည်‌ပေးထားပြီး ‌ဆောက်လုပ်‌ရေး ရင်းနှီးမြှုပ်နှံမှု‌ကြောင့် ဖြစ်‌ပေါ်လာသည့် ကျိုးဆိုးများကို ‌ထောက်ပြထားသည်။

လက်ရှိအချိန်၌ ရှမ်းပြည်နယ်‌မြောက်ပိုင်း နမ့်ခမ်းမြို့‌တောင်ဘက် ၁၇ မိုင်အကွာတွင် ‌ရွှေလီ‌ရေကာတာ ၃ ခု တည်‌ဆောက်လျှက်ရှိရာ အမှတ်(၁) ‌ရေကာတာ တည်‌ဆောက်ပြီးစီးဖြစ်‌ကြောင်း၊ ထို‌နေရာသို့ လုံခြုံ‌ရေးယူရန် အစိုးရစစ်တပ် ‌ခြေမြန်တပ်ရင်း(၁၄၄) က ‌နေရာယူလျှက်ရှိသည့်အပြင် အမှတ်(၂) ‌ရေကာတာဘက်သို့လည်း တပ်အင်အားတိုးချဲ့‌နေပြီဖြစ်‌ကြောင်း စာတမ်းထဲတွင် ‌ဖော်ပြထားသည်။

ထို့အပြင် စစ်တပ်အင်အားများ တိုးချဲ့လာသဖြင့် ရိက္ခသယ်‌ဆောင်ရာတွင် ‌ဒေသခံ တအာင်းလူထုအား ‌ပေါ်တာ အဖြစ် ဖမ်းဆီးခိုင်း‌စေခြင်း၊ စစ်သားသစ်စု‌ဆောင်းခြင်း‌နေခြင်းတို့‌ကြောင့် လူငယ်အမျိုးသားအများစုမှာ အိမ်နီး ချင်းနိုင်ငံများသို့ ထွက်‌ပြေးတိမ်း‌ရှောင်‌နေကြရသည်ဟုလည်း TSYO က ဆိုသည်။

တဆက်တည်း၌ပင် တရုတ်နိုင်ငံမှ သစ်ထုတ်လုပ်‌ရေးလုပ်ငန်းရှင်များက မြန်မာအစိုးရနှင့် လာတ်‌ပေးလာတ် ယူမှုများပြုလုပ်ကာ တအာင်းနယ်‌မြေအတွင်း တရားမဝင် သစ်ထုတ်လုပ်မှုအဖြစ် သစ်ပင်ငယ်များပါမကျန် ခုတ်လှဲခြင်း‌ကြောင့် သစ်‌တောပြုန်းတီးမှုများလည်း ဖြစ်‌ပေါ်‌နေ‌ကြောင်း TSYO ထုတ်ပြန်ချက်တွင် ပါရှိသည်။

တအာင်း‌ဒေသရှိ သစ်ထုတ်လုပ်‌ရေးစခန်းများတွင် မူးယစ်‌ဆေးဝါး သုံးစွဲမှု၊ လိင်‌ဖျော်‌ဖြေ‌ရေးလုပ်ငန်းနှင့် ‌လောင်း ကစားမှုများ ရှိ‌နေသဖြင့် ‌ဒေသခံတအာင်းလူထု အတွက် စိုးရိမ်ဖွယ်ရာ ဖြစ်သည်ဟု TSYO တွဲဖက်အတွင်း‌ရေး မှူး-၁ ‌လွေပိုးရှိန်းက ‌ပြောသည်။

TSYO တွဲဖက်အတွင်း ‌ရေးမှူး-၂ မိုင်းခြူဝ်းဒါင်းကလည်း “မြန်မာပြည်မှာ အခုဆိုရင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ မှု‌တွေကလည်း စတင်ပြီး‌တော့အများကြီးဝင် ‌ရောက်လာတယ်။ အ‌ပြောင်းအလဲဆိုတာကြီးကို အားလုံးက ‌ပြော ‌နေကြတယ်။ ‌နေပြည်‌တော်‌လောက်ပဲ အ‌ပြောင်းအလဲဆိုတာကို‌တွေ့‌နေရတယ်။ တိုင်းရင်းသား‌ဒေသ‌တွေမှာ ဘာအကျိုးခံစား ခွင့်မှမရှိဘူး။”ဟု ‌ထောက်ပြ‌ပြောဆိုသည်။

TSYO ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဌာနများမှ တအာင်း‌ဒေသရှိ အကြီးစား စီမံကိန်း‌နေရာများသို့ သွား‌ရောက်‌လေ့လာခဲ့ကာ သု‌တေသနပြုခြင်း၊ မှတ်တမ်းပြုစုခြင်း၊ ‌ဒေသခံ လူထုနှင့် ‌မေးမြန်းခြင်း ပြုလုပ်ပြီး ယခု ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ရခြင်း ဖြစ်သည်ဟုလည်း သိရသည်။

လွန်ခဲ့သည့် ၁၉၉၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်‌နေ့၌ TSYO ကို စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိ ထိုင်း-မြန်မာ နယ်စပ်တွင် အ‌ခြေချလျှက်ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။